Wednesday, July 18, 2012

မြစ်ကြီးနားမြို့၊နယ်မီးသတ်ရုံးအနီး ၊ ကြံ့/ဖွံ့ ပါတီရုံး မြေနေရာနှင့် အဆောက်အဦအား
ကျပ်သိန်းပေါင်း (၂၅၀၀၀ ) ဖြင့်ရောင်းချလိုက်ပြီး ဖြစ်ကြောင်း
 ကောလဟလ သတင်း ထွက်ပေါ်နေပါသည်။
 
  1. ပွဲစား အဖြစ် ကြံ့/ဖွံ့ ပါတီမှ ပြည်နယ်အတွင်းရေးမှုး နှင့် ပူတာအိုမြို့နယ်မှ
     ဦးဒါချန်းခင် တိုမှ ၄င်းတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း
    မြစ်ကြီးနားမြို့နယ် ကြံ့/ဖွံ့ ပါတီရုံး နှင့် မြေနေရာအား ကျပ်သိန်းပေါင်း (၂၅၀၀၀ )
    ဖြင့်ရောင်းချမှုမှာ ယခုပေါက်ဈေး နှင့် လုံးဝ မကိုက်ညီကြောင်း၊ တစ်ဦး တစ်ယောက်၏
     အကျိုး စီးပွား အရ ရောင်းချသွားသည်မှာ ထင်ရှားနေကြောင်း၊ ၄င်းနေရာသည်
    ယခုပေါက်ဈေး အရ သိန်းပေါင်း (၆၀၀၀၀) ကျော် ရောင်းလျှင်ရ ရှိနိုင်ကြောင်း၊
     မြို့လယ်ခေါင်မှ ယခုလိုနေရာမျိုးမှာ ရရှိဖို့ရန်အလွန်ခက်ခဲကြောင်း နှင့်
    အများပြည်သူများ အံ့သြလျက်ရှိကြောင်း          ကချင်ပြည်နယ်ကြံ့/ဖွံ့ ပါတီ
     သည်   ပြည်သူပါတီလား..?     ရ၀မ်လူမျိုး ပါတီလား.. ?   ဟု ပြည်သူများ
     ပြောဆိုနေလျက်ရှိကြောင်း 
                                                                                     
news image

KIAတပ်ရင်းမှူး -အရာရှိတစ်ဦးအား.....

17-7-2012                                                                         Ayar:ဧရာ

မြစ်ကြီးနားမြို့နယ်  ဟိုကပ်ကျေးရွာရှိ ကိုသောင်းအေး စားသောက်ဆိုင်၌ KIA
ရင်း-၅ မှ တပိရင်မှူး အဆင့်ရှိ ခွန်ဆိုင်း ရင်း- ၁၁ ၊ တပ်ခွဲ-၁ မှ  ဗိုလ်ကြီးအဆင့်
ဆင်ယော်တို့ ဘီယာသောက်နေစဉ် ခလရ-၃၇ တပ်နှင့် တာလောကြီးကျေးရွာမှ ပြည်သူ့စစ်
အဖွဲ့တို့ပူးပေါင်းပြီး ညနေ ၃း၅၀ နာရီ အချိန်ခန့်တွင် လက်ရ ဖမ်းဆီးမိသွားကြောင်း
         ဟိုကပ်ကျေးရွာအနီး ဒိုင်လွန်းတွင် KIA နှင့် တပ်မတော် တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း
သတင်းရရှိသည်။
                   
Ayar:ဧရာ

ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ်
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဟာ One More၊ နှောင်ကြိုးမဲ့ ကွန်ရက်၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း စတဲ့ ကူညီရေး အဖွဲ့အစည်း (၆) ခုကို ဦးဆောင်ပြီး ဇူလိုင်လ (၄) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မိုးတွင်းကာလ ဖြစ်တာမို့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးပြီး အကူအညီ လိုအပ်ချက်တွေ ပိုများပြားလာတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ အစာရေစာ မလုံလောက်တဲ့အတွက် သွေးအားနည်းရောဂါ၊ အူရောင်ငန်းဖျား ရောဂါနဲ့ ၀မ်းရောဂါ ဖြစ်ပွားမှုရှိပြီး ကလေးငယ်တွေအတွက် ပညာသင်ကြားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ အင်မတန် လိုအပ်နေတယ်လို့လည်း ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
ဒါ့ပြင် အစိုးရ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထက် အခြေအနေ ပိုမိုဆိုးဝါးပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ အဲဒီစခန်းတွေကို သွားရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဦးဆောင် သွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်း (၆) ခုကတော့ ဖုံလုံရန်၊ ဂျေရန်၊ ၀ိုင်ကြိုင်၊ အင်ခေါင်းပါ၊ ပါကထောင်၊ လာယိန်းတို့ ဖြစ်ပြီး၊ အဲဒီ စခန်းတွေမှာ ဒုက္ခသည်စုစုပေါင်း (၂) သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။
15.KIA တပ်မဟာ(၄) နယ်မြေတွင်း အစိုးရတပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်
news image

KIA တပ်မဟာ(၄) နယ်မြေတွင်း အစိုးရတပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄)အခြေစိုက် ရှမ်းပြည်မြောက်ပိုင်း နမ်ဆန်ဘွမ် မန်ဂျတ် (Man Jak)တွင် KIA တပ်ရင်း (၃၄) နှင့် မြန်မာအစိုးရတပ်ပေါင်းစုတို့ ယနေ့ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
မြန်မာအစိုးရတပ်ပေါင်းစု ခမရ (၅၂၁)၊ ခမရ (၅၁၂)၊ ခလရ (၁၁၄)၊ ခလရ (၁၁၆) စုပေါင်းအင်အား ၁၀၀ ကျော်သည် KIA တပ်ရင်း (၃၄) ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာအစိုးရတပ်မှ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကြောင်း KIA ဖက်မှပြောသည်။
KIA ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာမရှိကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
“အဲဒီမှာ KIA လည်းရှိတယ်။ အစိုးရတပ်တွေလည်းရှိတယ်။ လမ်းမှာတွေ့လို့ ပစ်ကြတာ။ သေဆုံးမှုမရှိတာက ကိုယ့်စွမ်းအားလို့ပြောရမှာပေါ့။ ဘုရားသခင်လည်း ကျနော်တို့ကို ကာကွယ်ပေးတယ်။ ဘုရားကူညီလို့ဖြစ်တယ်” ဟု ပြောသည်။
ထို့အတူ ယနေ့ နံနက်ပိုင်းတွင် KIA ဘွမ်ဆောန်ဘွမ်တပ်စခန်းတွင်လည်း မြန်မာအစိုးရတပ်နှင့် KIA တပ်ဖွဲ့များ မိနစ် ၃၀ ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုတွင် နှစ်ဖက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုကို အတိအကျမသိရှိရသေးကြောင်း လိုင်ဇာအုပ်ချုပ်ရေးမှူး ဒူကဘား ဂရန်နော်အောန် ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုဒေသအနီး မန်မော (Man Mau)တွင် ဇူလိုင် ၁၅ ရက် နေ့က မြန်မာအစိုးရ တပ်မ (၉၉)နှင့် KIA တပ်မဟာ (၄) တို့ အချိန်တို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့သည်။
KIA တပ်များရှိရာ နေရာဒေသတိုင်းတွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ပြောသည်။
မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO အား ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးရန် ဗန်းမော်နှင့် မူဆယ်တွင် ပြောဆိုခဲ့ရာ အစိုးရထိန်းချုပ်နယ်မြေတွင် တွေ့ဆုံမှုမလုပ်ကြောင်း ငြင်းဆိုခဲ့သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ထိပ်ပိုင်းအရာရှိများနှင့် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများသည် ဆက်လက်၍ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်နေပြီး တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။
16.အစိုးရ၏ တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ် အပေါ် သံသယဖြင့် KIA တုန့်ပြန်
news image

news image

အစိုးရ၏ တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ် အပေါ် သံသယဖြင့် KIA တုန့်ပြန်
by အဲာပိုန်
တွေ့ဆုံ ဆွေးနွေးရေး အတွက် ညှိနှိုင်းရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ အရေးတကြီး စေလွှတ် လိုက်သော ငြိမ်းချမ်းရေး အကျိုးဆောင် များ၏ ခရီးစဉ်အပေါ် KIO ဖက်မှ သံသယဖြစ် မိသည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။
“ ကျနော်တို့နဲ့ ဦးအောင်မင်း ရုံးနဲ့က တိုက်ရိုက် အဆက်အသွယ်တွေ ရှိကြတယ်။ ဒီလို ရှိရက်သားနဲ့ ဘာကြောင့် အကျိုးတော်ဆောင် တွေကို လွှတ်လာဖို့ လိုအပ် နေသေးလဲ။ အဲဒါ ကျနော်တို့ စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တာပေါ့။ အခုလာတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တွေကလည်း နောက်ဆွေးနွေးပွဲ အတွက် တွေ့မဲ့နေရာ အချိန်တွေ ကို ညျိနှိုင်းဖို့ လာတာပါ ဘဲလေ။ ပြီးတော့ သူတို့ထဲမှာ စာတစောင်တော့ ပါတယ် ဘာရေးထားလဲ တော့မသိပါဘူး။ ဘာဘဲဖြစ်ဖြစ် ဒီလောက်နဲ့ဘဲ ဆိုရင်တော့ ဖုန်းဆက် လိုက်ပေါ့။ ဒါကြောင့် စဉ်းစားစရာတွေ ဖြစ်သွားခဲ့တာပါ”ဟု ဆိုပါသည်။
ဤကဲ့သို့ KIOမှ သံသယ ဖြစ်နေသော်လည်း အစိုးရ အကျိုးတော်ဆောင် များအား လက်ခံပြီး နောက်ထပ်ဆွေး နွေးပွဲ အစီစဉ်အတွက် အကြံပြုချက်များ ဆွေးနွေး ခဲ့ကြပါသည်။ ထိုအထဲ၌ လာမည့်ဆွေးနွေး၌ အပစ်အခတ် ရပ်စဲရေးကိစ္စကို လက်မှတ် ရေးထိုးနိုင်ရန်နှင့် ဒုက္ခသည် များအား နေရပ်ရင်း ပြန်ပို့ရေးကိစ္စကို ဆွေးနွေးကြရန် လိုမည်ဟု အကျိုးတော်ဆောင်များက အဆိုပြုခဲ့ပါသည်။ ထို့အပြင် ဆွေးနွေးပွဲ ကျင်းပမည့် နေရာနှင့် အချိန်တို့ ကိုလည်း ညှိနှိုင်း ခဲ့သော်လည်း ထုတ်ပြန်ခြင်း မရှိပေ။
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဖက်မှလည်း၊ ဆွေးနွေးပွဲများ၊ ဆက်လုပ်ရန် သဘောတူသည်၊ သို့သော် တိုက်ပွဲများ ယနေ့အချိန်ထိ ဖြစ်နေသောကြောင့် အစိုးရတပ်များ နောက်ဆုတ်ခြင်းမရှိပါက အပစ်အခတ် ရပ်စဲ ရေး လက်မှတ် ရေးထိုးရန် အခက်အခဲ ဖြစ်နေမည် ဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ဟု ဆိုပါသည်။
“အပစ်အခတ် ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေး ရပြီးလို့ အစိုးရဘက်က သထောထား နေတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီအပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး ဆိုတာ ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ အပစ်အခတ် ရပ်စဲခဲ့ဘူးတဲ့ (၁၇) နှစ်တိုင်တိုင်ကသက် သေတွေပြခဲ့ပြီး ဖြစ်ပါတယ်” ဟု KIA မှ ပြောရေးဆိုခွင့်ရှိသူ ဆလန်ကပလနန် (ဦးလာ နန်း)ကပြောပါသည်။
KIA နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းးချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် (၅) ကြိမ် တိုင်အောင် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ယနေ့အထိ အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ် မရေးထိုး နိုင်ခဲ့သေးပေ။ အကြောင်းမှာ အစိုးရသည်၊ အပစ်အခတ် ရပ်စဲရေးကို အသုံးချပြီး အမြတ်ထုတ် သွားမည်ကို သံသယဖြစ်နေ ကြပါသည်။
ယခုလည်း ပြည်ထောင်စု ငြိမ်းးချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုက်ရိုက် အဆက်အသွယ်ရှိ လျှက်နှင့် ကြားလူ သုံးသွားသည့် အပေါ် ရိုးသားမှုရှိမရှိ ဆန်းစစ် နေခြင်းဖြစ်သလို ရှေ့ဆက် ဆွေးနွေးပွဲ အတွက် လည်း အကျိုးရှိရန် KIO မှဆောင်ရွက် နေခြင်းဖြစ်သည်ဟု အကြောင်းပြ ခဲ့ပါသည်။

နည်းလမ်းသစ်ဖြင့် ကချင်ဒုက္ခသည်များကို UNHCR က ကူညီမည်
ပြည်တွင်း ကချင် စစ်ပြေး ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီ ပေးရမည့် နည်းလမ်းသစ်ကို UNHCR က KIO နှင့် မကြာခင်က ထိုင်းနိုင်ငံ မြို့ ကြီး တခုတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု KIO အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာ လဂျာမှ ပြောပါသည်။
“ကျွန်တော်တို့မှာ ရှိတဲ့ (IDPs) ဒုက္ခသည်တွေနဲ့ စစ်ပြေး ဒုက္ခသည် တွေရဲ့ အခြေအနေကို သူတို့က သိချင်တယ်၊ ပြီးတော့ ဘယ်လို အကူအညီ ပေးရမလဲ ဆိုတဲ့ နည်းလမ်းသစ်တွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့တယ်။ အဓိကကတော့ အဲဒီ ဒုက္ခသည်တွေဆီကို အကူအညီတွေ ရောက်အောင် ဘယ်လို ချဉ်းကပ်ပြီး သွားရမယ် ဆိုတာကို ဆွေးနွေးကြပါတယ်၊ Access Root ဝင်ရောက်မှု လမ်းကြောင်းကိုလည်း ဆွေးနွေးကြ ပါတယ်” ဟုဆိုပါသည်။
ဆွေးနွေးပွဲသို့ UNHCR မှ အာရှ ဖစိဖိတ်ဗျူရို ဒါရိုက်တာ Mr. Kasidis Rochanakorn၊ ဒေသန္တရ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ ဌာနေကိုယ် စားလှယ်တို့ ပါဝင်သည့် ကိုယ်စားလှယ် (၅) ဦးပါ အဖွဲ့နှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။
UNHCR သည် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ ကချင် ဒုက္ခသည်များအား မြန်မာနိုင်ငံပြည်တွင်း လမ်းကြောင်းမှတဆင့်အ ကူအညီများ ပို့ခဲ့သော်လည်း အချိန်ကြံ့ကြာသည့် အပြင် တကြိမ်ပေးပို့မှုသည် ဒုက္ခသည်များ အားလုံး၏ တစ်လစာသာ ပေးပို့နိုင်ခဲ့သည့် အ တွက် ထိရောက်မှု မရှိကြောင်း UNHCR ၏ အကူအညီပေးရေး ကော်မတီမှ ပြောပါသည်။
UNHCR သည် ဤကဲ့သို့ အစိုးရ၏ အကူအညီဖြင့် ပြည်တွင်း လမ်းကြောင်းမှ တဆင့် အကူအညီ ပေးဖို့မှုများ အဆင်မပြေခြင်းကြောင့် ယခုကဲ့ သို့ KIA ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါသည်။ ယခုလာရောက် ဆွေးနွေးမှုမှ ရရှိသော အချက်အလက်များအား ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA ၊ ကုလ ပညာရေးနှင့် ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF ၊ ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ တိုက်ရိုက် အစီရင်ခံမည် ဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့မှ ပြောသည်ဟု ဒေါက်တာ လဂျာက ဆိုပါသည်။
မြန်မာ အစိုးရသည် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို ယမာန်နေ့က စေလွှတ်ပြီး ကချင် ဒုက္ခသည်များ နေရပ်ရင်း ပြန်ပို့ရေးနှင့် အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးရန် နေ့ရက် အချိန်နေရာများကို သတ်မှတ်ရေး လာရောက် တွန်းအားပေး ခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောကြား ခဲ့ပါသည်။
ဤသို့ကြောင့် အပစ်အခတ် ရပ်စဲရေး မရရှိသေးသည့် အတွက် UNHCR သည် ကချင် ဒုက္ခသည် များအတွက် တရုပ်ပြည် နယ်စပ်မှ တဆင့် အကူအညီများပေး ပို့နိုင်ရန် ကြိုးစားသွားမည်ဟု UNHCR အရာရှိများက ပြောကြောင်း ဒေါက်တာက ဆိုပါသည်။ သို့သော်လည်း UNHCR ဘန်ကောက်ရုံးမှ ပြောခွင့်ရှိသူ မစ္စကစ်တီက ၄င်းတို့သည် KIA ကိုယ်စားလှယ်နှင့် တွေ့ဆုံမှု မရှိခဲ့ကြောင်း ငြင်းဆို ခဲ့ပါသည်။
KIA သည် ဒုက္ခသည် ခြောက်သောင်းကျော်ကို စခန်းပေါင်း ၆၀ ခန့်တွင် နေရာ ချထားပါသည်။ ထို့အပြင် တရုပ်ပြည်ဖက်၌ ရောက်နေသော ဒုက္ခသည် ၆၀၀၀ နီးပါးကို ထွက်ခွာပေးရန် တရုတ် အစိုးရဘက်က ဖိအားပေးခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့၌လည်း ဆီဒိုးနား ဟိုတယ် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres မှ " UNHCR သည် ပြည်နယ် (၇) ခုရှိ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့၏ အပစ်အခတ် ရပ်စဲရေးမှ တိုးတက် ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုများကို အကူအညီ ပေးသွားမည်ဖြစ်သည်ဟု ဆိုပါသည်။

ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း ဥပဒေမူကြမ်း ရေးဆွဲပြီး
ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း၏ ဥပဒေမူကြမ်း ပထမအဆင့် ရေးဆွဲပြီးဖြစ်ကြောင်း ကျောက်မြတ်ရတနာကုန်သည်များ မြစ်ကြီးနားအသင်းမှ သိရသည်။
news image
၎င်းကျောက်မြတ်ရတနာ ဥပဒေမူကြမ်းအား အစိုးရဌာနအသီးသီးမှ ပညာရှင်များ ပူးပေါင်းပါဝင် ဆွေးနွေးခဲ့၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
“ညှိနှိုင်းကြ၊ ငြင်းခုန်ကြ၊ အပြန်အလှန်ဆွေးနွေးကြနဲ့ ကျွန်တော်တို့ တော်တော် အောင်မြင်နေပါပြီ။ ဥပဒေမူကြမ်းအဆင့် ပထမအဆင့် ရေးဆွဲပြီးသွားပါပြီ။ အကုန်ဝိုင်း ရေးဆွဲထားတာဆိုတော့ ဥပဒေမူကြမ်းက ကျစ်လစ်တယ်၊ ခိုင်မာတယ်၊ ပြည့်စုံတယ်” ဟု ကျောက်မြတ်ရတနာ ကုန်သည်များ မြစ်ကြီးနားအသင်းမှ အတွင်းရေးမှူးက ပြောသည်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြစ်ကြီးနားတက္ကသိုလ်မှ ဥပဒေ ပညာရှင် ဒေါက်တာ ဒေါ်ရီရီဝင်း၊ ဥပဒေဌာနမှ ဥပဒေပညာရှင်၊ တရားရေးမှ ဥပဒေ ပညာရှင်၊ ရှေ့နေရုံးမှ ဥပဒေပညာရှင်များနှင့် ပြည်နယ်အဆင့် သတ္တုတွင်းဝန်ကြီး၊ ကျောက်မြတ်ရတနာကုန်သည်များ မြစ်ကြီးနားအသင်းတို့ ဇွန်လမှ ဇူလိုင်လဆန်းထိ တနင်္လာနေ့တိုင်း စည်းဝေးဆွေးနွေးခဲ့ပြီး ဥပဒေမူကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံမူကြမ်းမှ ကျောက်မြတ်ရတနာ ဥပဒေအား အခြေခံယူထားပြီး ကချင်ပြည်နယ် ကျောက်မြတ်ရတနာကုန်သည်များအဖွဲ့၏ အနေအထားနှင့် ကိုက်ညီမည့် အကောင်းဆုံး ဥပဒေအား ရေးဆွဲထားကြောင်း သိရသည်။
အဆိုပါ ကျောက်မြတ်ရတနာ ဥပဒေမူကြမ်း ပထမအဆင့်တွင် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် ဥပဒေပြဌာန်းခွင့်၊ အခွန်ကိစ္စ၊ ကျောက်ရောင်းဝယ်ဖောက်ကားရေးတွင် ဥပဒေနှင့်အညီ လုပ်ကိုင်ရန်၊ ကျောက်ဖြတ်၊ ကျောက်သွေးခြင်းလုပ်ငန်းတွင်လည်း အခွင့်မရဘဲ လုပ်ကိုင်မှုမပြုလုပ်ရန် စသည့် ဥပဒေမူကြမ်းပါ ရေးဆွဲထားခြင်းဖြစ်သည်။
ကျောက်မြတ်ရတနာ ဥပဒေမူကြမ်း ပထမ အဆင့်အား ပြည်နယ်အစိုးရထံ တင်ပြပြီး ပြည်ထောင်စုအစိုးရ အဆင့်ထိ တင်ပြကာ အတည်ပြုချက်ရလျှင်မူ နည်းဥပဒေများပါ ပြန်လည် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ကျောက်မြတ်ရတနာ မြစ်ကြီးနား အသင်းမှလည်း ကျောက်မြတ်ရတနာ ပြပွဲကျင်းပရန် မြေသားညှိမှု ၁၀၀% နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်း အသင်းမှ ဆိုသည်။

အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်
by လဖိုင်
ဦးဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် ကချင်စစ်ပြေး ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။
news image
စစ်ပြေး ဒုက္ခသည်များသည် ဒုက္ခသည်စခန်းများထက် ပိုမို လုံခြုံနိုင်မည့် နေရပ်ကို ရှာဖွေလိုနေကြသဖြင့် စခန်း တာဝန်ရှိသူများက ဖျောင်းဖျ ပြောဆိုနေရကြောင်း ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ စခန်းထဲမှာ ဦးဘရန်ရှောင်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ခြောက်ခြားကုန်ကြပြီ။ အခုဖြစ်သွားတဲ့ အပေါ်မှာ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ ဒုက္ခသည်တွေကို ကာကွယ်မပေးနိုင် တော့ဘူးလို့လည်း ခံစားနေရတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ကြီးနား ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စုသည်လည်း လိုင်ဇာမြို့အနီးမှ ဂျဲယန် ဒုက္ခသည် စခန်းသို့ ၄ ရက်အကြာ လမ်းလျှောက် ထွက်ပြေးလာကြောင်း စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာ့ က ပြောသည်။
အဆိုပါ မိသားစုဝင်များသည် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်အား KIA အမည်တပ်ကာ နှိပ်စက် ၀န်ခံခိုင်းသည့် သတင်းများ ကြားရသဖြင့် ထိတ်လန့်ပြီး ထွက်ပြေးလာကြသည်ဟု သူက ဆိုသည်။
ကျွန်းပြင်သာ ဒုက္ခသည် စခန်းတွင် ဇွန်လ ၁၇ ရက်နေ့ ညက ရဲ၊ စရဖနှင့် ရပ်ကွက် လူကြီးများက လူစာရင်း လာရောက် စစ်ဆေးခဲ့ကြောင်း၊ ယခု ထွက်ပြေးလာသည့် မိသားစု တစုမှ အိမ်ထောင်ဦးစီး ဖြစ်သူ၏ မှတ်ပုံတင်ပါ အမည်နှင့် စခန်းတွင် ပေးသွင်းထားသည့် အမည် ကွဲလွဲနေသဖြင်း စခန်းပြင်ပသို့ ထွက်ခွာခွင့် မပြုတော့ပဲ နေစေခဲ့ကြောင်း သိရသည်။
“စခန်းမှာ စာရင်းပေးတော့ အိမ်နာမည်ပဲ ပေးထားတာ၊ မှတ်ပုံတင်က နာမည်ပေးရမယ်လို့လည်း မပြောတော့ မသိဘဲနဲ့ နေခဲ့မိတာ။ ဒါနဲ့ပဲ လာစစ်တဲ့သူတွေက ရှေ့ကနေ၊ ဘေးကနေ ဓာတ်ပုံတွေ အများကြီး ရိုက်သွားပြီး ဘယ်မှ မသွားဘဲ နေဖို့ ပြောခဲ့တယ်” ဟု အဆိုပါ အိမ်ထောင်ဦးစီး၏ ဇနီးက ဆိုသည်။
ထွက်ပြေးလာသည့် မိသားစု ၄ စုသည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ကတည်းက မြစ်ကြီးနားသို့ လာရောက် ခိုလှုံကြသူများ ဖြစ်သည်။
“ကျမတို့ ထွက်ပြေးလာတဲ့သူတွေ အားလုံး KIA နဲ့ ဘာမှ မပတ်သက်ပါဘူး” ဟု ထွက်ပြေးလာသည့် မိသားစုများထဲမှ အိမ်ရှင်မ တဦးက ပြောသည်။
ဂျန်မိုင်ကောင် စခန်းမှ ဦးဘရန်ရှောင်ကို ဖမ်းဆီး နှိပ်စက် ၀န်ခံခိုင်းသည့် သတင်းများသည် တဆင့်စကား တဆင့် တခြား ဒုက္ခသည် စခန်းများသို့ ရောက်လာခဲ့သည့်နောက်တွင် ဒုက္ခသည်များသည် ၎င်းတို့ နေထိုင်ရာစခန်းများမှ ထွက်ပြေးရန် စီစဉ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်စခန်းကို တာဝန်ခံထားသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ကလည်း ဒုက္ခသည်များ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး တိကျပြတ်သားသည့် အာမခံချက် မပေးနိုင်ကြောင်း ထွက်ပြေးလာသူ ဒုက္ခသည် တဦးက ဆိုသည်။
“ကျမ ယောက်ျား အနှိပ်စက်ခံရလို့ ဒုက္ခိတဖြစ်သွားရင် ကျမတို့ကို ဘယ်သူ လုပ်ကျွေးမှာလဲ။ ကလေးတွေကလည်း ငယ်သေးတယ်၊ ဒီမှာ ကြောက်ကြောက်လန့်လန့်နဲ့ နေရတာထက် စာရင်တော့ ဟိုမှာ ပိုလွတ်လပ်မယ် ဆိုပြီး မိသားစု ၄ စု တိုင်ပင်ပြီး ထွက်လာခဲ့ကြတာ” ဟု ၎င်းက ပြောသည်။
ထွက်ပြေးလာသည့် အိမ်ထောင်စု ၄ စု စလုံးတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ ရှိကြပြီး ကလေးငယ်များ မှာလည်း အစိုးရကျောင်း တက်ရောက်နေကြဆဲ ဖြစ်သည်။
အဆိုပါ အိမ်ထောင်စု ၄ စုသည် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အ၀တ်တထည် ကိုယ်တခုနှင့် ထွက်ခဲ့ပြီး တောထဲတွင် ၃ ညအိပ်ကာ ၄ ရက်ခရီး လမ်းလျှောက်ခဲ့ကြကြောင်း၊ ဇွန် ၂၅ ရက်နေ့တွင် ဂျဲယန် ဒုက္ခသည်စခန်းသို့ ရောက်ခဲ့ကြောင်း၊ ထွက်ပြေးလာစဉ် အခင်းများ သယ်ဆောင်လာနိုင်ခြင်း မရှိသဖြင့် လက်ရှိတွင် ၀ါးကြမ်းခင်းပေါ်၌ အိပ်စက်နေရကြောင်း သိရသည်။
“သူတို့ကိုလည်း တခြားလူတွေလိုပဲ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပြီး နေရာချထား ပေးပါတယ်” ဟု ဂျဲယန်စခန်းမှ တာဝန်ရှိသူက ပြောပြသည်။
နောင်တွင် ဒုက္ခသည်များ ထိုကဲ့သို့ ထွက်ပြေးသွားခြင်း မပြုစေရန် အကာအကွယ် ပေးမှု တစုံတရာ မရှိကြောင်း၊ ပြည်နယ် ၀န်ကြီးချုပ်က နောက်နောင်တွင် ၀င်ရောက် ဖမ်းဆီးခြင်းမပြုရန် နှုတ်ဖြင့်သာ ပြောခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးခလမ်ဆမ်ဆွန်က ဆိုသည်။
“နောက်လူတွေ ထပ်မပြေးဘူးလို့ မပြောနိုင်ဘူး။ ဒါကတော့ အခု ဦးဘရန်ရှောင်ရဲ့ တရားရုံး ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတယ်။ ဒုက္ခသည်တွေ ကတော့ မလုံခြုံတော့ဘူးလို့ ခံစားနေကြရပါပြီ” ဟု ၎င်းက ဆက်ပြောသည်။
KIA အဖြစ် စွပ်စွဲကာ ဖမ်းဆီးနိုပ်စက်ခြင်း ခံထားရသည့် ဦးဘရန်ရှောင်ကို ယနေ့ ဒုတိယ အကြိမ် ရုံးထုတ် စစ်ဆေးလျှက် ရှိသော်လည်း တရားရုံး၏ အဖြေကို ဧရာဝတီက စုံစမ်း၍ မရသေးပေ။
နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် မှီတင်းနေထိုင်ကြသော ဒုက္ခသည်များ ကြောက်ရွံ့မှုများ ဖုံးလွှမ်း နေခြင်းမှ ကာကွယ်ပေးရန်နှင့် KIA အရာရှိအဖြစ်နှင့် ဖောက်ခွဲ့မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ တရားစွဲဆိုခံထားရသော ဦးဘရန်ရှောင် ကိစ္စကို အမှန်တရားဘက်မှ ရပ်တည်ကာ ကင်းလွတ်ခွင့်ပေးရန် သမ္မတဦးသိန်းစိန်ထံ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ယခုလ ၁၂ ရက်နေ့တွင် စာဖြင့် တင်ပြ တောင်းဆိုထားကြောင်း သိရသည်။
7.တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့
တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့
by နန်းဆိုင်နွမ်
တရုတ်ပြည်အတွင်းမှ ဖယ်ရှားခိုင်းထားသော ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုတွင် ယခုအခါ ပြန်လည်နေထိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
news image
အဆိုပါ စခန်း ၂ ခုကို ဇူလိုင် ၇ ရက်နေ့တွင် အပြီး ဖယ်ရှားခိုင်းထား သော်လည်း ကချင်စစ်ပြေး ဒုက္ခသည်များက တရုတ်ပြည်တွင် အေးချမ်းစွာနှင့် တရုတ်အစိုးရ၏ ဆန္ဒအတိုင်း နေထိုင်သွားမည်ဖြစ်ကြောင်း စုပေါင်း အသနားခံသဖြင့် ပြန်လည် နေထိုင်ခွင့် ရခဲ့ကြောင်း ရမ်လူးစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
“အခုတော့ ငြိမ်းချမ်းရေးရတဲ့အထိ နေပါလို့ ပြန်ပြောတယ်။ ဒါပေမယ့် စခန်းထဲက အိမ်တွေကို ပြန်ပြင်ခိုင်းတယ်။ ခေါင်မိုး နည်းနည်း ပြန်မြှင့်ခိုင်းတာပေါ့။ ပြီးတော ထမင်းချက်တဲ့ နေရာကို သီးသန့် ထားဖို့၊ မီးသတိပြုဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ပြည်တွင်းမှ ဒုက္ခသည် စခန်းများသည် ၎င်းတို့၏ နေရပ် ဒေသ မဟုတ်သဖြင့် နေထိုင်ချင်စိတ် မရှိကြောင်း၊ မိမိဌာနေကို အမြန် ပြန်ချင်သော်လည်း စစ်ကို ကြောက်ခြင်းကြောင့် တိုင်းတပါးနယ်မြေတွင် မှီခိုနေရသည့် ဒုက္ခသာရှိကြောင်း တရုတ် ပြည်၏ ပြောဆိုမှုကို ခံရပြီး အသနာခံကာ နေထိုင်ဖို့ တောင်းဆိုနေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုသည်။
“ကျနော့် အနေနဲ့ကတော့ ကိုယ့်နေရပ်ကို ပြန်ချင်တယ်။ ဒါပေမယ့် ပြန်ရင် ကျနော်တို့ စိတ်မချဘူး။ မြေမြှုပ်မိုင်းတွေ ကလည်း ရှိတယ်လေ။ ငြိမ်းချမ်းရေး ရရင်တော့ စိတ်ချပါ၊ ပြန်ပါ့မယ်လို့ တရုတ်ပြည်က သက်ဆိုင်ရာကို ပြောထားပါတယ်” ဟု လောင်ဖိုင်း စခန်းမှ တာဝန်ရှိသူက ဆိုသည်။
ယခုကာလသည် မိုးရာသီ ဖြစ်နေသဖြင့် စခန်း ပြောင်းရွှေ့ရမည့်အရေး အခက်အခဲ ရှိနေကြောင်း၊ စခန်းပြန်လည် တည်ဆောက်ရေး မှာလည်း မလွယ်ကူကြောင်း၊ ထိုသို့ ပြောင်းရွှေ့ရမည့် အရေးနှင့် ပတ်သက်၍ စစ်ပြေးဒုက္ခသည်များ စိတ်ဒဏ်ရာ ရမည်ကို စခန်း တာဝန်ခံများက စိုးရိမ်နေကြကြောင်း သိရသည်။
စစ်ပြေးဒုက္ခသည်များ နေထိုင်သည့် အခန်းတခန်းလျှင် ၈ ပေ ပတ်လည်သာ ရှိသော်လည်း မိသားစုဝင် ၆ ဦး၊ ၇ ဦးခန့် နေထိုင်ရကြောင်း သိရသည်။
တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများသည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာ ဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။
ရန်လူးစခန်းတွင် လူဦးရေ ၁၄၀၀ ကျော်နေထိုင်ပြီး လောင်ဖိုင်း စခန်းတွင် လူဦးရေ ၇၀၀ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO) တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင် ကြသေးချေ။
8.ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့် မပြု
ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့် မပြု
by ဖနိဒါ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲကာ တရားရင်ဆိုင်နေရသော ဦးလထော်ဘရန်ရှောင်၏ အမှုအား ကြားနာစစ်ဆေးသည့် တနင်္လာနေ့ တရားခွင်သို့ တရားသူကြီး ဦးမြင့်ထူးက အများပြည်သူများအား နားထောင်ခွင့် မပြုခဲ့ကြောင်း ရုံးချိန်းတွင် သွားရောက်လေ့လာခဲ့သူ တဦးက ပြောသည်။
ယနေ့ရုံးချိန်းတွင် တရားလို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့-စရဖ ဗိုလ်ကြီး ကျော်စွာလင်းအား စစ်ဆေးခဲ့ခြင်း ဖြစ်သော် လည်း တရားခွင်သို့ ဦးဘရန်ရှောင်၏ ရှေ့နေဦးမာခါး၊ ဥပဒေအရာရှိနှင့် တရားလိုတို့သာ ဝင်ခွင့်ရပြီး တခြား မည်သူ့ကိုမျှ နားထောင်ခွင့် မပြုခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့က တယောက်မှ မဝင်ခိုင်းဘူး။ ရှေ့နေရော၊ တရားလိုရော၊ ဥပဒေအရာရှိရော သုံးယောက်ပဲ အဝင်ခိုင်းတယ်။ ရှေ့နေရဲ့ မှတ်တမ်းတင်ရေးပေးဖို့ လူလည်း မဝင်ခိုင်းဘူး။ ရှေ့နေ စစ်ဆေးပြီးတော့ ဘာမှ ရေးမှတ်လို့ မရဘူး။ သူတို့ ရေးမှတ်ထားတာပဲ ယူရမယ်။ အရင်တခေါက်တော့ ရှေ့နေရဲ့ မှတ်တမ်းရေးမယ့်လူလည်း ပါတယ်” ဟု တရားရုံးသို့ လိုက်ပါခဲ့သူ တဦးက ပြောသည်။
ယခင် ရုံးချိန်းမှ စစ်ဆေးချက်များကို ကချင်ဘလော့တခုဖြစ်သည့် Jinghpaw kasa စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ယူဆသည်။
“သူတို့ပြောတာက jinghpaw kasa မှာ တရားစစ်ဆေးတာ အကုန်လုံး ပါလာလို့ တမင်လုပ်တာ” ဟု ဆိုသည်။
တရားလို ဗိုလ်ကြီးကျော်စွာလင်း က ဦးဘရန်ရှောင်သည် ၂၀၀၄ ခုနှစ်လယ်မှ ၂၀၁၁ ခုနှစ်ထိ KIO ဝန်ထမ်းတဦးဖြစ်ပြီး တရုတ်နိုင်ငံသို့ လက်နက်များ သယ်ဆောင်ခြင်းနှင့် KIO အရာရှိ ဦးလဂျောင်ခေါင်လွမ်း၏ လုံခြုံရေး တာဝန်ယူခဲ့သူ ဖြစ် ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။
ဇူလိုင်လ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် တရားလိုသက်သေ ဒုစရိုက်နိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် အောင်မြသန်း က ဦးဘရန်ရှောင်သည် ဗုံးဖောက်ခွဲမှုနှင့် မသက်ဆိုင်သော်လည်း KIO ဘက်မှ တပ်ကြပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့ ပြီး တရုတ်နိုင်ငံထိ လက်နက်များ သယ်ယူခဲ့ဖူးသည်ဟု ထွက်ဆိုသွားခဲ့သည်။
ယနေ့ အမှုစစ်ဆေးမှုကို မွန်လွဲ ၁၂ နာရီမှ ညနေ ၅ နာရီခန့်ထိ ကြာမြင့်ခဲ့သည်ဟု သိရသည်။
ဇွန်လ ၁၇ ရက်နေ့က ဦးဘရန်ရှောင်ကို အမှတ် (၁) ရဲစခန်းမှ ဒု-ရဲအုပ် ကျော်မျိုးနိုင် ဖမ်းဆီးခဲ့ပြီးနောက် စရဖ လက်ထဲ လွှဲပြောင်းခဲ့သည်။ ထို့နောက် KIO ဝန်ထမ်းဖြစ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ဆိုခံထားရသည်။
ဇူလိုင်လ ၁၂ ရက်နေ့က ဦးဘရန်ရှောင်အား တရားစွဲဆိုထားမှုမှ ကင်းလွှတ်ခွင့်ပြုပါရန်နှင့် တရားစွဲဆိုခြင်းမှ ရပ်တန့်ပေး ပါရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC တွင် ပါဝင်သော အသင်းတော်ပေါင်း ၃၈၀ က စစ်မှန်၍ တရားမျှတသော တရားစီရင် ဆုံးဖြတ်မှုကို လိုလားကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ခဲ့သည်။
ဦးဘရန်ရှောင် KIO ဝန်ထမ်းမဟုတ်မှန်း သိသော်လည်း သူ့ကို ညှင်းပန်းနှိပ်စက်မှုများ ရှိနေသဖြင့် လွှတ်ပေးပါက ပြဿနာ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ အာဏာပိုင်များက ထောင်ချလိုခြင်း ဖြစ်နိုင်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်က သုံးသပ်သည်။
“သူတို့ အရမ်းနှိပ်စက်ထားတော့ အပြင်ရောက်ရင် ပြဿနာ ပြန်ဖြစ်မှာ စိုးရိမ်လို့ ထောင်ချချင်တဲ့ သဘောပဲ။ အခုက သူ့ကို နှိပ်စက်လွန်းလို့ လူဖြစ်ဖို့တောင် ခက်နေပြီ။ ပုံမှန် အနေအထားပြန်ဖြစ်ဖို့ ခက်သွားပြီ” ဟု မဇ္စျိမကို ပြောဆိုသွား သည်။
9.သျှမ်းပြည်(မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တိုက်ပွဲများဆက်ဖြစ်
သျှမ်းပြည်(မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တိုက်ပွဲများဆက်ဖြစ်
ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း KIA နှင့် အစိုးရ တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကျအဆုံး ရှိကြောင်းစုံစမ်းသိရသည်။
news image
ဂျူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မူစယ်မြို့နယ် ဟိုဖြတ်ကျေးရွာအုပ်စု ဒင်ဂိုကျေးရွာတွင် KIA ပြောက်ကျားနှင့် အစိုးရတပ် ခလရ ၂၃ တို့ နှစ်ဘက် ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၄ ဦးသေဆုံး၍ KIA ဘက်မှ ၂ ဦး သေဆုံး ကြောင်း အဆိုပါ ဒေသခံကျေးရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“KIAကအစည်းအဝေး လုပ်တယ်ဆိုတော့ အစိုးရတပ်က လိုက်လာတာပေါ့နော် လိုက်လာပြီးတော့ ချတာ အဲလိုမျိုးပေါ့ အစည်းအဝေးပြီးပြီဆိုတော့ KIA က ပြန်ထွက်တာလေ အစိုးရစစ်တပ်က ၀င်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာပေါ့ အစိုး ရ တပ်က ၄ ယောက်ကျတယ် ကချင်က ၂ ယောက်ကျတယ် ”ဟု သူက ဆိုသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း မူစယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား ခဲ့ရာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ် ကို မသိရှိပေ။
အလားတူ ကချင်ပြည်နယ်အတွင်း၌လည်း KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်ဖြစ်ပွားနေပြီး ဂျူလိုင်လ အတွင်း KIA ထိန်းချုပ် နယ်မြေသို့ ဒုက္ခသည်များ ထပ်မံရောက်ရှိလာရာ KIA နယ်မြေအတွင်း မူလ ဒုက္ခသည် ဦးရေ ၅၂,၀၀၀ ကျော်ရှိ ရာမှ ယခု ၅၃,၀၀၀ ကျော်အထိ တိုးပွားလာကြောင်း သိရသည်။
10.KIO ထံ အစိုးရက အရေးတကြီး အကျိုးတော်ဆောင်များကို စေလွှတ်
KIO ထံ အစိုးရက အရေးတကြီး အကျိုးတော်ဆောင်များကို စေလွှတ်
by အဲာပိုန်
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည်၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို စေလွှတ်ပြီး KIO နှင့် ယနေ့တွေ့ဆုံညှိနှိုင်း စေခဲ့ကြောင်း KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိတစ်ဦးက ပြောပါသည်။
news image
“ပြန်တွေ့ဖို့ လာညှိနှိုင်းခဲ့တာပါ။ သူတို့ အမည်ကိုတော့ မပြောပြချင်ပါဘူး။ ကျနော်တို့ဘက်ကတော့ ဆလန်ကပလနန် (ဦးလာနန်း) ပြောထားတဲ့ အတိုင်းပါပဲ။ ဗန်းမော် မြို့ကို လိုက်မသွား နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲဖြစ်နေတာ ကမရပ်ဘူး။ နေ့တိုင်းဖြစ်နေသေးတယ်လေ။ ဒါပေ မဲ့ပြန်တွေ့ဖို့ ဆိုတာတော့ ရှိပါတယ်။ အချိန်နေရာ တော့ညှိနှိုင်းနေ ပါတယ်။ အဆင်ပြေမပြေတော့ မပြောနိုင်သေးဘူး၊ အကျိုး တော်ဆောင်တွေ ပြန်သွားပြီး အကြောင်းပြန်တော့မှ သိမှာပါ” ဟု ဆိုပါသည်။
အလားတူ KIO နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲနိုင်ရန် အမည်မဖေါ်လိုသော သမ္မတဦးသိန်းစိန်၏ အကြံပေး အဖွဲ့ဝင် တဦး ကလည်း သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်းရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ် အင်ဗန်လထံ တယ်လီဖုန်း ဖြင့် ယမန်နေ့က ဆက်သွယ် အကြောင်းကြား ခဲ့ပါသည်။ UNFC သည် KIO နှင့် တွေ့ဆုံပြီး အမြန်ဆုံး အပစ် အခတ် ရပ်စဲနိုင်ရန် အာမခံနိုင်မလား ဟူ၍ မေးမြန်းခဲ့ပါသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres နှင့် အဖွဲ့သည်လည်း ဇူလိုင်လ ၁၂နေ့တွင် မြန်မာပြည်ကို ရောက်ရှိလာပြီး ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ပြည်တွင်းပြည်ပ သတင်း မီဒီယာ သမားတွေနဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရနဲ့ ဆွေးနွေးသွားမည့် အကြောင်းနှင့် ထိုင်း နိုင်ငံ နယ်စပ် ဒေသတွေမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံဖို့နဲ့ မြန်မာပြည်ကို ပြန်လည် ရောက်နိုင်အောင် ထိုင်း အစိုးရနဲ့တွေ့ဆုံပြီး ဆွေးနွေး ဆောင်ရွက်သွားမယ့် အကြောင်းတွေကို ပြောကြား ခဲ့ပါသည်။
KIO အဖွဲ့သည် ငြိမ်းချမ်းရေးကို လိုလားသော အဖွဲ့မဟုတ်ကြောင်း၊ အကြမ်းဖက်မှုများ လုပ်ဆောင်နေသော အဖွဲ့သာ ဖြစ် ကြောင်း ပြည်တွင်း မီဒီယာ၌ စွပ်စွဲခဲ့ပါသည်။ ဤသဘောထားကြောင့် KIO နှင့် ယနေ့တိုင် တိုက်ပွဲဖြစ်နေဖွယ် ရှိပါသည်။
KIO သည် အစိုးရနှင့် တကယ့်စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖြစ်စေချင်သည်ဟု ဦးလာနန်းက ဆိုပါသည်။ အ မြတ်ထုတ်ခြင်း၊ အသုံးချခြင်းကင်းပြီး ထိုးစစ်ဆင်နေသော အစိုးရတပ်များ ဆုတ်ပေးပါက တွေ့ဆုံဆွေးနွေးမည်ဟု ဆိုပါ သည်။
KIO သည် ကချင်ဒုက္ခသည်များကို ကူညီရန် UNHCR ၏အကူအညီကို တောင်းဆိုခဲ့သလို ကူညီရမည့်အချိန်လည်း ရောက်ရှိနေပြီးဟု ဆိုပါသည်။ အစိုးရသည် တွေ့ဆုံဆွေးနွေးရန် အကျိုးတော်ဆောင် များကို အရေးတကြီး စေလွှတ်နေခြင်း သည် ၊UNHCR မှ ပါဝင် ပတ်သက်လာမည်ကို စိုးရိမ်နေဖွယ် ရှိခြင်းကြောင့် ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်ပါသည်။

No comments: