Monday, January 13, 2014


အကြမ်းဖက်မှု၊ မုဒိမ်းမှုများ အရေးယူရန် ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင်များ ဆန္ဒပြ

မောင်တော၊ ဇန်နဝါရီ ၁၂

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွေးကောက်ပွဲ မလိုလားသည့် အတိုက်အခံများက ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်မှု၊ နေအိမ်မီးရှို့မှုများ ပြုလုပ်ခဲ့ သည်ကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်းချိတ်မြို့၌ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

အတိုက်အခံများသည် ဇန်နဝါရီလ ၇ ရက်နေ့က ဟိန္ဒူဘာသာဝင် အမျိုးသမီး နှစ်ဦးကို လက်နက်ပြကာ မိသားစုရှေ့တွင် မုဒိမ်းကျင့်ခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းမှု ထပ်မံကျူးလွန်ခဲ့ပြီး နေအိမ် ၃၅၀ ကျော်ကို မီးရှို့ခဲ့ကြောင်း၊ ယင်းလုပ်ရပ်များကို အရေးယူပေးရန်၊ ရပ်တန့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးမောင်ထွန်းလှက ပြောကြားသည်။

ဖလောင်းချိတ်မြို့တွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြ တောင်းဆိုမှုတွင် ရခိုင်၊ မာရာမာ၊ ဒိုင်းနက်၊ သက်၊ ဘူရိုဝါနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူဦးရေ သုံးထောင်ဝန်းကျင် ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လာမားမြို့နယ် အုန်းတပင်ရွာမှ အသက် ၁၄ နှစ်အရွယ် ရခိုင် အမျိုးသမီးငယ် တစ်ဦးကို ၎င်းကျေးရွာ အနီးရှိ ချီးလ်ဘီ အဖွဲ့ဝင် မွတ်ဆလင် အာယူအာလီ ဆိုသူက မုဒိမ်းကျင့်ခဲ့သော်လည်း သက်ဆိုင်ရာက တရားဥပဒေအရ အရေးမယူဘဲ နစ်နာကြေးအဖြစ် ငွေကြေးပေး၍ ဖြေရှင်းခဲ့ကြောင်း လာမားမြို့နယ်မှ ဦးကျော်ခိုင်က ပြောကြားသည်။

ရခိုင် မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့် နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ဦးနိုင်နိုင်က ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုဝင်များသည် ၂၀၁၂ နှစ်မှ စတင်ကာ ရခိုင်ပြည်နယ်သို့ ထွက်ပြေး ခိုလှုံလာခဲ့ကြရာ ယခု လူဦးရေ ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

(ခင်မောင်အေး)

Aye Chan Mon# Credit To :The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Like · · · 3018 · 20 hours ago ·
ဘန်ကောက် အစိုးရရုံးများနှင့်အဓိကလမ်းမကြီးများကို စတင်ပိတ်ဆို့
MONDAY, JANUARY 13, 2014

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ဖြုတ်ချပြီး ရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့ အစိုးရကို ခန့်အပ်ချင်တဲ့ ထိုင်းဆန္ဒပြသူတွေဟာ ဇန်န၀ါရီ ၁၃ ရက်မှာတော့ မြို့တော် ဘန်ကောက်က လမ်းဆုံကြီး ၇ ခုနဲ့ အစိုးရရုံးတွေရှိရာ အဓိကလမ်းတွေကို ပိတ်ချလိုက်ပါပြီ။
...See More
Like · · · 2134 · 21 hours ago ·
DVB TV - 13.01.2014 - ထိုင်းဝန်ကြီးချုပ် ယင်လခ်ရ နှုတ်ထွက်ဘို့  ရည်ရွယ်ချက်နဲ့ ဆန္ဒပြသူတွေဟာ တနင်္လာနေ့မှာ မြို့တော် ဘန်ကောက်က လမ်းဆုံကြီး ၇ ခုနဲ့ အစိုးရရုံးတွေ ရှိရာ အဓိက လမ်းတွေကို ပိတ်ချလိုက်ပါပြီ။ ဒါကြောင့် ထိုင်းနိုင်ငံရေး အကြပ်အတည်းဟာ စစ်အာဏာသိမ်းတာ၊ ဒါမှမဟုတ် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။ ဆန္ဒြုပသမားတွေဟာ ဘန်ကောက်မြို့ပေါ်က အဓိကလူနေရပ်ကွက်တွေနဲ့ စီးပွားရေးနယ်မြေ အနည်းဆုံး ၇ နေရာမှာ ယာယီတဲတွေနဲ့ ဟောပြောပွဲ စင်မြင့်တွေကို ဆင်ယင်ထားပါတယ်။ မြို့လယ်လမ်းမတွေမှာ ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ချီတက် နေကြပါတယ်။

Aye Chan Mon# Credit To :DVB TV News> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Like · · · 28112 · 15 hours ago ·
ဘောင်းဘီမဝတ် ရထားစီးနေ့

ဇန်နဝါရီလ ၁၃ ရက်နေ့ဟာ ဘောင်းဘီမဝတ်ရ ရထားစီးနေ့ ( No Pants Subway Ride ) ဖြစ်ပါတယ်။ ယင်းနေ့က No Pants Day လို့ခေါ်တဲ့ ဘောင်းဘီမဝတ်ရနေ့ပြီး အသစ်ထပ်ပေါ်လာတဲ့ နေ့ ဖြစ်ပါတယ်။ No Pants Day ကို မေလရဲ့  ပထမ သောကြာနေ့မှာ ပြုလုပ်ပြီး No Pants Subway Ride ကို ဇန်နဝါရီလမှာ ကျင်းပ ပါတယ်။ ရက်အတိအကျတော့ မရှိပါဘူး။

ယခု နှစ်ကတော့ ဇန်နဝါရီလ ၁၃ ရက်န့ ဖြစ်ပြီး ကမ္ဘာပေါ်က မြို့ ပေါင်း ၆၀ က ပြည်သူများ ပါဝင် ဆင်နွဲခဲ့ ပါတယ်။ No Pants Day ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်က ကျောင်းသားလူငယ...See More
Like · · · 151 · 22 hours ago ·
ဦးကျော်သူ၏" ဗြဟ္မစိုရ်ကျည်ဆံများဖြင့် ပရဟိတတိုက်ပွဲ"
---------------------------------------------
၁၉.၁.၂၀၁၄ (တနင်္ဂနွေနေ့ ) ၊ ည၉း၃၀နာရီ မှာမျှော်စင်ကျွန်း၌နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဋ္ဌ ဦးကျော်သူ၏ " ဗြဟ္မစိုရ်ကျည်ဆံ" များဖြင့်
"ပရဟိတတိုက်ပွဲ"ဟောပြောပွဲ ရှိကြောင်းသိရပါသည်။...See More
Like · · · 2021227 · 14 hours ago ·
နံရံပေါ်ကကော်ဖီ
by နိုင်းနိုင်းစနေ

တစ်နေ့ Los Angeles အနီး နားမှာရှိတဲ့ Venice ကမ်းခြေက နာမည်ကြီး ကော်ဖီဆိုင် တစ်ဆိုင်မှာ သူငယ်ချင်း တစ်ယောက် နဲ့ အတူ ကော်ဖီ ကို ကျွန်မ အရသာခံ ပြီး သောက်နေ ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ဆိုင်ထဲကို လူတစ်ယောက် ဝင်လာပြီး ကျွန်မတို့ ဘေးက စားပွဲခုံမှာ ဝင်ထိုင်လိုက်ပါ တယ်။ အဲဒီလူဟာ ဆိုင်ဝန်ထမ်း ကိုခေါ်ပြီး “ကော်ဖီနှစ်ခွက်.. တစ် ခွက်ကို နံရံပေါ်ကပ်မယ်”လို့ ပြော ပါတယ်။
...See More
Like · · · 1081351 · 14 hours ago ·
7Day News Journal · 501,237 like this
21 hours ago · Edited ·
  • အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်
    -------------------------
    ရေးသားသူ- ရဲမိုး

    ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။

    “ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။

    ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။

    ၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။

    နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။

    အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။

    ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။

    နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။

    နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။ ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။

    တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။

    သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုးဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။

    သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။

    သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။

    ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”

    နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။

    “အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”

    တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။

    ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ။
    • Jinhpaw Jinhpaw
      Press Enter to post.
    • Ko Naing အရမ်းကောင်းတဲ့ဆောင်းပါးပါဘဲ ကျနော်တို့ နိုင်ငံက ထိုင်းနိုင်ငံရေးအပေါ်ကနေ သင်ခန်းစာယူစရာတွေ အများကြီးမြင်နေရတယ် တာဝန်ရှိတဲ့သူတွေ သဘောထားကြီးနိုင်ကျပါစေ
    • ကို ကို ဒေါ် စု အယ်လ် ဂိုး ကို အ တု ယူ သင့် တယ် ငါ သမ္မတ ဖြစ် မှ ငါ သမ္မ မ ဖြစ် ရင် မြန်မာ နိုင် ငံ ကြီး ကမ္ဘာ့စီးပွား ရေးပိတ် ဆို့ မှုဒဏ် အလူး လဲ ခံ စား စေ ရ မယ် ပြည်သူ နဲ့ တပ် မ တော် အိမ် ကြက် ခြင်း အိုး မဲ သုတ် ပြန် ခွတ် ခိုင်း မယ် ဒီ မို က ရေစီ ဆို တာ...See More
    • Min Din တလေးတစားဖတ်မိပါတယ်။ အလွန်ကောင်းမွန်တဲ့ဆောင်းပါးတစ်ပုဒ်ပါပဲ ကိုရဲမိုးခင်ဗျာ ။
    • Zayar Oo ကိုရဲမိုးပေးချင်တာကမြန်မာ့နိုင်ငံရေးကိုရောဆိုလိုပါသလားခင်ဗျာ။ မြန်မာ့နိုင်ငံရေးကတမျိုးတဘာသာပါ။ထိုင်းနိုင်ငံကဒီမိုကရေစီရပြီးသား၊ သူ့ပြည်သူတွေကလွတ်လပ်စွာဆန္ဒပြခွင့်ရှိတယ်၊သူ့ပြည်သူအများစုအတွက်ဘယ်အစိုးရတက်တက် ဒီမိုကရေစီမဆုံးရှုံးဘူး၊မြန်မာပြည်ကဒီမိုကရေစီ...See More
    • ကို ကို ကျွန် တော် လင်း ထက် က အား လုံး ကို တောင်း ပန် ပါ တယ် ခင် ဗျ ကျွန် တော် တို့ မြန်မာ နိုင် ငံ က လက် တွေ့ ဒီ မို က ရေ စီ ကို ကျင့်  သုံး လို့  လွတ် လပ် စွာ ဌာ န ဆိုင် ရာ တွေ ကို ပြော ဆို ဝေ ဖန် ခွင့်  ရှိ တော် လည်း ဒေါ် စု အား မ ရည် ရွယ် ဘဲ တော် လည်း ကော...See More
      • Yadanar Oo ဗလောင်းဗလဲနဲ့ အပေါ်မှာရေးထားတော့တစ်မျိုး
      • Jinhpaw Jinhpaw
    • Thura Nor Lin Htet ရေ ရှက် ရမှာကမင်းကွ သေချာပြန်စဉ်းစားကြည့်ဦး ဘက် လိုက် ပြီးပြောတမဟုတ်ဘူးကွ မြင်းထိန်းငတာလိုပဲ မင်းစိတ်ဓါတ်က ဘာမှနကန်းတစ်လုံးမသိ ပဲ ဝေဖန် ရဲတဲ့မင်း ရဲ့စိတ်ဓါတ်ကလေးကိုအံ့သြမိပါရဲ့ကွာ ခုခတေ် ကျောင်းသားတွေရဲ့ဖြစ်ပျက် နေတာတွေမင်းသိလား နယ်စပ် ဒေသကမြ...See More
    • Aye Min Oo ထိုင်းစစ်တပ်က ၁၉ ကြိမ်မြောက် အာဏာသိမ်းဖို့ပြင် ဆင် နေ ကြောင်း ရေးသားထားပါတယ် စာရေးသူက ဘာကို ရည် ရွယ် ပြောပြချင် တာပါလဲ
      ထိုင်းစစ်တပ်က ၁၈ ကြိမ် အာဏာသိမ်းခဲ့တယ် ဆိုရင်တောင် ၁၈ ကြိမ် လုံး အာဏာကို ပြန်လည်လွှဲပေးခဲ့ပါတယ်
      နောက်တစ်ခု သတိထားမိတာက အယ်လ်ဂိုးက ပြည်
      ...See More
    • Snow May အတွင်းမှာနီသည်ဖြစ်စေ ဝါသည်ဖြစ်စေ
      ချုပ်ကိုင်ထားတာကတော့ တောင့်တင်းထုထည်လှတဲ့ အစိမ်းရောင်ထုထည်ကြီးဖြစ်ပါတယ်
      Goog idea , ဖရဲသီး အယ်လ်ဂိုး Bravo
    • Nay Lin Naing ဒေါ်စုကိုမနှစ်သက်မကြည်ဖြူကြသော၊မုန်းတီးစိတ်ဖြင့်ဆဲဆိုကလော်တုတ်နေကြသောမိတ်ဆွေအပေါင်းကိုတစ်ခုလောက်တော့ပြောပါရစေ...၁၉၉၀ကစ,ပြီး၂၀၁၂အထိ ၂၂-နှစ်ကာလကြာညောင်းခဲ့ပေမယ့် ဒေါ်စု(တနည်းအားဖြင့် NLD)ရဲ့ထောက်ခံမဲရလဒ်ကတော့ လျော့မသွားတဲ့အပြင်ပိုတောင်တိုးလာနေပါတယ်..ဟုတ်ကဲ...See More
    • Hnin Su Su ဒီရဲမိုးက ဖေ့ဘုတ်က တပ်လော်ဘီရဲမိုး မဟုတ်ပါ။ စာရဲ့  အယူအဆ အသုံးအနှုံး အသွားအလာ ရင့်ကျက်မှုကိုကြည့်ရင် သိသာပါတယိ။ ဒါက သတင်းစာဆရာ ဆရာ ရဲနိုင်မိုးပါ။ ဘယ်သူ့ ကိုမှ မပုတ်ခတ် ဘယ်သူ့ နာမည်မှ မပါပဲ ကောင်းတဲ့  ဥပမာကို အားလုံးအတွက်ဝေမျှသွားတာပါ။ွ
    • Lawka Nat ထိုင်းက အနီ နဲ့ အဝါ ။မြန်မာပြည်က ရောင်စဉ် ၇ သွယ်ပါဗျာ။ပျင်းတောင်ပျင်းသေးတယ်
    • Ko Lulu ထိုင်းစစ်တပ်ကိုလဲလေးစားပါတယ်၊အာဏာကိုဆုပ်ကိုင်မထားဘူး၊ချောက်ထဲကျမဲ့လက်တစ်လုံးအလိုက ကယ်တင်ထားတယ်လဲမပြောဘူး။
    • Than Kyaw Htay ဖရဲသီးအနီကြိုက်တဲ့သူက အနီဘဲစားမယ်။ အဝါကြိုက်တဲ့သူက အဝါစားလိမ့်မယ်။ အဝါမစားမကြိုက်ရကောင်းလားဆိုပြီး အနီစိုက်ခင်းကို မရိုက်ချိုးပါနဲ့။ အနီဈေးကွက်ကို မဖျက်ဆီးပါနဲ့။ ပိုကောင်းပြီးပိုသန့်ရှင်းရင် လူကြိုက်များလာမှာ။ ဒီလိုမဟုတ်ဘဲ မနာလိုစိတ်များပြီး မကောင်းစိတ်ထားလို့ကတော့ အဝါကြိုက်သူတွေတောင် အနီပြောင်းစားကြလိမ့်မယ်။
    • Uthu Daw သိပ်ကောင်းတဲ့ ဆောင်ပါးတစ်ပုဒ် အဖြစ် ဂုဏ်ပြု လိုက်ပါတယ်-

      ဒါပေမယ့် ဒီဆောင်းပါးပါ ဇတ်လိုက်ကျော် အယ်ဂိုး ကို နိုင်သွားတဲ့ ဇတ်ပို့အကျော် ဘုရှ် ကလဲ သူ့ကို အနိုင်မဲ မရရှိခဲ့တဲ့ ပြည်သူတွေ၊ ပြည်နယ်တွေ၊ အပေါ်မှာ အနိုင်မဲ ပေးခဲ့တဲ့ ပြည်သူတွေ ပြည်နယ်တွေနဲ့ လုံးဝခွ
      ...See More
    • Soe Win ဒေါ်စု ကလဲ Algore ရဲ့ စိတ်ဓါတ်မျိုး ရှိလို့ ပြည်သူတွေကို လမ်းမတွေပေါ် မထုတ်ခဲ့ ဘဲ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို တောင် အစ ပြန်မဖော်ခဲ့ ဒီပဲယင်းမှာ သူ့ကိုလုပ်ကြံတာကိုလဲ မေ့ထားခဲ့ တာပါ....
    • Pengtut KhengLawt စစ်မှန်တဲ့မျိုးချစ်စိတ်ဓါတ်ဆိုတာ ဒီလိုမျိုးကိုဆိုသကွဲ့။ ဒို့နိုင်ငံရဲ့စစ်မှန်သောမျိုးချစ်စိတ်ဓါတ်က တိုင်းပြည်ကိုမွဲပြာကျစေတယ်။ တပ်မတော်က အမေရိကန်ကိုမုန်းတယ်ဆိုတာ ဒီလို အယ်ရဂိုးလို အယူအဆခံယူချက်တွေ မြန်မာပြည်သူများမှသိရှိလာပြီး သူတို့ကိုတန်ပြန်လာမယ် ထောက်ပြလာကြမယ် ဆိုတဲ့ကြောက်စိတ်နှင့်သာ အမေရိကန်မုန်းတီးရေးဝါဒတွေကို နိုင်ငံပိုင်မီဒီယာစုံတွေမှာ ဖော်ပြနေခဲ့ကြတာပါ။
    • Htun Kyaw Nyein အမေစု လိုစိတ်ဓါတ်မျိုး ဆိုတာ ကျွန်တော် ယှဉ်ပြီး လောင်းချင်တယ်။
    • Ko Kyaw Soe စောမောင်တိုသန်းရွှေတိုသာအယ်လ်ဂိုးရဲ့စိတ်ဓာတ်မျိုးဆယ်ပုံတစ်ပုံသာရှိရင်တို့ပြည်သူတွေနိုင်ငံတကာလှည့်ပြီးကျွန်ခံစရာမလိုသလိုစစ်ထောက်လှမ်းရေးတွေရဲ့နှိပ်စက်ညှင်းပန်းမူသက်ဖျတ်မူတွေခံစားရမှာမဟုက်ဘူးဆိုတာရဲမိုးသိပါစေ
    • Kyawsoe Thu ကိုရဲမိုး ရဲ့အရေးအသားတွေ သိပ်ကောင်းသဗျာ။မြန်မာပြည်အတွက် သိပ်အဖိုးတန်တဲ့ ရေးသားတင်ပြချက်ပဲဗျာ
    • Moe Pwint Khay Mar မျက်ရည်ကျလုမတတ် ခံစားရတယ်
      အယ်လ်ဂိုး လို လူမျိုးတွေ
      ဘန်ကောက် မှာရော
      ...See More
    • Hnin Yi မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အယ်လ်ဂိုးတွေအများကြီး ပေါ်ပေါက်ပါစေ။
    • Naing Myo Naing ဖွတ်တွေနားလည်သင့်ပါပြီ သူတို့ဖျက်ဆီးခဲ့လို့ညက်ညက်ကြေ ပျက်စီးနေတာတောင်ယုတ်မာစွာနဲ့ စကောလောက်စောက်မနက် ဖွနည်းမျိုးစုံ အကြမ်းဖက်မျိုးစုံဖန်တီးလုပ်ယူနေတာပါ ပြည်သူကိုမငဲ့ကွက်သူတစုကောင်းစားဖို့အရေး ငါတကော ကောပီးအောက်တန်းစားနိုင်ငံရေးအလုပ်ဖြင့် ပြည်သူ့အသက်ပေါင်းသောင်းသိန်းချီသေဆုံးချိန်နာဂစ် မုန်တိုင်းမှာအသက်သွင်းတဲ့ ဥပဒေနဲ့ စစ်ဝတ်စုံချွတ်ကာ ကန့်လန့်ကါနောက်မှကြိုးဆွဲနေသူက ဖွတ်ကြီးချုပ်
    • Bo To Ke အရမ်းကောင်းတဲ့ဆောင်းပါးပါဘဲ ကျနော်တို့ နိုင်ငံက ထိုင်းနိုင်ငံရေးအပေါ်ကနေ သင်ခန်းစာယူစရာတွေ အများကြီးမြင်နေရတယ် တာဝန်ရှိတဲ့သူတွေ သဘောထားကြီးနိုင်ကျပါစေဗျားတလေးတစားဖတ်မိပါတယ်။ အလွန်ကောင်းမွန်တဲ့ဆောင်းပါးတစ်ပုဒ်ပါပဲ ကိုရဲမိုးခင်ဗျာ
    • တိုက် ကြက် စု မှ တ ပါး အခြား မ ရှိ။
    • Sai Kham Haw ဒေါ်စု အယ်ဂိုးလုပ်ချင်ရင်တောင် မြန်မာပြည်မှာ ဘုရှ် မရှိဘူး ဆရာရဲမိုးကိုပြောတာမဟုတ် သူခိုးကလူကိုဟစ်နေတဲ့ ဖွတ်အမြီးဆွဲတွေကိုပြောတာ ။ု
    • Zarni Myo ထိုင်းနိုင်ငံရေးကတော့ အဖြေမထွက်တဲ့ ပုစ္ဆာ တစ်ပုဒ်လိုဖြစ်နေခဲ့ တာကြာပါပြီ....နိုင်ငံရေးသမားတွေရဲ့ အတ္တတွေကြောင့် ပါဘဲ။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ကလည်းလက်ရှိ ကြီး ၄ ကြီး ပေါ်မူတည်နေပါတယ်။ ဘယ်သူတက်တက် မုဒိတာ ပွားပေးနိုင်ကြမယ်။ တက်တဲ့ ခေါင်းဆောင်ရဲ့ အော...See More
    • So Ta တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။
    • Aung Naing good leader
    • Ko Soe Paing ကောင်းသောဆောင်းပါးလေမို့ကျေးဇူးပါ
    • Myint Lwin 7DayDaily ဖတ်ရင် ဆရာရဲမိုး ဆောင်းပါးအရင်
      ဖတ်ပါတယ်
    • Min Khank Zaw Ko Lin Htet စကားက ဘာနဲ့ပမာတူနေသလဲဆိုရင်
      ဆွမ်းဆန်ထဲ ကြွက်ချေးရောသလိုဖြစ်နေပီ ဦးရဲမိုးရဲ့ပို့စ်က
      အင်မတန်စင်ကြယ်မွန်မြတ်တဲ့ဆွမ်းဆန်နဲ့တူတယ်ဗျ
      ...See More
    • Yin Htun သူတို့စိတ်ဓာတ် သူ့တို့နိုင်ငံက ဒီမိုကရေစီနဲ့တန်ပါတယ်| အာရှစိတ်ဓာတ်နဲ့တော့ မရသေးဘူး
    • ကို ကို ငါ အာ ဏာ ရ မှ ငါ အာ ဏာ မ ရ ရင် ဆို တဲ့ စိတ် ဓာတ် တွေ ပြင် နိုင် ကျ ပါ စေ သူတင်း ကို ရှော့ ကိုတင်း သူရှော့ စနစ် နဲ့ ပါတီ ဆွဲ မထား ဘဲ ဆောင် ရွက်နိုင် ပါ စေ လို့ တော့ ဆု တောင်း နေ မဲ့ ပါ တီ နှစ် ခု ကြား အာ ဏာ လု နေ သ ၍ ငါ တို့ မြန် မာ ပြည် သူ တွေ က ကျွဲ...See More
    • Yan Naing Soe လာမည့် ၂၀၁၅ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက်လည်းအတုယူသင့်သော ဆောင်းပါးကောင်းတစ်ပုဒ် ပါခင်ဗျာ....
    • Thet Tun မြန်မာမှာတော့အ၀ါကဘယ်သူကိုကိုယ်စားပြုမလဲ။အနီကဘယ်သူကိုကိုယ်စားပြုမလဲ။အမဲကဘယ်သူကိုကိုယ်စားပြုမလဲ။

      ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အစေ့ကမဲသည်ဖြစ်စေ အမဲ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။
    • Wai Phyo Aung ဤဆောင်းပါး ကိုအလွန်နှစ်ခြိုက်မိပါသည်။အရေးကြုံလာပါက နူိုင်ငံအရေးသည် ပထမ ပါတီနိုင်ဖို့ ဒုတိယဖြစ်သွားပါပြီ ။
    • Hnin Hnin Htwe ဘုရ် ရသွားတော့ စစ်ပွဲကြီးဖန်တီးခဲ့တယ်
      အယ်ဂိုးသာရခဲ့ရင်သမိုင်းကနောက်တမျိုးဖြစ်သွားမှာ
    • Nay Aung ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်တင်ပါတယ် တဲ့ ကဲ မြန်မာပြည်ပါတီတွေ ကြည်ကြအောင် ပြည်ခိုင်ဖြိုနဲ့တပ်မတော် က စွာ်တော် ရွက်လို ၂ လွှာပေါင်းမှတရွက်ထဲသဘော ဦးအောင်သောင်းက ဖွင့်ဟသွားပြိ လူကိုခင်လို့ မေတ္တာရှိလို့ ချစ်ခင်လေးစားလို့ ခြေဥကို ပြင်ခြင်တယ် မလ...See More
    • Htet Thant အရမ်းကောင်းတဲ့ ဆောင်းပါးတပုဒ်ပါ. ကိုယ်ကျိုးမပါ.အဆွဲတွေမပါပဲ ဖတ်နိုင်ကြပါစေ
    • Min MgMg " ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်" ဆိုတဲ့စကားကိုအကြိုက်ဆုံးပါဘဲ။ တိုင်းပြည်နဲ့လူမျိုးအတွက်သဘောထားကြီးနိုင်ကျပါစေ။
    • Than Than Cho အရမ်းကောင်းတဲ့ဆောင်းပါးပါဘဲ
    • Zaw Naing Htun မြန်မာနိုင်ငံကိုခေါင်းဆောင်ချင်နေတဲ့သူတွေလည်း အယ်လ်ဂိုး လိုစိတ်ဓါတ်မျိုးထားနိုင်ကြပါစေ
      ဒီဆောင်းပါးကိုအရမ်းသဘောကျတယ်...အတုယူဖို့ကောင်းတယ်
    • Winnie Tin တစ်စုံတစ်ယောက်က ဒီစောင်းပါးကို ဖတ်မိပါစေ လို့နိုင်ငံအတွက်ဆုတောင်းပါတယ်
    • Kyi Lwin အယ်လ်ဂိုး ကို မြန်မာပြည်မှာလည်း အလိုရှိပါတယ်။
    • MasterofNld Kalar အာဏာရူးအဖွားကြီးကိုပေးဖတ်လိုက်ကြပါဗျာ
    • Myit Rum ဒါဆိုပြည်ခိုင်ဖြိုးလည်း တိုင်းပြည်မျက်နှာ ထောက်မှာပါ။ပြည်ခိုင်ဖြိုးမူဝါဒလည်းအဲလိုဘဲ။
      လူပုဂ္ဂိုလ်ထက်ပါတီအေ၇းကြီး၊ပါတီထက်တိုင်းပြည်အေ၇းကြီး၊ပါတယ်တဲ့ ခင်ညား။ယုံလားမသိဘူး ဟဲ ဟဲ ဟဲ။
    • Nay Zaw ..This Is It !
      “အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”
      ..(Albert Arnold "Al" Gore, Jr.)..
    • Ko Kyaw Soe စောမောင်တို့သန်ရွှေတိုသာအယ်လ်ဂိုးရဲ့စိတ်မျိုးဆယ်ပုံတစ်ပုံသာရှိရင်တိုပြည်သူတွေနိုင်ငံတကာလှည်ပြီးကျွန်ခံဖို့မလိုသလိုပြည်သူတွေလည်းစစ်ထောက်လှမ်းရေးတွေရဲ့ဖမ်းဆီးနှိပ်စက် သက်ဖျက်ခံရမူတွေခံစားရမှာမဟုက်ဘူးဆိုတာရဲမိုးသိပါစေ။
    • Luckystar Hunter အယ်လ်ဂိုးက ပညာတတ်တော့ဆင်ချင်တတ်တာပေါ့ ဒီကဟာတွေကကျွဲပါးစောင်းတီးတွေလေ စေတနာရှိလို့လုပ်နေတာမှမဟုတ်တာ
    • Thura Nor Thi ha zaw မင်းညီမတွေ နယ်စပ် မှာ ဖာဖြစ် နေပြီ ဆိုရင် မင်း ထောက်ခံမှာလား မင်းဖြတ်သန်းခဲ့ရတဲ့ဦးနှောက် တစ်ထွာလောက် နဲ့တက်မလာနဲ့ ရှင်းလား ငါ ပြောတာကွာကဲမင်းဘာဖြစ် ချင် လဲ ဖုန်းနံပါတ်ပေးမယ် ဇရှိရင် ဖုန်းဆက် သဘောပေါက် လား ၄၀၀၀၀၁၇၆၅ ok ပြီ လား မင်းဇကို ကြည့်မယ် ဟေ့ရောင်
    • 50 of 411