Sunday, April 22, 2012


မြန်မာEnglish

01
May
2012
Burmese News - May 1, 2012
မန္တ​လေး​မှာ ​လေပြင်း​ကြောင့်​ ​မော်​တော်များ​ နစ်မြုပ်
မန္တ​လေး​မှာ ​လေပြင်း​ကြောင့်​ ​မော်​တော်များ​ နစ်မြုပ်
by ရွှေအောင်
မန္တ​လေး​မြို့​မှာ ဧပြီ ၃၀ ရက် ည​နေပိုင်း​က တိုက်ခတ်သွား​တဲ့​ မိုး​သက်​လေပြင်း​ကြောင့်​ ဧရာဝတီမြစ်ကမ်း​မှာ ဆိုက်ကပ်ထား​တဲ့​ ​မော်​တော် ၁၅ စီး​လောက် နစ်မြုပ်သွား​ပါတယ်။
မန္တ​လေး​မြို့​ ၂၆ ဘီလမ်း​ အ​နောက်ထိပ်ရှိ မရမ်း​ခြံဆိပ်မှာ ဆိုက်ကပ်ထား​တဲ့​ ကမ္ဘာလှည့်​ခရီး​သည်တင် ​မော်​တော် ၃ စီး​ အပါအဝင်၊​ ကုန်တင်​မော်​တော်​တွေဟာ ​လေပြင်း​နဲ့​ ​ရေလှိုင်း​တွေ​ကြောင့်​ နစ်မြုပ်သွား​တာ ဖြစ်ပါတယ်။
မော်​တော်ပိုင်ရှင်တဦး​ ​ပြောပြတာက “​လေကျပြီး​တော့​ မြုပ်သွား​တာပဲ။ ​လေက ည​နေ ၅ နာရီခွဲ​လောက်က တိုက်တယ်။ ​လေတအား​ပြင်း​တယ်။ ည​နေ ၆ နာရီခွဲ​လောက် ငြိမ်သွား​တယ်။ တစင်း​နဲ့​တစင်း​ ရိုက်ပြီး​တော့​ လှိုင်း​တွေဝင်ပြီး​ မြုပ်ကုန်တာပဲ။ ကုန်​မော်​တော်​တွေများ​တယ်။ ကုန်တင်တဲ့​ ​မော်​တော်အကြီး​တွေပဲ မြုပ်တာများ​တယ်။ တထပ်ကုန်တင် အကြီး​တွေ။ ​ရေလှိုင်း​ကကြီး​တယ် ၅ ​ပေ​လောက် မြင့်​တယ်။ မရမ်း​ခြံဆိပ် တခုတည်း​တင် ၁၅ စင်း​လောက်ရှိတယ်။”
နစ်မြုပ်သွား​တဲ့​ ​မော်​တော်​တွေထဲက ၂ စီး​လောက်ကို ​မေလ ၁ ရက် ည​နေပိုင်း​လောက်မှာ ​မော်​တော်ပိုင်ရှင်​တွေက ကိုယ့်​အား​ကိုယ်ကိုး​ ပြန်လည်​ဖော်ယူ ရရှိထား​ပြီး​ ဖြစ်တယ်လို့​လည်း​ သိရပါတယ်။ နစ်မြုပ်သွား​တဲ့​ ​မော်​တော်အများ​စုမှာ ဓာတ်​မြေဩဇာ​တွေ တင်​ဆောင်ထား​ကြပြီး​၊​ တစီး​ကို ကာလတန်ဖိုး​ ကျပ်သိန်း​ ​ထောင်ချီတန်ပါတယ်။
လေပြင်း​တိုက်လို့​ ​မော်​တော်မြုပ်တာမျိုး​ အရင်ကဖြစ်ဖူး​ပေမယ့်​ ခုလို ​မော်​တော်​တွေ အ​ရေအတွက်များ​များ​ နစ်မြုပ်မှုက​တော့​ မကြုံ​တွေ့​ဖူး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
ဒီ​လေပြင်း​တွေ တိုက်ခတ်မှုနဲ့​ ပတ်သက်ပြီး​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က​တော့​ မိုး​တိမ်​တောင်​တွေ​ကြောင့်​ ဖြစ်​ပေါ်တဲ့​ စိုက်ဆင်း​ ​လေပြင်း​ကြောင့်​ ဖြစ်နိုင်တယ်လို့​ ​ပြောပါတယ်။
“ကျ​နော်တို့​က ​နွေ​ရောက်​နေ​တော့​ အထက်အညာက အရမ်း​ပူတယ်။ ပူတဲ့​မြေပြင်​ပေါ်ကို အ​အေး​ဓာတ်ပါတဲ့​ ​ရေ​ငွေ့​ပါတဲ့​ ​လေက ဝင်လာရင် ​လေထုမတည်ငြိမ်ဘူး​။ ​လေထုမငြိမ်ရင်ဖြစ်တဲ့​ မိုး​တိမ်​တောင်က မိုး​တိမ်​တောင်ချင်း​ တူရင်​တောင် မြစ်ဝကျွန်း​ပေါ်ကဖြစ်တဲ့​ မိုး​တိမ်​တောင်နဲ့​ အထက်မြန်မာပြည်ဘက်မှာ ဖြစ်တဲ့​ မိုး​တိမ်​တောင်က ပိုပြီး​အား​ကောင်း​တယ်။ အဲဒီ​ကောင်မျိုး​က ရာသီဥတု​အေး​ရင် အဆုံး​ထိ ​အေး​လေ့​ရှိတယ်။ မိုး​တိမ်​တောင်က​ပေး​တဲ့​ ရာသီဥတုမှာ အဆိုး​ဆုံး​က နံပါတ် ၁ ​လေဆင်နှာ​မောင်း​၊​ ဒုတိယက စိုက်ဆင်း​လေပြင်း​၊​ တတိယက​တော့​ မိုး​သက်​လေပြင်း​ပေါ့​။ မိုး​ရွာတယ်၊​ မိုး​ကြိုး​ပစ်တယ်၊​ မိုး​သီး​ကျတယ်။ အစရှိသဖြင့်​ပေါ့​။ အခုဖြစ်တဲ့​ဟာက​တော့​ ​လေပါတယ်။ ​လေက မြစ်ထဲမှာ ဖြတ်တိုက်​တော့​ ​ရေတက်တယ်​ပေါ့​။ ​လေဆင်နှာ​မောင်း​တော့​ မဖြစ်နိုင်ဘူး​ပေါ့​။ ဒုတိယဖြစ်တဲ့​ စိုက်ဆင်း​လေပြင်း​ ဖြစ်နိုင်ပါတယ်။”
ဧပြီ ၃၀ ရက်က တိုက်ခတ်သွား​တဲ့​ မိုး​သက်​လေပြင်း​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေက​တော့​ မကြား​သိရ​သေး​ပါဘူး​။
လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်ပျက်စီး
လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်ပျက်စီး
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ပြင်ရှိ ဂျေယန်ခ (Je Yang Hka) ဒုက္ခသည်စခန်းတွင် ဧပြီ ၂၉ ယမန်နေ့ည လေပြင်း တိုက်ခိုက်မှုကြောင့် ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်ပျက်စီးခဲ့သည်။
news image
ည ၁၀ နာရီမှ ၁၂ နာရီထိ မိုးနှင့်အတူ လေပြင်းတိုက်ခိုက်ခဲ့ရာ ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်မှာ လုံးလုံးပျက်စီးသွားပြီး အချို့စခန်းများမှာ မိုးကာများဖြုတ်၊ ပြဲသွားသည် ဟု ဂျေယန့်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ KIA အရာရှိ ၀မ်ဒေဆိုင်းဂျတ်ဒူ (Wangde Seng Jat Du) ပြောသည်။
“လေက အရမ်းပြင်းတော့ စခန်း၂၀ ကျော်က အားလုံးပျက်စီးသွားတယ်။ ဘုရားကျောင်း ၂ ခုနဲ့ စာသင် ကျောင်းဆောင်တစ်ခု လည်းပျက်စီးသွားတယ်။ တစ်ချို့စခန်းကတော့ အမိုးတွေဘာတွေ လန်ကုန်တယ်။ ပြဲသွားတာကပြဲသွားနဲ့ မနေ့ညတော့ အားလုံး ဒုက္ခတွေရောက်ကြတယ်။ အ၀တ်အထည် ပစ္စည်းတွေလည်း စိုကုန်တယ်။ ကျနော်တို့ရဲ့ အရေးကြီးတဲ့ စာရွက်တွေလည်းအားလုံးစိုသွားတယ်။”
ယခုချိန် ပျက်စီးသွားသောစခန်းမှ ဒုက္ခသည်များသည် မပျက်စီးသော စခန်းများတွင် စုပေါင်းခိုလုံနေကြောင်းနှင့် မိုးကာဖြုတ်ပြီး ပြဲသွားသောစခန်းများကို ဧပြီ ၃၀ ယနေ့ KIO မှအသစ်ပြန်လည်မိုးပေးကြောင်း ထိုနေရာမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
“အားလုံးပျက်စီးသွားတဲ့ စခန်းတွေကိုတော့ မနက်ဖြန်ဖြုတ်ပြီး ပြန်ပြင်ဆောက်မယ်။” ဟု ၀မ်ဒေဆိုင်းဂျတ်ဒူ ကပြောသည်။
၎င်းဒုက္ခသည်စခန်းတွင် စခန်း ၆၀၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သူကဆက်ဆိုသည်။
ကျုံပျော်မြို့နယ် ရှားခဲအင်းကြီးကို ဒေသခံများ လုပ်ကိုင်ခွင့်ပြုရန် သမ္မတဆီ စာပို့ တင်ပြ တောင်းခံ
ကျုံပျော်မြို့နယ် ရှားခဲအင်းကြီးကို ဒေသခံများ လုပ်ကိုင်ခွင့်ပြုရန် သမ္မတဆီ စာပို့ တင်ပြ တောင်းခံ
by ဒီမိုဝေယံ
ဒေသခံပြည်သူတွေ မှီခို အားထား အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရှားခဲအင်းကြီးကို လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်မှ စတင်ကာ ပုဂ္ဂလိက လုပ်ငန်းရှင်အား လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အတွက် ပြည်သူအများ ဒုက္ခရောက်နေကြောင်း၊ ဒ့ါကြောင့် ထိုအင်းကြီးအား ဒေသခံပြည်သူများ ပြန်လည် လုပ်ကိုင် စားသောက်ခွင့်ပေးရန်အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းခံအပ်ပါကြောင်း ရေးသားထားတဲ့ စာတစောင်ကို ဒေသခံများက မြန်မာသမ္မတ ဦးသိန်းစိန်ထံ ပေးပို့ထားကြောင်း သတင်းရရှိပါတယ်။
news image
မြန်မာစစ်အာဏာရှင်များဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်မှ စတင်ကာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စုနဲ့ အနီးအနားက ကျေးရွာအုပ်စုပေါင်း ခြောက်အုပ်စုက မှီခို အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ ရှားခဲအင်းကြီးကို ပုဂ္ဂလိကလုပ်ငန်းရှင်တဦးအား လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။ ထိုသို့ လုပ်ပိုင်ခွင့်ရတဲ့ လုပ်ငန်းရှင်ဟာ ရှာခဲအင်းကြီးကို ငါးမွေးကန်သဘွယ် အသုံးပြုခဲ့တဲ့ အင်းကို မှီခို လုပ်ကိုင် စားသောက်ခဲ့ရတဲ့ ဒေသခံပြည်သူများ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ ထိုသို့ အလုပ်လက်မဲ့ ဖြစ်မှု၊ အလုပ်အကိုင် ရှားပါးမှုများနဲ့ ဆက်နွယ်ပြီး စားဝတ်နေရေး အကြပ်အတည်းတွေ့ကာ ရင်သွေးငယ်များအား ပညာသင်ကြား မပေးနိုင်ခဲ့တဲ့အတွက် ကလေးငယ်များလည်း ပညာရေးချို့တဲ့ခဲ့ကြရပါတယ်။
စားဝတ်နေရေး ကြပ်တည်းမှုကို မခံစားနိုင်တဲ့ ဒေသခံပြည်သူများဟာ ရှားခဲအင်းကြီးထဲ ၀င်ရောက်ကာ တနပ်တအိုးစာ ငါးဖမ်းခဲ့ကြရပါတယ်။ အဲဒီလို ငါးဖမ်းတဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင်များက နည်းမျိုးစုံနဲ့ နှိပ်စက် ဆက်ဆံခဲ့တာကိုလည်း ခံခဲ့ရပါတယ်။
ဒါ့ကြောင့် တဦးတယောက်၊ တစုတဖွဲ့ ကောင်းစားရေးအကျိုးကျေးဇူးထက် ပြည်သူအများ စားဝတ်နေရေး ပြေလည်စေရေးကို ရှေ့ရှုပြီး ပြည်သူအများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ဆောင်ရွက်ပေးရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ သားငါး ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်ရန်အတွက် ပြည်သူအများကို သနားငဲ့ညှာတဲ့အနေနဲ့ ရှားခဲအင်းကြီးကို ဒေသခံပြည်သူများ၊ အင်းသူအင်းသားများ လုပ်ကိုင် စားသောက်ခွင့်ပြုရန်အတွက် မြန်မာသမ္မတ ဦးသိန်းစိန်ထံ စာရေးသား တင်ပြ တောင်းခံခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
အလုပ်သမား​များ​ဘဝ မ​ပြောင်း​လဲ​သေး​ဟုဆို
အလုပ်သမား​များ​ဘဝ မ​ပြောင်း​လဲ​သေး​ဟုဆို
by နေသွင်
လွန်ခဲ့​တဲ့​ တနှစ်အတွင်း​ နိုင်ငံ​ရေး​အ​ပြောင်း​အလဲ​တွေ ဖြစ်ခဲ့​တယ်လို့​ ဆိုကြ​ပေမယ့်​ အလုပ်သမား​တွေ ဘဝက​တော့​ အရင်အတိုင်း​ မ​ပြောင်း​လဲ​သေး​ဘူး​လို့​ အလုပ်သမား​ အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောပါတယ်။
news image
အလုပ်သမား​တွေ ဘဝ တိုး​တက်​ပြောင်း​လဲလာဖို့​ဆိုရင်၊​ အလုပ်သမား​တွေရဲ့​ လုပ်ခလစာက​နေ၊​ အလုပ်သမား​ဥပ​ဒေ၊​ ​နောက် တရား​ရုံး​တွေ သမာသမတ်ကျဖို့​ အထိ အ​ပြောင်း​အလဲ​တွေ လိုအပ်​နေ​သေး​တယ်လို့​ အလုပ်သမား​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ​ပြောကြပါတယ်။
မြန်မာပြည်က အလုပ်သမား​တွေ လက်ရှိရ​နေတဲ့​ လုပ်ခဟာ အ​ခြေခံ စား​ဝတ်​နေ​ရေး​ လိုအပ်ချက်ကို​တောင် မဖြည့်​ဆည်း​နိုင်​သေး​ဘူး​လို့​ အလုပ်သမား​ အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က ​ပြောပါတယ်။
“ကျမတို့​ မြန်မာအလုပ်သမား​တွေက တ​နေ့​မှာ ၁ နာရီကို ကျပ် ၁၀၀ နှုန်း​ဆို​တော့​ တ​နေ့​မှာ ၈ နာရီဆို​တော့​ ကျပ် ၈၀၀ ပဲရတယ်။ တ​နေ့​လုံး​လုပ်ခက ကျပ် ၁၀၀၀ ​တောင် မပြည့်​ဘူး​။ ဆန်တပြည်က ၁၀၀၀ ​ကျော်ရှိတယ်။ အနိမ့်​ဆုံး​ဆန်က ၈၀၀ ရှိတယ်။ အဲဒီ​တော့​ တ​နေ့​လုံး​ ရုန်း​ကန်ရှာထား​တဲ့​ ဒီ ၈၀၀ က၊​ ဆန်တပြည်ဖိုး​တောင် မရှိဘူး​။ အမျိုး​သမီး​တွေက အလုပ်သမား​အများ​စုဖြစ်တယ်။ အဲဒီ​တော့​ အလုပ်သမား​ အခွင့်​အ​ရေး​တွေ ​ပေး​တော့​ပေး​ထား​တယ်။ အရင်တုန်း​က အလုပ်သမား​ ဖွဲ့​စည်း​ခွင့်​တွေမရဘူး​။ အလုပ်သမား​တွေက အခမ်း​အနား​တွေကို လာတက်​ရောက်ပိုင်ခွင့်​ မရှိဘူး​။ ဒီလို အလုပ်ရုံ၊​ စက်ရုံ​တွေကို အလုပ်သမား​သမဂ္ဂ ဖြစ်​စေချင်တယ်ဆိုပြီး​ သွား​ပြောခွင့်​မရှိဘူး​။ အခု​တော့​ နည်း​နည်း​ လှုပ်ရှား​သွား​လာခွင့်​ ရလာတယ်။ အပြည့်​အဝ​တော့​ မ​ပြောင်း​လဲ​သေး​ဘူး​။ အခွင့်​အ​ရေး​ အပြည့်​အဝ မရရှိဘူး​။ ​ပြောင်း​လဲသလိုလိုနဲ့​ မ​ပြောင်း​လဲဘူး​ ဖြစ်​နေပါတယ်။”
ပြီး​ခဲ့​တဲ့​ တနှစ်အတွင်း​ မြန်မာပြည်က နိုင်ငံ​ရေး​အ​ပြောင်း​အလဲ​တွေ လျင်လျင်မြန်မြန် ဖြစ်​ပေါ်ခဲ့​သလိုပဲ အလုပ်သမား​တွေနဲ့​ ပတ်သက်လို့​လည်း​ မကြာခင်ရက်ပိုင်း​ကပဲ အစိုး​ရက အလုပ်သမား​ ဥပ​ဒေသစ်ကို အတည်ပြုခဲ့​ပါတယ်။ တရား​ဝင် မှတ်ပုံတင် ​လျှောက်ထား​ကြထား​တဲ့​ အလုပ်သမား​အဖွဲ့​တွေထဲက ၈ ဖွဲ့​ကိုလည်း​ အစိုး​ရက တရား​ဝင် အသိအမှတ်ပြု​ပေး​ခဲ့​ပါတယ်။
ဒီလို အလုပ်သမား​ဥ​ဒေ​တွေ ပြဋ္ဌာန်း​ပေး​ခဲ့​တာ၊​ အလုပ်သမား​အဖွဲ့​အစည်း​တွေ တရား​ဝင်ဖွဲ့​စည်း​ခွင့်​ပြုခဲ့​တာ​တွေဟာ အလုပ်သမား​ထုရဲ့​ လူမှုတရား​မျှတမှုနဲ့​ အလုပ်သမား​အခွင့်​အ​ရေး​ အပြည့်​အဝခံစား​နိုင်ဖို့​ ဖြစ်တယ်လို့​ ဒီ​နေ့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ ​မေ​ဒေး​နေ့​ သဝဏ်လွှာမှာ ဆိုထား​ပါတယ်။
အလုပ်သမား​အမှု​တွေကို ကူညီ​ဆောင်ရွက်​ပေး​နေတဲ့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ဒီအ​ပြောင်း​အလဲ​တွေဟာ အ​ပေါ်ယံ အ​ပြောင်း​အလဲ​တွေပဲ ဖြစ်​နေလို့​ အနှစ်သာရ အပိုင်း​မှာ ​ပြောင်း​ဖို့​ လို​နေ​သေး​တယ်လို့​ ဆိုပါတယ်။
“အခုက နိုင်ငံ​ရေး​အ​ခြေအ​နေလည်း​ ​ပြောင်း​လဲ​နေတယ်။ နိုင်ငံ​ရေး​အဖွဲ့​အစည်း​ အ​ဆောက်အဦ ပုံစံ​တွေလည်း​ ​ပြောင်း​လဲ​နေတယ်ဆိုတာ​တော့​ အား​လုံး​ ​ပြော​နေကြတဲ့​ အ​ခြေအ​နေပါပဲ။ ဒါ​ပေမယ့်​ အ​ဆောက်အအုံ​တွေ ပုံသဏ္ဌာန်​တွေ ​ပြောင်း​လဲ​နေလို့​ မပြီး​သေး​ပါဘူး​။ အနှစ်သာရအား​ဖြင့်​ ဒီမိုက​ရေစီ ယန္တရား​လည်ပတ်ဖို့​ လိုအပ်တယ်လို့​ ခံယူမိတယ်။ အခု အ​ခြေခံလူတန်း​စား​တွေဖြစ်တဲ့​ အလုပ်သမား​၊​ လယ်သမား​တွေရဲ့​ ဘဝကိုပဲ ကျ​နော်​ပြောပါရ​စေ။
“ဒီ​နေ့​လို အလုပ်သမား​နေ့​ အခါသမယမှာ အလုပ်သမား​တွေရဲ့​ လုပ်ခလစာ တိုး​တက်မြင့်​မား​လာခြင်း​ မရှိ​သေး​ပါဘူး​။ အလုပ်သမား​တွေဟာ အဖွဲ့​အစည်း​ မှတ်ပုံတင်ခွင့်​ ရလာတယ်၊​ ဆိုတဲ့​အချက်က​တော့​ ​ပြောင်း​လဲလာတယ်။ အလုပ်သမား​တွေ ဖွဲ့​စည်း​ခွင့်​ရတာပဲ ရှိ​သေး​တယ်။ စည်း​ရုံး​ခွင့်​ကို ဒီ​နေ့​အချိန်ထိ ဥပ​ဒေမှာ ပြဋ္ဌာန်း​ထား​ခြင်း​ မရှိ​သေး​ပါဘူး​။ စု​ပေါင်း​အ​ရေး​ဆိုပိုင်ခွင့်​ဆိုင်ရာ အခွင့်​အ​ရေး​ကလည်း​ အား​နည်း​နေတုန်း​ပဲ ရှိပါ​သေး​တယ်။ အခုလို အလုပ်သမား​သမဂ္ဂ​တွေ၊​ အဖွဲ့​အစည်း​တွေ ​ပေါ်​ပေါက်လာတဲ့​အချိန်မှာ ​ခေါင်း​ဆောင်​တွေသည် အလုပ်ရှင်​တွေနဲ့​ အာဏာပိုင်​တွေရဲ့​ ခွဲခြား​ဆက်ဆံခြင်း​ကို ခံရဖို့​ရှိ​နေတယ်။ အဲဒီလို ဖြစ်​နေခြင်း​ကို ဥပ​ဒေ​ကြောင်း​အရ ကာကွယ်ဖို့​လိုတယ်။ ဒီထက်ပိုဆိုး​တာက အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်း​ထား​တဲ့​ အလုပ်သမား​ သမဂ္ဂ ဥပ​ဒေကမှ အဆင့်​မီ​သေး​တယ်။ အလုပ်သမား​ သမဂ္ဂဝင်​တွေသည် အလုပ်သမား​ သမဂ္ဂအ​ရေး​ ​ဆောင်ရွက်​နေတယ်ဆိုရင် သူတို့​လုပ်ခ လစာ​တွေ ​လျော့​နည်း​ခွင့်​၊​ ဖြတ်​တောက်ခွင့်​ မရှိ​စေရဘူး​ဆိုတဲ့​ ပြဋ္ဌာန်း​ချက်မျိုး​ အင်္ဂလိပ် လက်ထက်က ပြဋ္ဌာန်း​ခဲ့​တဲ့​ အလုပ်သမား​ အစည်း​အရုံး​ ဥပ​ဒေမှာ​တောင် ပါဝင်​နေတယ်။ အခု အသစ်ပြဋ္ဌာန်း​လိုက်တဲ့​ ၂၀၁၁ အလုပ်သမား​ ဥပ​ဒေမှာ ဒီအချက်​တွေ ပါဝင်လာခြင်း​ မရှိဘူး​။”
အလုပ်သမား​အခွင့်​အ​ရေး​လှုပ်ရှား​နေတဲ့​ မစုစု​နွေး​က အလုပ်သမား​တွေရဲ့​ ဥပ​ဒေကို အလုပ်သမား​တွေ ကိုယ်တိုင်က အဆိုပြုမှ ပြည့်​စုံနိုင်မယ်လို့​ အခုလို ဆိုပါတယ်။
“အရင်ထုတ်ပြန်ထား​တဲ့​ ဥပ​ဒေနဲ့​ အခုဥပ​ဒေသစ်ကို နှိုင်း​ယှဉ်ကြည့်​ရင် အခုထုတ်ပြန်တဲ့​ ဥပ​ဒေအသစ်က အလုပ်သမား​တွေကို ပိုပြီး​တော့​ ချုပ်ကိုင်ထား​တာ ​တွေ့​ရတယ်။ ဒီဥပ​ဒေအသစ်က အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို အပြည့်​အဝ အကာအကွယ် မ​ပေး​နိုင်ဘူး​။ ဒီဥပ​ဒေအတိုင်း​ သွား​နေမယ်ဆိုရင် အလုပ်သမား​အဖွဲ့​တွေ ဘယ်​လောက်ပဲ ဖွဲ့​စည်း​ထား​ပါ​စေ၊​ အပြည့်​အဝ ခံစား​ခွင့်​ရမှာ မဟုတ်ဘူး​။ ဖွဲ့​စည်း​ထား​တဲ့​ အလုပ်သမား​သမဂ္ဂ​တွေ၊​ အဖွဲ့​အစည်း​တွေ၊​ အဖွဲ့​ဝင်​တွေက​နေ သူတို့​ကိုယ်တိုင် ​ရေး​ဆွဲ​တောင်း​ဆိုပြီး​တော့​ နိုင်ငံ​တော်ကလည်း​ ဒါကို ​လေး​လေး​နက်နက် ထား​ပြီး​ အလုပ်သမား​တွေဘက်က တင်ပြတဲ့​ ဥပ​ဒေ​တွေ၊​ မူ​တွေကို တိတိကျကျ ​ဆောင်ရွက်​ပေး​မှသာ အလုပ်သမား​တွေဘက်က ကာကွယ်​ပေး​နိုင်မှာ ဖြစ်ပါတယ်။”
အရင်နှစ်နဲ့​မတူ ​ပြောင်း​လဲသွား​တာဆိုလို့​ ဒီနှစ် ​မေ​ဒေး​နေ့​ အလုပ်သမား​နေ့​ အခမ်း​အနား​တွေကို အလုပ်သမား​တွေကိုယ်တိုင် လွတ်လွတ်လပ်လပ် ကျင်း​ပခွင့်​ရတယ်လို့​ အလုပ်သမား​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ဆိုကြပါတယ်။
ဒီလို ကိစ္စမျိုး​တွေမှာ ​ပြောင်း​လဲ​နေတယ်လို့​ ဆိုနိုင်​ပေမယ့်​ အ​ရေး​ကြီး​တဲ့​ ကိစ္စ​တွေမှာ​တော့​ ဘာမှ အ​ပြောင်း​အလဲ မရှိ​သေး​တဲ့​အ​ကြောင်း​ ကိုဖိုး​ဖြူက ကိုယ်​တွေ့​ အဖြစ်အပျက်ကို အ​ခြေခံပြီး​ အခုလို ​ထောက်ပြပါတယ်။
“ကုမ္ပဏီအတွက် လုပ်ငန်း​ရှင်​တွေအတွက် တဖက်သတ် တရား​စီရင်ပြီး​တော့​ အလုပ်သမား​အ​ရေး​အတွက် တက်ကြွ​ဆောင်ရွက်​နေတဲ့​ သူ​တွေအတွက် တဖက်သတ် အနှိပ်ကွပ်ခံ​နေရတဲ့​ အ​ခြေအ​နေသည် ကျ​နော်တို့​ အလုပ်သမား​ အခွင့်​အ​ရေး​ တက်ကြွ​ဆောင်ရွက်သူ ကျ​နော်အပါအဝင် မိတ်​ဆွေ ၁၀ ဦး​ဟာ ယ​နေ့​အချိန်ထိ ​တောင်ဒဂုံ တရား​ရုံး​မှာ တရား​စွဲဆိုမှုကို ရင်ဆိုင်​နေရတုန်း​ပဲ၊​ ​သေချာတာက​တော့​ တရား​စီရင်​ရေး​က လုံး​ဝမ​ပြောင်း​လဲတဲ့​ ခြစား​မှု​တွေ၊​ တဖက်သတ် အဂတိလိုက်စား​မှု​တွေ ​နောက်တခါ တရား​စီရင်​ရေး​ကိုယ်တိုင်က အုပ်ချုပ်​ရေး​အာဏာပိုင်ရဲ့​ ​ဆောင်ကြာမြိုင် ​နောက်​ဖေး​ပေါက် ဖြစ်​နေတဲ့​ မလွတ်လပ်မှု​တွေက ယ​နေ့​အချိန်ထိ ရှိ​နေ​သေး​တယ်လို့​ ​ပြောချင်ပါတယ်။”
နိုင်ငံတကာ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ (အိုင်အမ်အက်ဖ်)ရဲ့​ ခန့်​မှန်း​ချက်အရ မြန်မာပြည်က အလုပ်လက်မဲ့​နှုန်း​ဟာ ၂၀၁၀ တုန်း​က လူတရာမှာ ၆ ​ယောက်နီး​ပါး​ ရှိတယ်လို့​ ဆိုထား​ပါတယ်။ ၂၀၀၉ ခုနှစ် ခန့်​မှန်း​ချက်ဖြစ်တဲ့​ ၄ ဒဿမ ၉ ရာခိုင်နှုန်း​နဲ့​ နှိုင်း​ယှဉ်ရင် အ​ခြေအ​နေ နည်း​နည်း​ ပိုဆိုး​သွား​တဲ့​ သ​ဘောပါ။
သမ္မတ ဦး​သိန်း​စိန်က​တော့​ အစိုး​ရသစ်အ​နေနဲ့​ အလုပ်အကိုင်​တွေ ဖန်တီး​နိုင်ဖို့​ နိုင်ငံတဝှမ်း​မှာ စက်မှုဇုန်​တွေ ထူ​ထောင်တာ၊​ နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်လာ​အောင် ​ဆောင်ရွက်​နေတဲ့​အ​ကြောင်း​ ​မေ​ဒေး​နေ့​ သဝဏ်လွှာမှာ ​ဖော်ပြထား​ပါတယ်။
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ တရားစွဲခံထားတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းဝေဒနာ ခံစားနေရလို့ အထူးကုဆရာဝန်နဲ့ ကုသတာမျိုး၊ အပြင်ဆေးရုံမှာ ကုတာမျိုး လိုအပ်နေကြောင်း သိရပါတယ်။
news image
ဒါပေမယ့် ထောင်အာဏာပိုင်တွေက မလုပ်ပေးဘူးလို့ မနေ့က အင်းစိန်ထောင်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ဇနီးဖြစ်သူ မဌေးဌေးက RFA ကို ပြောပြပါတယ်။
သူက ရင်ဘတ်တခုလုံးနာပြီးတော့ မထိုင်နိုင်ဘူးလေ။ မှောက်ခုံကြီး မှောက်နေရတယ်။ နေမကောင်း စဖြစ်တာကတော့ ဒီနှစ်တလပိုင်းထဲကပေါ့နော်။ဖျားတယ်၊ ဖျားတယ်နဲ့ အဲကနေပြီးတော့ အသဲရောင်တယ်ပေါ့နော်။ ပြီးတော့ အသဲမှာ အကြိတ်တွေ့တယ် ဆိုတာက ၃ လပိုင်းတုန်က သိရတာပါ။ ခု အသည်းဖြစ်ပြီ ဆိုတဲ့အချိန်ကျတော့ အထူးကုနဲ့ပြဖို့ လိုပြီပေါ့နော်။ ဒါပေမယ့် အခုချိန်ထိ ထောင်မှာလာကြည့်တာမျိုးကော၊ အပြင် refer ထုတ်တာမျိုးကော ဘာမှမလုပ်သေးဘဲ ထားထားတယ်။
ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံက ဆရာဝန်တဦးက ထောင်မှာ အတ်ထရာဆောင်း လာရိုက်ပေးပေမယ့် အင်းစိန်ထောင်က ultrasound ရိုက်တဲ့စက်ကပျက်နေတော့ ရောဂါအခြေအနေကို မခန့်မှန်းနိုင်ဘူးလို့လည်း ဆိုပါတယ်။
ထောင်မကျခင်ကတည်းက ကိုဖြိုးဝေအောင်မှာ အသည်းရောင်အသားဝါ ဘီ ပိုးရှိပြီး အသည်းမှာ ပြည်တည်ခဲ့ဖူးပါတယ်။ သူ့ကို ပြင်ပဆေးရုံမှာ ဆေးကုခွင့်ရဖို့၊ အထူးကုဆရာဝန်နဲ့ ကုခွင့်ရဖို့ကို ထောင်အာဏာပိုင်တွေထံ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ မိသားစုက စာရေးတင်ပြထားပေမယ့် ခုထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ မဌေးဌေးက ပြောပါတယ်။
ထောင်ပိုင်ရယ်၊ ထောင်တာဝန်ခံအရာရှိရယ်၊ ပြီးတော့ ထောင်တာဝန်ခံ ဆရာဝန်ရယ်ကို ကိုဖြိုးဝေအောင်ရဲ့ညီ ဒေါက်တာထက်ဝေအောင်က စာရေးတင်ပါတယ်။ ပြီးတော့ မိတ္တူကို သမ္မတတို့ ဘာတို့ဆီကို ပို့ထားပါတယ်။ စာထဲမှာ အင်းစိန်ဆေးရုံမှာ ထွက်ပြီးတော့ အတ်ထရာဆောင်း ရိုက်ခွင့်ပေးဖို့ရယ်၊ အသည်းအထူးကု ဆရာဝန်နဲ့ ရီဖားထုတ်ပြီးတော့ ကုသပေးဖို့ရယ်၊ လိုအပ်တဲ့ငွေကြေးကို မိသားစုက ပေးပါ့မယ်ဆိုပြီး ကျမတို့ စာတင်ထားပါတယ်။
ကိုဖြိုးဝေအောင်ရဲ့အမှုကို လာမယ့် မေလ ၈ ရက်နေ့မှာ တရားရုံးက အမိန့်ချမှာ ဖြစ်တဲ့အတွက် အမိန့်ချပြီးတဲ့နောက် အခုလိုကျန်းမာရေး ဆိုးနေချိန် မိသာစုနဲ့ဝေးလံတဲ့ ထောင်တွေဆီ ထပ်မံပြောင်းရွှေ့ခံရမှာကို စိုးရိမ်နေတယ်လို့လည်း ကိုဖြိုးဝေအောင်ရဲ့ဇနီး မဌေးဌေးက ပြောသွားပါတယ်။
အဓမ္မအလုပ်ခိုင်း​စေမှု ၂၀၁၅ မှာ ပ​ပျောက်​အောင်လုပ်မည်ဟု သမ္မတ​ပြော
အဓမ္မအလုပ်ခိုင်း​စေမှု ၂၀၁၅ မှာ ပ​ပျောက်​အောင်လုပ်မည်ဟု သမ္မတ​ပြော
by ပီတာအောင်
လာမယ့်​ ၂၀၁၅ ခုနှစ်မှာ အဓမ္မ အလုပ်​စေခိုင်း​မှု​တွေ မြန်မာပြည်မှာ လုံး​ဝပ​ပျောက်သွား​စေဖို့​ စတင် ​ဆောင်ရွက်​နေပြီလို့​ မြန်မာသမ္မတ ဦး​သိန်း​စိန်က ​မေလ ၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ကမ္ဘာ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ်​ပေး​ပို့​တဲ့​ သဝဏ်လွှာမှာ ထည့်​သွင်း​ပြောကြား​လိုက်ပါတယ်။
news image
သမ္မတဦး​သိန်း​စိန်က ဒီမိုက​ရေစီစနစ်အရတာဝန်ယူခဲ့​တဲ့​ အစိုး​ရသစ်သက်တမ်း​ တနှစ်​ကျော် ကာလဖြစ်လို့​ နိုင်ငံမှာ တရား​မျှတ လွတ်လပ်ညီမျှခြင်း​ဆိုတဲ့​ ​လောကပါလတရား​တွေ ပိုထွန်း​ကား​စေဖို့​ အဓမ္မခိုင်း​စေမှု​တွေ မြန်မာနိုင်ငံ တဝန်း​လုံး​မှာ လုံး​ဝပ​ပျောက်သင့်​ပြီလို့​ ဆိုပါတယ်။
အဓမ္မခိုင်း​စေမှုမှာ မည်သူ တဦး​တ​ယောက်ထံကမဆို ကာယကံရှင်ရဲ့​ဆန္ဒမပါဘဲ လုပ်အား​ကို ခြိမ်း​ခြောက်ပြီး​ အတင်း​အကျပ် ရယူအသုံး​ပြုတဲ့​ အလုပ်​တွေနဲ့​ဝန်​ဆောင်မှု​တွေ ပါဝင်တယ်လို့​ဦး​သိန်း​စိန်က ​ပြောပါတယ်။
အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်​ရေး​အတွက် အလုပ်သမား​ အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ခွင့်​ပြုထား​တဲ့​အ​ကြောင်း​နဲ့​ ​ခေတ်မီ ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံ တည်​ဆောက်ရာမှာ အလုပ်သမား​ အလုပ်ရှင်နဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေက အစိုး​ရနဲ့​ ညီညီညွတ်ညွတ် ပူး​ပေါင်း​ဆောင်ရွက်ဖို့​လည်း​ သမ္မတ ဦး​သိန်း​စိန်က တိုက်တွန်း​ပါတယ်။
ဒီက​နေ့​ ကျ​ရောက်တဲ့​ ၁၂၂ ကြိမ်​မြောက် ကမ္ဘာ့​အလုပ်သမား​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​တွေကို မြန်မာနိုင်ငံတွင်း​မှာ​ရော ပြည်ပမှာပါ မြန်မာ အလုပ်သမား​တွေနဲ့​ အလုပ်သမား​အ​ရေး​ လှုပ်ရှား​သူ​တွေက ​နေရာအသီး​သီး​မှာ ကျင်း​ပခဲ့​ကြပါတယ်။
ရန်ကုန်တိုင်း​ သန်လျင်မြို့​နယ်မှာ​တော့​ အလုပ်သမား​သမဂ္ဂ အဖွဲ့​အစည်း​တွေ အများ​အပြား​ ပါဝင်တဲ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ် ​ဟော​ပြောပွဲနဲ့​ အခမ်း​အနား​ကို မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက် ပထမဆုံး​အကြိမ် လွတ်လပ်စွာ ကျင်း​ပနိုင်ခဲ့​ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ခွင့်​ရ​ရေး​နဲ့​ အလုပ်သမား​တွေရဲ့​ ဘဝ အာမခံချက်ရှိ​ရေး​ဟာ မြန်မာအလုပ်သမား​ထု​တွေ အတွက် အ​ရေး​အကြီး​ဆုံး​ ဖြစ်တယ်လို့​ လွတ်လပ်​သော အလုပ်သမား​သမဂ္ဂများ​ ဖြစ်​မြောက်​ရေး​ကော်မတီက ဦး​ထွန်း​ထွန်း​နိုင်က ​ပြောပါတယ်။
“မြန်မာပြည်မှာရှိတဲ့​ အလုပ်သမား​ပြဿနာဟာ အဓမ္မ အလုပ်ခိုင်း​စေမှု ပြဿနာ တခုတည်း​ မဟုတ်ပါဘူး​။ အလုပ်သမား​သမဂ္ဂ​တွေ လွတ်လပ်စွာ ဖွဲ့​စည်း​ခွင့်​ရရှိဖို့​ ဖြစ်တယ်။ အလုပ်သမား​တွေမှာ သူတို့​ရဲ့​လုပ်အား​နဲ့​ ညီမျှတဲ့​ လုပ်ခလစာ ရရှိဖို့​ဖြစ်တယ်။ အလုပ်သမား​တွေရဲ့​ ဘဝအာမခံချက်ရရှိ​ရေး​ ဖြစ်တယ်။ ဒါက အလုပ်သမား​တွေအတွက် အ​ရေး​ကြီး​တဲ့​ ပြဿနာပါ။ အဓမ္မ လုပ်အား​ပေး​ ပြဿနာဆိုတာ အလုပ်သမား​တွေရဲ့​ ပြဿနာထဲမှာ အစိတ်အပိုင်း​တခုပဲ ဖြစ်ပါတယ်။”
ဒီအခမ်း​အနား​မှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​၊​ အလုပ်သမား​ လယ်သမား​ရေး​ဆောင်ရွက်သူ မစုစု​နွေး​နဲ့​ အလုပ်သမား​ အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေ ​ဟော​ပြောခဲ့​ကြပြီး​ ​ဆောင်း​ဦး​လှိုင်၊​ အနဂ္ဂ၊​ သံသာဝင်း​စတဲ့​ အနုပညာရှင် တချို့​လည်း​ ပါဝင် တက်​ရောက်ခဲ့​ကြပါတယ်။
မြန်မာအလုပ်သမား​တွေဟာ ၁၉၈၈ ကာလတုန်း​က မဆလ တပါတီ အာဏာ ရှင်စနစ် ပြုတ်ကျသွား​အောင် လုပ်ခဲ့​တဲ့​ အ​ရေး​အပါဆုံး​ အင်အား​စုဖြစ်တယ်လို့​ အခမ်း​အနား​မှာ ကိုကိုကြီး​က အလုပ်သမား​တွေကို ဂုဏ်ပြုစကား​ ​ပြောကြား​သွား​ပါတယ်။
“၁၉၈၈ ခုနှစ် နိုင်ငံလုံး​ကျွတ် လူထုလှုပ်ရှား​မှုကြီး​မှာ ကျ​နော်တို့​ တက္ကသိုလ် ​ကျောင်း​ဝင်း​တွေက​နေ စခဲ့​တယ်ဆို​ပေမယ့်​ တကယ့်​အဆုံး​အဖြတ် ​ပေး​သွား​တဲ့​ အစိုး​ရ ယန္တရား​တခုလုံး​ ရပ်တန့်​သွား​အောင် လုပ်ခဲ့​တဲ့​ အ​ရေး​ပါဆုံး​ အင်အား​စုက အလုပ်သမား​ထုပါ။ အဲဒီအလုပ်သမား​ထုသာ သပိတ်ထဲမှာ ပူး​ပေါင်း​ပါဝင် မလာခဲ့​ရင် တပါတီအာဏာရှင်ရဲ့​ ယန္တရား​ဟာ ဆက်ပြီး​သက်ဆိုး​ရှည်​နေဦး​မှာ။ အဲဒီလို ကျ​နော်တို့​ နိုင်ငံရဲ့​ခေတ်​ပြောင်း​၊​ စနစ်​ပြောင်း​ ​တော်လှန်​ရေး​တခုကို အဓိကကျခဲ့​တဲ့​ အင်အား​စုတခုအဖြစ်နဲ့​ ကျ​နော်တို့​ ​ကျောင်း​သား​ထုနဲ့​ အလုပ်သမား​ထုနဲ့​ ​အောင်​အောင်မြင်မြင် ပူး​ပေါင်း​ဆောင်ရွက်နိုင်ခဲ့​တာဟာ ကျ​နော်တို့​နိုင်ငံရဲ့​ ဒီမိုက​ရေစီ ​ပြောင်း​လဲ​ရေး​မှာ အ​ရေး​အပါဆုံး​ ​သော့​ချက်လို့​ ​ပြောလို့​ ရပါတယ်။”
အလား​တူ မြန်မာနိုင်ငံက ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ အများ​အပြား​ လာ​ရောက် အလုပ်လုပ် ကိုင်​နေတဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်၊​ ချင်း​မိုင်၊​ မဲ​ဆောက်မြို့​စတဲ့​မြို့​တွေမှာလည်း​ ​မေ​ဒေး​နေ့​ လှုပ်ရှား​မှု​တွေနဲ့​ အခမ်း​အနား​တွေ ကျင်း​ပခဲ့​ကြပြီး​ အလုပ်ချိန်၊​ လုပ်အား​ခ စတဲ့​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​ အခွင့်​အ​ရေး​တွေ ပြည့်​ပြည့်​ဝဝရရှိ​ရေး​နဲ့​ ဖိနှိပ်မှု​တွေက​နေ ကင်း​လွတ်​ရေး​အတွက် ​တောင်း​ဆိုခဲ့​ကြပါတယ်။
မနန်းဝိုးဖန်အမှု အမျိုးသား လွှတ်တော် ဥက္ကဌထံ တင်ပြမည်
မနန်းဝိုးဖန်အမှု အမျိုးသား လွှတ်တော် ဥက္ကဌထံ တင်ပြမည်
by အောင်သက်ဝိုင်း
အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားရသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်အမှုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က စုံစမ်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ တိုက်ရိုက် တင်ပြမည် ဖြစ်ကြောင်း သိရသည်။
news image
မနန်းဝိုးဖန် အမှုကို လွှတ်တော်ဥက္ကဋ္ဌထံသို့ တိုက်ရိုက် အသိပေးတိုင်ကြားမည်ဖြစ်ပြီး လွှတ်တော်တွင် တင်ပြမည်မဟုတ်ဟု လည်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
“လွှတ်တော်ထဲမှာ အဆို၊ မေးခွန်းတင်တာမျိုးမလုပ်တော့ဘူး။ လွှတ်တော်ကလည်း ပြီးကာနီးနေပြီဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကိုပဲ တိုက်ရိုက်တင်လိုက်မှာပါ” ဟု ဦးဖုန်းမြင့်အောင် ကရှင်းပြသည်။
မနန်းဝိုးဖန်၏ မိသားစုဝင်များကလည်း အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဥပဒေနှင့် ညီညွတ်ရန်၊ အဖြစ်မှန် ပေါ်ပေါက်ရန် တို့ကို လိုလားကြကြောင်း သိရသည်။
“မနန်းဝိုးဖန် ခင်ပွန်း ဂျပန်ရော၊ မိသားစုဝင်တွေကရော ဦးဖုန်းမြင့်အောင်ဆီကို သူတို့ရဲ့တိုင်စာတွေ တင်ပြကြတယ်။ ဦးဖုန်းမြင့် အောင် ကလည်း သူစုံစမ်းထားသလောက် ဥပဒေနဲ့ညီ၊ မညီဆိုတာတွေကိုစာရေးပြီး လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြမယ်လို့ ပြောတယ်။ အဓိကက ဒီကိစ္စက ဥပဒေနဲ့ညီ၊ မညီဆိုတာ အဓိကပါပဲ။ ဘာကြောင့် သေသလဲ၊ ဘယ်လို သေခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ အဖြစ် မှန်တွေ ပေါ်ပေါက်ဖို့ပဲ မိသားစုဝင်တွေက လိုလားကြတာ”ဟု မနန်းဝိုးဖန်၏ မိသားစုဝင် တဦးက ဧရာဝတီသို့ ပြောသည်။
မနန်းဝိုးဖန်သေဆုံးမှုနှင့်ပတ်သက်ပြီး စသုံးလုံး ဌာနကို အမှုဖွင့်ရန် ကြိုးစားခဲ့ကြသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လက်ခံခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲမိုတိုဟိကိုနှင့် ပေါင်းသင်းနေထိုင်သူ မနန်းဝိုးဖန်က ဂျပန်နိုင်ငံသား၏ ပိုင်ဆိုင်မှုငွေကြေးများနှင့် အမည်ခံ ၀ယ်ယူထားသော မြေကွက်များကိစ္စနှင့် စပ်လျဉ်းပြီး မနန်းဝိုးဖန်ကို စသုံးလုံးက ခေါ်ယူစစ်မေးစဉ် ဥပဒေမဲ့ စစ်ဆေးမှုများကြောင့် သေဆုံးရသည်ဟု ဆိုကာ မနန်းဝိုးဖန်၏ မိသားစုဝင်များက စွပ်စွဲပြောဆိုနေကြသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဧရာဝတီက စသုံးလုံးကို ဆက်သွယ်ခဲ့ရာ တရားဝင်ဖြေကြားမည့်သူမရှိဟုသာ ပြန်လည်ပြောဆို ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနကလည်း မနန်းဝိုးဖန်အမှုကို အထူးခုံရုံးဖွဲ့စစ်ဆေးနေသော်လည်း စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက်ပြီး မီဒီယာများသို့ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မနန်းဝိုးဖန်သည် ရှမ်းတိုင်းရင်းသူတဦးဖြစ်ပြီး ဗမာစကား ကျွမ်းကျင်စွာတတ်မြောက်ခြင်းမရှိဘဲ သေဆုံးချိန်တွင် အသက် ၂၀ ခန့် သာရှိသေးကာ ၎င်း၏ဈာပနအခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ထိန်ပင် သုသာန်တွင် ကျင်းပသဂြုင်္ိဟ်ခဲ့ကြောင်း သိရှိရသည်။
မနန်းဝိုးဖန်နှင့် ရှေ့နေဖြစ်သူ မအိအိအောင်ကို မတ်လ၂၁ ရက်နေ့က စသုံးလုံးရုံးရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ၅ ထပ် အဆောက်အအုံတွင် နေအိမ်သို့ ပြန်ခွင့်မပြုဘဲ ၃ ရက်တိတိ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
မတ်လ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မနန်းဝိုးဖန်သည် ခေါ်ယူစစ်ဆေးနေသော ၅ ထပ် စသုံးလုံး အဆောက်အအုံပေါ်မှ ရုတ် တရက် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ကချင်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်
ကချင်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်
By စံမိုးဝေ
ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ သွေးထွက် သံယို မှု တွေကို ရပ်စဲအောင် လုပ်ဆောင်ကြဖို့ မစ္စတာ ဘန်ကီမွန်း က တိုက်တွန်း လိုက်ချိန်မှာဘဲ လက်ရှိ ကချင်ပြည်နယ် အတွင်းမှာတော့ တိုက်ပွဲတွေက ဆက်လက်ပြီး ဖြစ်ပွားနေတာပါ။ ဒါ့အပြင် ဒီတိုက်ပွဲတွေ နဲ့ ပတ်သက်ပြီး ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ နဲ့ မြန်မာ အစိုးရ တပ်တွေ ကြားမှာလည်း အပြန်အလှန် စွပ်စွဲမှု တွေ ထွက်ပေါ်နေပါတယ်။ အကဲခတ် စောင့်ကြည်သူတွေကတော့ နှစ်ဘက်အကြားမှာ အပစ်ရပ် ငြိမ်းချမ်းရေး ရဖို့ ထက် တိုက်ပွဲတွေ တိုးလာဖို့က ပိုများနေတယ် လို့ သုံးသပ်ကြပါတယ်။
news image
မြန်မာ အစိုးရက တိုင်းရင်းသား လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေ နဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ သဘောတူညီမှုတွေ ပြုလုပ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ မြန်မာ နိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် အတွင်းမှာတော့ ပစ်ခတ် တိုက်ခတ်မှုတွေ ဗုံးကွဲတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ အစိုးရပိုင် သတင်းစာ ဖြစ်တဲ့ မြန်မာ့ အလင်း သတင်းစာ မှာ ဆိုရင်လည်း ကေအိုင်အေ၊ ကချင် လွတ်မြောက်ရေး တပ်မတော် က ပစ်ခတ်တဲ့ အတွက် ဒေသခံ ပြည်သူတွေ သေကြေရတယ်။ မန္တလေး မြစ်ကြီးနား အထူး အိပ်စင် ရထားကို မိုင်းခွဲတဲ့ အတွက် ရထားတွဲတွေ တိမ်းမှောက်ခဲ့ရတယ် လို့ ရေးသားထားပါတယ်။ ကေအိုင်အေ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကတော့ ကေအိုင်အေ ဟာ ပြည်သူလူထု စီးနင်းတဲ့ မီးရထားကို တိုက်ခိုက်တယ် ဆိုတာ မဟုတ်ပါဘူး လို့ ငြင်းပါတယ်။
“အဲဒီဒေသ ဟာ စစ်ကိုင်းတိုင်း နဲ့ နယ်စပ်ဖြစ်သွားပြီခင်ဗျ။ ကျနော် တို့ရဲ့ ကချင် တပ်ဖွဲ့ဝင်တွေ အဲဒီ လောက် မိုးညှင်းအောက် အထိ သွားလာ လှုပ်ရှားနိုင်တဲ့ ဒေသ မဟုတ်ဘူး ခင်ဗျ။ နောက်ပြီးတော့ ဒီ သံလမ်းဘက်မှာလည်း ကိုက် ၂၀၀ လောက် မှာ သူတို့ လုံခြုံရေး စခန်းတွေ၊ လုံခြုံရေး ကင်းတွေ ချထားပြီး အချိန်ပြည့် ကားလမ်း လုံခြုံရေး၊ ရထားလမ်း လုံခြုံရေး ယူထားတဲ့ အစိုးရ တပ်ဖွဲ့ဝင် တွေရှိတယ်။ ရဲတွေ ရှိတယ်။ ဒါကြောင့် အဲဒီ ဖြစ်သွားတဲ့ ရထားလမ်း မိုင်းကွဲတယ် ဆိုတဲ့ ကိစ္စဟာလည်း သူတို့က ကေအိုင်အေ ဆိုပြီး စွပ်စွဲတာမျိုး ရှိတယ်။ သက်သေ အထောက်အထားတော့ ပြနိုင်သလား တော့ မသိဘူး ခင်ဗျ။ ဒါပေမဲ့ ခုနက ပြောသလိုပါဘဲ။ ဒီ လောက်ကြီး ကချင် ပြည်နယ် ရဲ့ အောက်ပိုင်း စစ်ကိုင်းတိုင်း နယ်စပ်အထိ ကျနော် တို့ တပ်ဖွဲ့တွေ လှုပ်ရှား ဖို့လည်း ကျနော် တို့ ဘက်မှာလည်း လမ်းပန်းဆက်သွယ်ရေးလည်း အဲဒီလောက်ကြီး မရှိဘူး။ အဲဒီ ဘက်မှာ တပ်ဖွဲ့တွေ မရှိဘူး ခင်ဗျ။ ဒါကြောင့် သူတို့ စွပ်စွဲချက် ဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ။”
ကချင် ကေအိုင်အို အဖွဲ့ ထိန်းချုပ်ရာ နယ်မြေတွေ မှာ အပြန်အလှန် ပစ်ခတ်နေတယ် ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေတာ နဲ့ ပတ်သက်ပြီးတော့လည်း ဦးလနန် က အခုလို ပြောပါတယ်။
“လက်နက်ကြီးတွေ ပစ်တာတော့ အဓိက က အစိုးရ တပ်တွေ ပစ်တာပါ။ ရွာထဲကို ပရမ်းပတာ ပစ်တာမျိုးလည်း သူတို့ပဲ လုပ်ကြတာဘဲ ခင်ဗျ။ မနေ့က ည ကလည်း သူတို့ ကန်တောင်ကနေ ပြီး ဂျာဒါ ဘက်ကို လက်နက်ကြီးတွေ နဲ့ တလစပ် ပစ်တာမျိုးတွေ ရှိတယ်။ ကျနော် တို့ဘက် က တော့ အဲဒီလို ဟာမျိုး လက်နက်ကြီးတွေ နဲ့ တလစပ် ပစ်ဖို့ အလုံအလောက် အဲဒီ လောက်ကြီး မရှိဘူး ခင်ဗျ။ ထိန်းထိန်း သိမ်းသိမ်း နဲ့ ပဲ ကျနော် တို့ အသုံးပြုနေရတာပါ။”
ပြီးခဲ့တဲ့ မတ်လ တုန်းက အပစ်ရပ် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု တွေ စတင်ပြုလုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာ အစိုးရဘက် ကနေ လေကြောင်းတိုက်ခိုက်မှု တွေ ပါ တိုးလာတယ် လို့ ဦး လနန် က ပြောပါတယ်။
ဒီလို တိုက်ခိုက်မှု တွေ ပြုလုပ်နေရင်းနဲ့ တဖက်ကလည်း ကေအိုင်အို ဘက်က နေ ငြိမ်းချမ်းရေး အတွက် အဟန့် အတားတွေ လုပ်ဆောင် နေပါတယ် ဆိုပြီး တဖက်သတ် ပြောဆိုနေတယ် ဆိုပြီး ဦးလနန်က ပြောပါတယ်။ ကေအိုင်အေ အနေနဲ့ လိုအပ်တဲ့ ခုခံမှုတွေကို တော့ လုပ်ရမှာဘဲ လို့ သူက ပြောပါတယ်။
“ကျနော် တို့ ဘက်ကလည်း တိုက်လို ခိုက်လို တဲ့ ဆန္ဒကြီး ဒီလောက်ကြီး ပြင်းပြတာတော့ မရှိပါဘူး။ ဒါပေမဲ့ အစိုးရ တပ်က နေပြီး ကျနော် တို့ ရဲ့ တပ်စခန်းတွေကို ဝင်ရောက်ပြီးတော့ ပစ်ခတ်တာ မျိုး ထိုးစစ် ဆင်လာတဲ့ အခါမှာတော့ ကျနော် တို့ ဘက်က တတ်နိုင်တဲ့ ဘက်က ပြန်ပြီး ခုခံတဲ့ နည်းနဲ့ တိုက်ပွဲတွေ တော့ လုပ်ရမှာဘဲ။ ဒီအတိုင်း ငြိမ်ခံ လို့တော့ မဖြစ်ဘူး ခင်ဗျ။”
အခုလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတွင်းမှာ စစ်ပြေးဒုက္ခသည် တွေ လျှော့ပါးသွားတယ် ဆိုတာ မရှိဘဲ တိုးတိုး လာနေတာဘဲ ရှိတယ် လို့ ဦးလနန် က ဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက လွှတ်တော် အတွင်း မိန့်ခွန်း ပြောဆိုခဲ့ရာမှာ တခြား လက်နက် ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ရေး အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပေမဲ့ ကချင်ပြည်နယ်မှာတော့ အခုထိ အဆင်မပြေသေးဖူး ဖြစ်နေတယ်။ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး သဘောတူညီ မှု ကနေ ရလာမယ့် ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးမှု အခွင့်အလန်းတွေကို ကချင်ပြည်သူတွေလည်း ရရှိသင့်တယ် လို့ ပြောကြားသွားပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ကချင် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးနော်ဒင်းကတော့ လက်ရှိ မြင်တွေ့ နေရတဲ့ အနေအထားအရ ကချင် ဒေသမှာ ငြိမ်းချမ်းရေး ရဖို့ ဆိုတာ ထက် စစ်ရိပ်သန်းတဲ့ အရိပ်အရောင်တွေဘဲ ပိုများနေတယ် လို့ ဆိုပါတယ်။
“ကျနော်နည်းနည်း မြင်တာကတော့ အဓိက ကတော့ အစိုးရနဲ့ ကေအိုင်အို အကြားမှာ နိုင်ငံရေး အရ ဆွေးနွေးမှု ကတော့ လောလောဆယ်က သူတို့ မှာ မရှိဘူးပေါ့နော်။ အဲဒီ အခြေအနေကို မြင်တယ်။ ဘာလို့လဲ ဆိုတော့ အစိုးရဘက် က အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတော့မှ အရင် က နဝတ၊ နအဖ လုပ်တဲ့ အစီအစဉ် ပုံစံ လို သူတို့ ရဲ့ စစ်ရေး ကို အရင်လုပ်ပြီးတော့ မှ နိုင်ငံရေး ကို နောက်မှ ဆွေးနွေးဖို့ အတွက်၊ ဒါပေမဲ့ ဒီ အစိုးရ တော့ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံ ပြီးတော့ မှ နိုင်ငံရေး ဆွေးနွေးဖို့ အတွက် ဦးတည်သွားတာ ဖြစ်တယ်။ အဲဒါ ကို ကေအိုင်အို ဘက်က လုံးဝ လက်မခံ ဘူး။ ကေအိုင်အို ကတော့ နိုင်ငံရေး ပြဿနာ ဆိုတာ ပင်လုံ က နေစ လာတာ ဆိုတာ ကို အခိုင်အမာ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဒီပင်လုံ ကို အခြေခံ တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကို ဦးတည် သွားဖို့ အတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပြုပြင်ပြီးမှ ဆွေးနွေးရမယ် ဆိုတဲ့ အချက် ကို ကေအိုင်အို ဘက် အခိုင်အမာ တင်ပြထားတာ ဖြစ်တယ်။ ဒီနှစ်ခု ကို သူတို့ ညှိလို့ မရတဲ့ အတွက် အခု အခြေအနေမှာ စစ်ရေးကတော့ ပိုပြီးမှ ၊ စစ်ရေး ဘက်ကို ပိုပြီး ဦးတည် လာတဲ့ အခြေအနေ ဖြစ်တယ် ဆိုတဲ့ ဟာကို ကျနော့် အနေနဲ့ သုံးသပ်ပါတယ်။”
ကချင် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးနော်ဒင်းပါ။
မြန်မာ အစိုးရ ရဲ့ သတင်းစာတွေ မှာ ကချင် လက်နက်ကိုင် အဖွဲ့တွေ ရဲ့ လက်ချက်ကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိတယ် ဆိုတဲ့ သတင်းတွေ ရေးသား နေသလို ကချင် လွတ်မြောက်ရေး အဖွဲ့ကလည်း မြန်မာ အစိုးရ တပ်တွေက တိုက်ခိုက်လို့ ပြန်ပြီး ခုခံနေရတယ် လို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်
ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်တွေနဲ့ ကချင်လွပ်မြောက်ရေးတပ် KIA အကြား၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာ၊ တနင်္လာနေ့ မနက်ပိုင်းကလည်း တိုက်ပွဲ ၂ ခု ဖြစ်ပွားခဲ့ ပါတယ်။ တနင်္လာနေ့ မနက် (၇) နာရီ ခွဲ လောက်က မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်က ဝိုင်းမော် မြို့နယ် ‘ဂါးရာယန် ’ ရွာမှာ အစိုးရ တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်မဟာ (၅)၊ တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
news image
တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာ ရမှုတွေ ရှိကြောင်း သိရပေမဲ့ အရေအတွက်ကိုတော့ မသိရ သေးပါ။
နောက်ထပ် တိုက်ပွဲတခု ဖြစ်ပွားခဲ့တဲ့ နေရာကတော့ ‘ဒိန်ဂါ’ရွာ အနားမှာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ မိုင်းထိတာ အပါအဝင် အပြန်အလှန် ပစ်ခတ်မှု တွေကြားမှာ အစိုးရ စစ်တပ်ဘက်က (၃)ဦး သေကျေ ထိခိုက်ဒဏ်ရာရသွားကြောင်း KIA ဘက်က ပြောပါတယ်။
တနင်္ဂနွေနေ့ လည်ပိုင်းပိုင်းကလည်း ကချင်ပြည်နယ် ‘ ချီဖွေ ’ ဒေသတွင်းမှာ ဝိုင်းမော် ဒေသဘက်ကနေ ကား(၁၀) စီးလောက်နဲ့ တက်လာတဲ့ အင်အား(၂၀ဝ)ဝန်းကျင်ရှိ အစိုးရ စစ်တပ်မှ တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်ဖွဲ့ဝင်တွေ အကြား တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ KIA ရှေ့တန်း စစ်ဖက်ရပ်ကွက်တွေ ကပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ ချီဖွေမြို့နယ်အတွင်း‘လုပီး’ ရွာမှာ NDA-K ကနေ ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ နယ်ခြားစောင့် တပ်ရင်းဌာနချုပ်ကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ် လို့ အစိုးရဘက်က ဖေါ်ပြခဲ့တဲ့ တပ်တွေဟာလဲ KIA တပ်မဟာ (၁) ရဲ့ လက်အောက်ခံ တပ်တွေပဲ ဖြစ်ကြောင်း သိရပါတယ်။
KIA ရဲ့တပ်မဟာ (၁) နယ်မြေဟာ ဧရာဝတီ မြစ် အရှေ့ဘက်ကမ်း တလျှောက်ကနေ ဆွန်ပရာဘွန် အထိ ရှည်လျားတဲ့ စစ်နယ်မြေတခု ဖြစ်တယ်လို့လည်း သိရပါတယ်။
KIO အပေါ် ထိုးစစ်ဆင်ရန် မြန်မာစစ်တပ် စစ်ပြင်နေပြီဟု စစ်ရေးလေ့လာသူဆို
KIO အပေါ် ထိုးစစ်ဆင်ရန် မြန်မာစစ်တပ် စစ်ပြင်နေပြီဟု စစ်ရေးလေ့လာသူဆို
တရုတ်နယ်စပ် လိုင်ဇာမြို့ အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက် ရန် မြန်မာစစ်တပ်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော် ဇောက သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။
news image
ဧပြီလ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့ အခြေစိုက် မပခ စစ်တိုင်းရုံး၌ ရမခ၊ မပခစစ်တိုင်းမှူးများနှင့် ကစထမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင် ပါဝင်တက်ရောက်သည့် စစ်ဆင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်မှ စစ်ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသည့်အပေါ် ယခုလိုသုံးသပ်၍ ပြောဆိုခြင်း ဖြစ်သည်။
“ရရှိထားတဲ့ အခြေအနေတွေပေါ်က စဉ်းစားရင် မကြာခင်အချိန်အတွင်းမှာ ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ မပခ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပူးတွဲပြီး လိုင်ဇာ ပဲဖြစ်ဖြစ် မိုင်ဂျာယန်ပဲဖြစ်ဖြစ် KIA လွတ် မြောက် ဒေသ စခန်းတစ်ခုခုကို ထိုးမဲ့ စစ်ဆင်ရေးမျိုးလုပ်လာမယ်လို့ ယူဆတယ် ” ဟု သူကဆိုသည်။
ယခုရက်ပိုင်း မြန်မာအစိုးရတပ်များ ဗန်းမော်မြို့သို့ ရေလမ်းမှတဆင့် ပို့ဆောင်နေပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် လည်း သွေးလှူကြရန် လှုံ့ဆော်နေခြင်းမှာ ထိုးစစ်ဆင်မည့် လက္ခဏာဖြစ်ကြောင်း သူက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးပြုလုပ်မည့် အချိန်မှာ လက်ရှိမြန်မာနိုင်ငံ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း ပြန်လည်ထွက်ခွာမည့် အချိန်နှင့် ဒုသမ္မတ ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO တို့ ဆွေးနွေးပွဲ မဖြစ်မှီစပ်ကြား အချိန်ကိုက် ပြုလုပ်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုသည်။
KIO ဋ္ဌာနချုပ်လိုင်ဇာမြို့အား သိမ်းပိုက်ရန် အစီအစဉ်မရှိဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ရထားပို့ ဆောင် ရေးဝန်ကြီးက ဧပြီလ ၂၉ ရက်နေ့က အတည်ပြု ပြောကြားထားသည့်တိုင် စစ်ရေးအစီအစဉ်မှာအဆို ပါ ပြောဆိုမှုနှင့် ကွဲလွဲနိုင်သည်ဟု ဆိုသည်။
“ကျနော့ အမြင်ကတော့ ဒီဆွေးနွေးပွဲ မဖြစ်ခင်စပ်ကြားမှာ KIA ကို အပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပုံရတယ် ပြီးခဲ့ တဲ့ ပန်ဝါမှာ သတ်ဖြတ်မှုတို့ မီးရထားလမ်းမိုင်းကွဲမှုတွေကို အစိုးရသတင်းစာထဲမှာ KIA လုပ်တယ်လို့ ပြော ထားတယ် ပြီးခဲ့တဲ့ အောင် ဇေယျ စစ်ရေးလေ့ကျင့်မှုထဲမှာလည်း KIA နဲ့ပတ်သက်တာ ၂ ခု ၃ ခုပါတယ် လက်ရှိမှာလည်း အမြောက်တွေနဲ့ပစ်ပြီး ခြိမ်းခြောက်နေတယ် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ မြင်တယ် ” ဟု သူက ဆက်ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း KIAနှင့် အစိုးရတပ်တို့ နှစ်ဘက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဒုက္ခသည် ဦးရေလည်း ထပ်တိုးလာနေကြောင်း သိရသည်။
SSPP/SSA အား စစ်ဝတ်စုံအပြည့်ဖြင့် မတွေ့လိုဟု စကခ ၁၆ မှူးပြော
SSPP/SSA အား စစ်ဝတ်စုံအပြည့်ဖြင့် မတွေ့လိုဟု စကခ ၁၆ မှူးပြော
သျှမ်းပြည်တပ်မတော်အား စစ်ဝတ်စုံအပြည့်ဖြင့် လှုပ်ရှားသွားလာသည်ကိုမတွေ့လိုကြောင်း မြန်မာအစိုးရ၏ စကခ ၁၆ က ပြောကြားလိုက်သည်ဟု နီးစပ်သည့် လားရှိုးဒေသခံတဦးကပြောသည်။
news image
“လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာလှုပ်ရှားနေတဲ့ သျှမ်းစစ်သားတွေ စစ်ဝတ်စုံအပြည့်နဲ့ မမြင်ချင်ဘူးလို့ပြောတယ်။ ဆိုလိုတာက ဌာနချုပ်ဖက်ကိုဆုတ်ပေါ့။ တကယ်တော့ သျှမ်းစစ်သားတွေက မြို့ထဲလဲမလာဘူး။ ကားလမ်းမှာတောင် မတွေ့ ဘူး” သိန္နီမြို့နေ ဒေသခံအမျိုးသားတဦးကပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA အား ၎င်းလှုပ်ရှားနေသည့် ဒေသအတွင်း စစ်ဝတ်စုံအပြည့်နှင့်မတွေ့လို မမြင်လိုဟု စကခ ၁၆ မှူး ဗိုလ်မှူးကြီး နေဝင်းအောင်က ယခင်အပတ်က လက်အောက်ခံတပ်မှူးများအားပြောကြားကြောင်း တပ်တွင်းနှင့် နီးစပ်သူ သိန္နီဒေသခံ တဦးကလဲ ပြောပါသည်။
၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်မှ တပ်မှူးတဦးက- “ ကျနော်တို့ ရောက်တဲ့နေရာမှာဘဲ ဆက်လက်လှုပ်ရှား သွား မယ်။ ဗဟိုကနေ တပ်ဆုတ်ဖို့ အမိန့်မချမချင်း လုံးဝဆုတ်မှာမဟုတ်ဘူး” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
ပြည်နယ်အဆင့် ပထမ ဆွေးနွေးပွဲတွင် တက်ရောက်လက်မှတ်ထိုးခဲ့သည့် SSA တောင်ပိုင်း ဗိုလ်မှူးချုပ်စိုင်းလူးကလည်း “ စစ်ဝတ်စုံဝတ်ရမယ်၊ မဝတ်ရဘူးကိစ္စဟာ ပြီးခဲ့တဲ့အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်မရှိသေးတော့ နောက်ထပ်ကျင်းပမယ့် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးသွားရပါလိမ့်မယ်” ဟု ပြောကြားသည်။
ဧပြီလ ၂၄ ရက် ကလည်း အရှေ့မြောက်ပိုင်းတိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးဝင်းသိန်း က စိန်ကျော့ဘက်သို့ မြန်မာစစ်တပ်မှ စစ်ကြောင်းထွက်မည် ဖြစ်သဖြင့် SSPP/SSA မှ စစ်ဝတ်စုံဝတ်သွားလာလှုပ်ရှားခြင်းမပြုရန် အမိန့်ထုတ်ဆင့်ဆိုခဲ့၏။
သို့သော်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်မည်သို့ပင်ရေး ထိုးစေကာမူ တဖက်လှုပ်ရှားနယ်မြေအတွင်း တခြားတဖက်ကသွားလာလှုပ်ရှားပါက ပစ်ခတ်တိုက်ခိုက်ရမည်မှာဖြစ်ကြောင်း ကျောက်မဲ အခြေစိုက် စကခ(၁)မှူး က လည်းပြောဆိုခဲ့၏။ SSPP/SSA တွင် တပ်မဟာ ၈ ခုရှိပြီး သျှမ်းပြည် မြောက်ပိုင်း၌ ၃ ခု၊ သျှမ်းပြည်တောင်ပိုင်း၌ ၅ ခု ထားရှိသည်။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ခေါ် SSPP/SSA နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဂျန္နဝါရီ ၂၈ ရက်၌ အပစ်ရပ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက်ပိုင်း ယနေ့အထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း အမည်မဖေါ်လိုသည့် SSA အရာရှိ တဦးက ပြောပြသည်။
ခနောက်စိမ်း တူးဖော်ရေးလုပ်ငန်း KNU ရပ်ဆိုင်းမည်
ခနောက်စိမ်း တူးဖော်ရေးလုပ်ငန်း KNU ရပ်ဆိုင်းမည်
by ကျော်ခ
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်မှုအောက်ရှိ ခနောက်စိမ်းတူးဖော်ရေး လုပ်ငန်းအချို့ကို ဒေသခံတို့၏ တောင်းဆိုမှုဖြင့် ဧပြီလကုန်တွင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူများက ပြောသည်။
news image
KNU ထံ အခွန်ဆောင်၍ ဖာပွန်နှင့် မွန်ပြည်နယ် သထုံခရိုင်အကြား၌ တူးဖော်နေသော ခနောက်စိမ်းလုပ်ငန်းများကြောင့် ဒေသခံတို့၏ စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးမှုများ ဖြစ်သည်ဟုဆိုကာ၊ ကာယကံရှင် တောင်သူလယ်သမားများက တိုင်ကြားလာသဖြင့် ရပ်ဆိုင်းရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဆိုသည်။
“လူထုတွေအတွက်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာဖြစ်မယ့် နေရာတွေကို ပိတ်ပေးရမှာပါ။ လူထုတွေက တောင်းဆိုလာလို့ ပိတ်တာ ဒါပထမဆုံးတော့ မဟုတ်ဘူး။ အရင်ကလည်း ရွှေတွင်းတော်တော်များများ ပိတ်ပေးခဲ့တာပဲ” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။
KNU ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ၇ ခုထဲမှ တပ်မဟာ ၁ တွင် ခနောက်စိမ်း၊ ၂ နှင့် ၃ တို့တွင် ရွှေထွက်ရှိပြီး၊ ၄ တွင် ကျောက်မီးသွေး၊ ၅ တွင် ခနောက်စိမ်းနှင့် ရွှေ၊ ၆ တွင် ခနောက်စိမ်းနှင့် ၇ တွင် သွပ် အမျိုးအစားများ ထွက်ရှိကြောင်း KNU သတ္ထုတွင်းဌာနနီးစပ်သူများနှင့် ထိုနေရာများကို လေ့လာနေသော သဘာဝ ပတ်ဝန်းကျင်အဖွဲ့များထံမှ ဧရာဝတီက စုံစမ်းသိရှိရသည်။
လတ်တလောတွင် တပ်မဟာ ၆ ဒူးပလာယာခရိုင်တွင် ခနောက်စိမ်း ထုတ်လုပ်မှုနှင့် ရှာဖွေမှု အများဆုံး ပြုလုပ်နေသကဲ့သို့ ညောင်လေးပင်ခရိုင်အတွင်းရှိ တပ်မဟာ ၃ နယ်မြေတွင်လည်း ရွှေတူးဖော်ရေးလုပ်ငန်းများ အများဆုံး ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
ဓာတ်သတ္ထု တူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေး၊ လုပ်ကိုင်ဆောင်ရွက်ရေးများနှင့် ပတ်သက်၍ သက်ဆိုင်ရာခရိုင်များကို လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးထားပြီးဖြစ်ကြောင်း KNU သတ္ထုတွင်းဌာန အကြီးအကဲ ဗိုလ်မှူးစိုးစိုးက ဧရာဝတီသို့ ပြောသည်။
KNU လက်အောက်ခရိုင် ၇ ခုရှိ ဓာတ်သတ္တုတူးဖေါ်ရေး လုပ်ငန်းများနှင့် တခြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် မျက်စိကျနေကြပြီး မကြာသေးမီက KNU နှင့်အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်မှုအပေါ် အကြောင်းပြုကာ စီးပွားရေးလုပ်ငန်းရှင် တချို့က ချဉ်းကပ်မှုများပြုလုပ်နေကြောင်း ကရင်ပြည်နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်သူများက ပြောသည်။
“KNU ငြိမ်းချမ်းရေးလုပ်တဲ့ အခါမှာ မြန်မာအစိုးရဘက်က ကုန်ကျစရိတ် လုံးဝမခံဘူး။ ဒီနေရာတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေက ကြားကနေ အကုန်ကျခံတယ်။ အဲဒီကနေမှ လုပ်ငန်းတွေလုပ်ခွင့်ရအောင် သူတို့ပြန်ကြိုးစားတယ်” ဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။
သတ္ထုတွင်း တူးဖော်ရေးလုပ်ငန်းများသည် KNU ၏ အဓိက ဝင်ငွေလမ်းကြောင်းများထဲမှ တခုအပါအဝင်ဖြစ်သကဲ့သို့ ထိန်းချုပ်နယ်မြေများအတွင်း ကုန်သွယ်ဖြတ်သန်းခွန်များ၊ အဝေးရောက် ကရင်တိုင်းရင်းသားများ၏ ထောက်ပံ့လှူငွေများ၊ နယ်မြေတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှရရှိသော ဝင်ငွေများကလည်း KNU ၏ ဘဏ္ဍာငွေဝင်လမ်းများဖြစ်သည်။
ထို့အတူ ၁၉၉၅ မာနယ်ပလော မကျဆုံးမီနှင့် နောက်ပိုင်း ကာလများတွင် နယ်မြေတွင်းမှ ထွက်ရှိသော သစ်ရောင်းချမှုများမှ ရရှိသည့် ဝင်ငွေသည်လည်း KNU ၏ ဘဏ္ဍာငွေအဖြစ် သုံးစွဲနေရဆဲဖြစ်ကြောင်း ဗိုလ်မှူး စောလှငွေက ပြောသည်။
ထိုင်းနိုင်ငံသို့ သွယ်တန်းထားသော မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ဒေသရှိ ရတနာရဲတံခွန် ဓာတ်ငွေ့ပိုက်လိုင်းနှင့် တည်ဆောက်နေဆဲ ထားဝယ်ရေနက် ဆိပ်ကမ်းတို့မှလည်း နယ်မြေထိခိုက်ပျက်စီးမှုများအဖြစ် လျော်ကြေးငွေတချို့ ရရှိနေသည့်အပြင် သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းကလည်း အခွန်ငွေရရှိကြောင်း ကရင်ပြည်နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်သူများထံမှ သိရသည်။
ယင်းသို့ KNU အောက်ရှိ ခရိုင် ၇ ခုအနက်မှ ရရှိသော အဆိုပါဝင်ငွေများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် မဟုတ်ဘဲ အောက်ခြေခရိုင်များက လက်နက်ခဲယမ်းနှင့် စားဝတ်နေရေး တပ်အသုံးစားရိတ်အတွက် ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကျန် ၄၀ ရာခိုင်နှုန်းကို KNU ဗဟိုသို့ လစဉ်ပေးပို့ကြောင်း သိရသည်။
KNU ဗဟိုကလည်း ယင်းသို့ရရှိသော ဝင်ငွေများသည် တနှစ်လျှင် အနည်းဆုံး ဘတ်ငွေ သိန်း ၄၀ ကျော်၊ မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ဘဏ္ဍာငွေများကို ဗဟိုက စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုယန္တယား တချို့နေရာများတွင် အသုံးပြုကြောင်း ဗိုလ်မှူး စောလှငွေက ပြောသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်တိုင် အစိုးရကို လက်နက်စွဲကိုင် တော်လှန်လာခဲ့သော KNU သည် မကြာသေးမီက အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် KNU ထိန်းချုပ်နယ်မြေအတွင်း၌ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီးပွားရေးသများများက ချဉ်းကပ်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။
သို့သော်လည်း KNU အနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း အပါအဝင် ၎င်းတို့ ထိန်းချုပ်မှုနယ်မြေအောက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှု၊ စီမံကိန်းများ လုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထု ထိခိုက်နစ်နာမှုရှိစေမည့် လုပ်ငန်းများကို ခွင့်ပြုပေးသွားမည်မဟုတ်ဟု ဆိုသည်။
NLD ကျမ်းကျိန်မည့်နေ့ လွှတ်တော် တက်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား
NLD ကျမ်းကျိန်မည့်နေ့ လွှတ်တော် တက်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား
ယနေ့ ၂၃ ရက်မြောက်နေ့တွင် လွှတ်တော် (၂) ရပ်၏ ပုံမှန် အစည်းအဝေးမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း မေလ ၂ ရက်နေ့တွင် NLD အမတ်များ လွှတ်တော်တက် ကျမ်းကျိန်မည် ဖြစ်သဖြင့် လွှတ်တော် ၂ ရပ်မှ အမတ်များကို ဆက်လက် ဖိတ်ကြားထားကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ပြောသည်။
news image
လွှတ်တော် ၂ ရပ်စလုံးက ဒီနေ့မှာ ပီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၂ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော် တက်ပြီး ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်တဲ့ အတွက် မေလ ၂ရက်နေ့မှ လွှတ်တော် ဆက်တက်ဖို့ ဖိတ်ကြားတာကို လွှတ်တော်မှာ ဒီကနေ့ ကျေညာပါတယ်" ဟု ဦးဖေသန်းက ပြောသည်။
လွှတ်တော်၏ ပုံမှန် အစည်းအဝေးမှာ ယနေ့မှာ နောက်ဆုံးရက် ဖြစ်သဖြင့် တစ်ချို့နယ်ဝေးမှ လွှတ်တော် အမတ်များမှာ အိမ်ပြန်ရန် လေယာဉ်လက်မှတ်များ၊ ကားလက်မှတ်များ ၀ယ်ယူ ထားကြကြောင်း သူက ဆက်ပြောသည်။
လွှတ်တော် အမတ်တချို့က လေယာဉ် လက်မှတ်တွေ၊ ကားလက်မှတ်တွေ ကြိုထားဝယ်ထားကြပြီ ဖြစ်တယ်လို့ တင်ပြတဲ့ အခါ ဒီလိုဆိုရင်လည်း ၀ယ်ထားတဲ့ သူတွေ မတက်ရင်လည်း ရပါတယ်။ ခွင့်တိုင်ပြီး ပြန်လို့ ရတယ်လို့ ကျေညာပါတယ်။ NLD လွှတ်တော်တက် ကျမ်းကျိန်မည့်နေ့တွင် ကိုယ်စားလှယ်တွေက တက်သူက တက်၊ ပြန်သူက ပြန် ဒီလိုတော့ ရှိနိုင်ပါတယ် ဟု ဦးဖေသန်းက ပြောသည်။
ယခုကဲ့သို့ NLD ဘက်မှ လိုက်လျော့ပေးလိုက်ပြီး လွှတ်တော်တက်မည်ဟု ကြားသိရသဖြင့် သူတို့ အနေဖြင့် ယခု လုပ်ရပ်အပေါ်မှာ ၀မ်းသာကြောင်း သူက ပြောသည်။
ကောင်းတာပေါ့ဗျာ။ NLD ကို မျှော်လင့်နေတယ်။ ၀မ်းသာပါတယ်။ ဒီအပေါ်မှာတော့ အမြင်ရှင်းပါတယ်။ NLD လျှောပေ့းလိုက်တဲ့ အပေါ်မှာ မြန်မြန်နဲ့ လိုရင်း ရောက်သွားတာပေါ့ဗျာ။ မဟုတ်ရင် ဒီစကားလုံးကြောင့် အချိန်တွေ ကြာပြီး ရှေ့မရောက်ဘဲ မတင်မကျ ဖြစ်နေရင် တိုင်းပြည်ဘဲ နစ်နာ နိုင်ပါတယ်။ အခုတော့ မတင်မကျ ဖြစ်တဲ့နေရာကနေ ရှေ့ကို ရောက်သွားတာပါ့။ ခုလို ဖြစ်လာတဲ့ အတွက် တိုင်းပြည် အတွက် အလာအလာကောင်းတဲ့ လက္ခဏာလို့ မြင်မိပါတယ် ဟု ဦးဖေသန်းက ပြောသည်။
ပြည်သူများနှင့် ဒီမိုကရေစီ ပါတီ များ၏ လိုလားချက် အရ NLD ပါတီ အနေဖြင့် လွှတ်တော်သို့ မေလ ၂ ရက် တွင် ကျမ်းသစ္စာကျိန်ဆို တက်ရောက်မည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း ယနေ့ ၁၀ နာရီတွင် ထုတ်ဖေါ် ကျေညာကြောင်း သိရသည်။
လွှတ်တော် တက်ဖို့ ဒေါ်စု ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို
လွှတ်တော် တက်ဖို့ ဒေါ်စု ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို
By သားညွန့်ဦး
လာမယ့် လွှတ်တော်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်၊ အနာဂတ် မြန်မာ့ဒီမိုကရေစီရေးအတွက် အစိုးရနဲ့ အဖွဲ့ချုပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နိုင်မယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ကြပါတယ်။ ရှေ့ဆက် အကဲစမ်းမှုတွေ ထပ်ကြုံရနိုင်ပေမယ့်၊ ဒါတွေကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနဲ့ကျော်လွှားနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း တုန့်ပြန်ကြပါတယ်။
news image
ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ဝင်ဖို့ ဆုံးဖြတ် လိုက်တာကြောင့် တင်းမာနေတဲ့ အခြေအနေတခု ပြေလည်သွားပြီး၊ အာဏာပိုင် နဲ့ အဖွဲ့ချုပ် အကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်လာနိုင်မယ်လို့ ပြည်တွင်းရော ပြည်ပမှာပါ ယူဆမှုတွေရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာဆိုရမယ့် စာပိုဒ်မှာ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့ စကားရပ် အစား၊ လေးစား လိုက်နာပါ့မယ်လို့ အဖွဲ့ချုပ်ဖက်က ပြင်ဆင်ဖို့လိုလားခဲ့တာပါ။ ဒီအတွက်လည်း လွှတ်တော် မတက်ပဲ ရက်အတန်ကြာ အခြေအနေတွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရာကနေ၊ အခုတော့ တစုံတရာ ပြေလည်သွားပြီလို့ ပြောနိုင်ပါတယ်။ အခုလို နှစ်ဖက်အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေတွေ ဆက်ပြီး ရှိနေလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု အနေ နဲ့ မျှော်လင့်တဲ့ ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ဒါရယ် ပါရာဒီဆို (Darragh Paradiso) က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့ လွှတ်တော်ကို တတ်မယ်လို့ နားလည်ထားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ အစိုးရအကြား ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။”
အခုလို ဆုံးဖြတ်ချက်ကြောင့် ဒါဟာ အလျှော့ပေးလိုက်တာပဲဆိုပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ အချို့ရဲ့ မကျေမနပ် ဝေဖန်မှု တွေလည်းရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကလည်း ဒါဟာ အလျှော့ ပေးတယ်လို့ ယူဆရင် ယူဆလို့ရတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ တင်းမာမှုမျိုး မရှိစေချင် တာကြောင့်လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် ပြောခဲ့ပါတယ်။
“ကျမတို့ အနေနဲ့ကတော့ တင်းမာပြီးတော့ နိုင်ငံရေး ပြဿနာ ဖြစ်အောင် မလုပ်စေချင်လို့ ဒီနေရာမှာ လိုက်လျောမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ အဲဒီတော့ တချို့က ကျတော့ အလျှော့ပေးတယ် လို့ မမြင်ဘူး လားဆိုတော့ အလျှော့ပေးတယ် လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်။”
အဖွဲ့ချုပ်က လွှတ်တော်တက်ဖို့ အခုလို ဆုံးဖြတ်တဲ့နေမှာပဲ၊ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးရောက်နေတဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ပြည်ထောင်စု လွှတ်တော်ထဲ မနေ့က မိန့်ခွန်းပြောပါတယ်။ အပြောင်းအလဲ တွေ လုပ်ရာမှာ မုချ အကဲစမ်းချက်တွေ ကြုံရနိုင်တယ်လို့ မစ္စတာဘန်က သတိပေးပြောသွားပါတယ်။
“မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဒီမိုကရေစီရေး နဲ့ ဖွံဖြိုးရေးတွေမှာ စိန်ခေါ် အကဲစမ်းချက်တွေ ကြုံရနိုင်ပါတယ်။ အခု အပြောင်းအလဲဟာ နုနယ်ပြီး၊ မသေချာ မရေရာ ရှိနေဆဲပါ။ ဒါပေမယ့်လည်း အခြေအနေတွေ နောက်ကြောင်း ပြန်လှည့်သွားဖို့ အခွင့်အလမ်း ကလည်း မရှိသလောက်ပါပဲ။”
အခုလို အပြောင်းအလဲတွေကို အားပေးတဲ့ အနေ နဲ့ နိုင်ငံတကာ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့၊ လျှော့ပေါ့ပေးဖို့ကိုလည်း မစ္စတာဘန်က တိုက်တွန်းသွားပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခုလို အပြောင်းအလဲ တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ရော အပြောင်းအလဲပိုဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ပါ အရေးယူမှု တွေကို လျှော့ချခဲ့သလို၊ ပစ်မှတ်ထား အရေးယူမှု အချို့ ဆက်ထားဦးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
“နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောခဲ့သလိုပါပဲ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု သစ်တွေ နဲ့ ပတ်သက်လို့ အရေးယူပိတ်ဆို့မှု တွေကို လျှော့ပေးလာတာဟာ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ တုန့်ပြန်ဆောင်ရွက်မှုတွေထဲက အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ပြောခွင့်ရသူဖြစ်ပါတယ်။
လွှတ်တော်ထဲ အဖွဲ့ချုပ်ဆုံးဖြတ်လိုက်တာကြောင့် အခြေအနေတွေ ပိုပြီး ပျော့ပြောင်းလာတယ်လို့ ပြည်တွင်း နိုင်ငံရေးလှုပ်ရှားသူတွေက မြင်ကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန်က လည်း အခုလို ဆုံးဖြတ်ချက်အပေါ်မှာ ၀မ်းသာမိတယ်လို့ ပြောပါတယ်။
“အလျှော့ပေးတယ် လို့ ယူဆချင်လည်း ယူဆ နိုင်ပါတယ်။ မှန်ပါတယ်။ အလျှော့ပေးပါတယ်။ ဘာကို အလျှော့ပေးသလဲ ဆိုရင် ပြည်သူလူထု ရဲ့ ဆန္ဒကို အလျှော့ပေးတယ်။ နောက် မဟာမိတ် ပါတီတွေ ရဲ့ ဆန္ဒကို အလျှော့ပေးတယ်။ ကျနော်တို့လည်း ဝမ်းသာတယ်။ နို့မို့ရင် ဒါကြီးက လိပ်ခဲတည်းလဲ ဖြစ်ပြီးတော့ ထိုင်ရမလို ထရမလို ဟိုသွားရမလို ဒီသွားရမလို အဲဒီလို ဖြစ်တာ။ အခုဆုံးဖြတ်ချက် ချသွားပြီ။ ရင်ထဲမှာ တော်တော် ပေါ့သွားတာ။”
လွှတ်တော်ဝင်ဖို့ အခက်အခဲကြုံနေတဲ့အတွက် အဖွဲ့ချုပ်ကို မဲထည့်ခဲ့တဲ့ မဲဆန္ဒရှင်အချို့ သူတို့ မဲတွေ အလကား ဖြစ်သွားမှာကိုလည်း စိုးရိမ်ပူပင်ခဲ့ကြပါတယ်။ အခုလို ဆုံးဖြတ်ချက်ကြောင့် အဖွဲ့ချုပ်အနေနဲ့ လူထုအတွက် ပိုပြီး လုပ်ပေးနိုင်မယ်လို့ သူတို့က ယူဆကြပါတယ်။
“ဒီ အမေစု လွှတ်တော် ထဲ ဝင်သွားတယ် ဆိုလိုရှိရင် အပြောင်းအလဲတွေ အများကြီး ဖြစ်လာ နိုင်မယ် လို့လည်း ထင်တယ်။ အဲဒါကြောင့် မို့လို့လည်း သဘောကျတာ။”
“ပြည်သူတွေ အတွက် အများကြီး အထောက်အကူ ဖြစ်သွားမယ် လို့တော့ ထင်တာပေါ့။ အရင် အစိုးရ နဲ့ ပတ်သက်ရင် မိုး နဲ့ မြေ ဘဲ။ နိမ့်ကျတဲ့ ဘဝတွေကို လည်း သိပ်ကြည့်တယ်ပေါ့။”
နိုင်ငံရေး အကြပ်အတည်း ဖြစ်လာမှာစိုးလို့ ရှောင်လွဲလိုက်တယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေဟာ အခု လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်စည်းဝေးပွဲကို စတင် တက်ရောက်ပြီး၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် မူလ စာသားအတိုင်း ကျမ်းသစ္စာဆိုရမှာ ဖြစ်ပါတယ်။ မူလစာသားကို ပြင်ဆင်ချက်လုပ်ဖို့ ကြိုးပမ်းရာ မှာတော့ လွှတ်တော်ထဲ အများစုဖြစ်တဲ့ အာဏာရ ကြံခိုင်ရေးပါတီက လက်မခံတာကြောင့် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံပါ အချက်အလက် အချို့ကို ပြင်ဆင်လိုတဲ့ အဖွဲ့ချုပ်အနေနဲ့တော့၊ ဒီလို ဖွဲ့စည်းပုံ ပြင်ရေးကိစ္စရပ် တွေမှာ လွှတ်တော်ထဲ မဲအများစုရှိနေတဲ့ အာဏာရ ကြံခိုင်ရေးပါတီနဲ့ ပူးပေါင်း ဆောင်ရွက်ရ မယ့် အနေအထားတော့ မြင်နေရပါတယ်။
NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို
NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို
NLD ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အပျော့ပြောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။
news image
ဒီဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ နားလည် သဘောပေါက်ပါတယ် လို့လည်း ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက - ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အတွက် စစ်မှန်ခိုင်မာတဲ့ democracy ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို လေးစား တန်ဖိုးထားပါကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲ ရောက်သွားမယ် ဆိုရင် အရေးပါပြီး အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံ အတွက် အကောင်းဆုံး လုပ်ငန်းစဉ်တွေကို စတင်နိုင်မှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုပါတယ်။
ကုလသမဂ္ဂတွင် မိန့်​ခွန်း​ပြောရန် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဘန်ကီမွန်း​ ဖိတ်ကြား
ကုလသမဂ္ဂတွင် မိန့်​ခွန်း​ပြောရန် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဘန်ကီမွန်း​ ဖိတ်ကြား
by မင်းလွင်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​နေအိမ်မှာ သွား​ရောက်​တွေ့​ဆုံပြီး​ လွှတ်​တော်တက်ဖို့​ ဆုံး​ဖြတ်လိုက်တဲ့​အ​ပေါ် ချီး​ကျူး​ဂုဏ်ပြုလိုက်ပြီး​ ကုလသမဂ္ဂမှာ မိန့်​ခွန်း​ပြောကြား​ဖို့​လည်း​ ဖိတ်ကြား​ခဲ့​ပါတယ်။
news image
မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လွှတ်​တော်တက်​ရောက်​ရေး​ ​ပျော့​ပျောင်း​ညင်သာစွာ သ​ဘောတူ လုပ်​ဆောင်လိုက်တာနဲ့​ ပတ်သက်ပြီး​ ချီကျူး​ဂုဏ်ပြုစကား​ ​ပြောကြား​ခဲ့​တာပါ။
မြန်မာနိုင်ငံဟာ ပြုပြင်​ပြောင်း​လဲ​ရေး​ကို လုပ်​ဆောင်​နေ​ပေမယ့်​ အခက်အခဲ​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်လို့​ မစ္စတာ ဘန်ကီမွန်း​က ​ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ဖြစ်စဉ်မှာ အခက်အခဲ​တွေ ရှိချင်ရှိမယ်။ စိန်​ခေါ်မှု​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်။ ပြုပြင်​ပြောင်း​လဲ​ရေး​ ဖြစ်စဉ်က​တော့​ ပြန်မပြင်သင့်​တော့​ဘူး​။ ​နောက်ပြန် မလှည့်​ရ​တော့​ဘူး​” လို့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်က ​ပြောပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အန်အယ်လ်ဒီပါတီဟာ အငြင်း​ပွား​နေတဲ့​ စကား​ရပ်​တွေကို ​ပျော့​ပျောင်း​စွာ လုပ်​ဆောင်နိုင်ခဲ့​တာဟာ ပါတီရဲ့​ မဟာဗျူဟာ လုပ်ငန်း​စဉ်အသစ်လည်း​ မဟုတ်ဘူး​လို့​ သတင်း​ထောက်​တွေကို ​ဖြေကြား​သွား​ပါတယ်။
“မြန်မာနိုင်ငံ ဒီမိုက​ရေစီရရှိ​ရေး​ကြိုး​ပမ်း​တဲ့​ ကာလတ​လျှောက်လုံး​မှာ ​ပျော့​ပျောင်း​တဲ့​ နည်း​လမ်း​ကို ကျမတို့​ အမြဲယုံကြည်ခဲ့​ပါတယ်။ ဘာလို့​လဲဆို​တော့​ အကြမ်း​မဖက်ဘဲနဲ့​ ​ပျော့​ပျောင်း​တဲ့​ ချဉ်း​ကပ်မှုမျိုး​နဲ့​သာ ကျမတို့​လိုချင်တဲ့​ ပန်း​တိုင်ကို ​ရောက်ရှိနိုင်မှာ မို့​လို့​ပါပဲ။ အဲဒီအတွက် ​ပျော့​ပျောင်း​တဲ့​ လုပ်​ဆောင်ချက်​တွေဟာ ကျမတို့​ပါတီရဲ့​ နည်း​ဗျူဟာအသစ်လို့​ ကျမ မထင်ဘူး​” လို့​ပြောပါတယ်။
မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​အရ ပြုပြင်​ပြောင်း​လဲမှု​တွေဟာ ဥပ​ရောသမဂ္ဂရဲ့​ အ​ရေး​ယူပိတ်ဆို့​မှု​တွေကို တနှစ်ဆိုင်း​ငံ့​မှု​တွေဖြစ်​စေပြီး​တော့​ ဒီနှစ်နဲ့​ လာမယ့်​နှစ်​တွေအတွက် အ​မေရိကန်​ဒေါ်လာ သန်း​ ၂၀၀ နီး​ပါး​ မြန်မာနိုင်ငံ ဖွံ့​ဖြိုး​မှု​တွေအတွက် အကူအညီရ​စေခဲ့​တာပါ။
နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ဖွံ့​ဖြိုး​ရေး​အတွက်ဖြစ်ဖြစ်၊​ လူသား​ချင်း​ စာနာ​ထောက်ထား​လို့​ပဲ ဖြစ်ဖြစ် ဘယ်လို အကူအညီမျိုး​တွေမဆို ရရှိတာဟာ မြန်မာနိုင်ငံသား​တွေအတွက် ကိုယ်စွမ်း​ကိုယ်စ​တွေ တိုး​တက်မြင့်​မား​စေပြီး​တော့​ အစိုး​ရအ​ပေါ်ကို မှီခိုစိတ်​တွေကလည်း​ ​လျှော့​နည်း​စေဖို့​ဆိုတာ ဖြစ်ပါတယ်။ မြန်မာ့​ဒီမိုက​ရေစီ ဖြစ်စဉ်ဟာ မှန်ကန်တဲ့​လမ်း​ကြောင်း​အတိုင်း​ သွား​မယ်ဆိုတာ ကျမ အ​သေအချာ ​ပြောနိုင်ပါတယ်” လို့​ သတင်း​ထောက်​တွေကို ​ဖြေဆိုခဲ့​ပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်ကို နယူး​ယောက် ကမ္ဘာ့​ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံမှာ မိန့်​ခွန်း​ပြောကြား​ဖို့​ကိုလည်း​ မစ္စတာ ဘန်ကီမွန်း​က ဖိတ်ကြား​ခဲ့​ရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်ခံခဲ့​တယ်လို့​ သိရပါတယ်။ ဒါ​ပေမယ့်​ ဘယ်အချိန်မှာ သွား​ရောက်ပြီး​ မိန့်​ခွန်း​ပြောမလဲ ဆိုတာကို​တော့​ မသိရ​သေး​ပါဘူး​။
မစ္စတာဘန်ကီမွန်း​ဟာ ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ကျင်း​ပတဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေရဲ့​ အစည်း​အ​ဝေး​ကို တက်​ရောက်ခဲ့​ပြီး​ မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့​ရဲ့​ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲတခု ကျင်း​ပခဲ့​ပါ​သေး​တယ်။
NLD သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး
NLD သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး
By စုမြတ်မွန်
စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက်ခရီးလာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့အတင်း လုပ်တယ်ဆိုတာဟာ NLD အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့အတင်း လုပ်လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကို မစုမြတ်မွန်က ဆက်ပြီးပြောပါလိမ့်မယ်၊
news image
မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေလုပ်သွားဖို့ လိုအပ်တဲ့ အကြောင်းကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊
- လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို က
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ်တိုးတက်မှုတွေဖြစ်အောင်လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည်လက်ခံတယ်ဆိုတာကိုလဲ Mr. Ban Ki Moon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျန်းသစ္စာကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေအကျိုးအတွက် အလျှော့ပေးပြီး NLD ကလွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲတာကိုလဲ ခုလို ချီးကျူးပါတယ်၊
- ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ တချို့ကိစ္စတွေအပေါ်မှာ သဘောထားအမြင် မတူတာမျိုးရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ေ
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲလက်ခံထားတယ်လို့ ပြောပါတယ်၊
- နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံထားပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့ ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထားတာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှေ
ရှေ့လာမဲ့ လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေဆုံးဖြတ်မဲ့ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂါတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန်အရေးကြီးတဲ့ကာလကို နိုင်ငံရေးသမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူလုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အလေးထား ပြောသွားခဲ့ ပါတယ်၊ ဒီမိုကရေစီလမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊
- မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေ
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊
- မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းအစတွေတိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်မှာ ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊
နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်
နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်
By ခင်မျိုးသက်
ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။
news image
မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို နိုင်ငံအနှံ့ သွားရောက် ခွင့်ပေးဖို့ပါ ပါဝင်ပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမှု့လူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ အရေး အကြီးဆုံး ဖြစ်တယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။
“တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။ နောက် လူထုအပေါ်မှာ တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့ ဒီလူတွေမဲပေးလာကြမှာပဲ။”
မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။
လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့ သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။
ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့ မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။
ပြောင်းလဲမှုတွေ လုပ်ဖို့ ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့ အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး လုပ်ဆောင်ရမှာလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့ အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။
သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။ ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။
ကုလအတွင်းရေးမှူးချုပ်နဲ့ ပါတီ၊ ကျောင်းသား၊ အရပ်ဖက်အဖွဲ့များတွေ့ဆုံ
ကုလအတွင်းရေးမှူးချုပ်နဲ့ ပါတီ၊ ကျောင်းသား၊ အရပ်ဖက်အဖွဲ့များတွေ့ဆုံ
တိုင်းရင်းသားအခွင့်အရေး ကိစ္စတွေကို လွှတ်တော်တွင်း ဆွေးနွေးမှုတွေနဲ့ တဖြေးဖြေး ဆောင်ရွက်သွားရမှာ ဖြစ်သလို၊ မြန်မာနိုင်ငံက ဖြစ်ပေါ် ပြောင်းလဲမှုတွေကို ဆက်လက် အားပေးသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီး၊ ငြိမ်းဖေါင်ဒေးရှင်းက ဒေါက်တာ ဇဘွဲဂျုံ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းစောအောင်တို့ အပါအဝင် အခြား NGO ကိုယ်စားလှယ်တချို့နဲ့ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ဒီနေ့ နေ့လည်ပိုင်းက တွေ့ဆုံတဲ့အခါ ပြောသွားတာပါ။
ဒီတွေ့ဆုံပွဲမှာပြောဆိုကြတာတွေနဲ့ပတ်သက်လို့ ဦးအေးသာအောင်က အခုလိုပြောပြပါတယ်။
ကျွန်တော်က ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကြိုးပန်းတဲ့ နေရာမှာ တိုင်းရင်းသားများပြောနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ်ပြည်ထောင်စု ဒါတွေကို ဖော်ဆောင်မှသာလျှင် ထာဝရ ငြိမ်းချမ်းရေးကို ရနိုင်မယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ သူတို့ကတော့ အခု ဆောင်ရွက်နေတဲ့ ကိစ္စတွေကို တဖြေးဖြေး ဆောင်ရွက် သွားရမယ်၊ ပြီးတော့ ပါလီမန်အတွင်းကလည်းပဲ ဆွေးနွေးပြီးတော့ တဖြေးဖြေး ဆောင်ရွက်သွားဖို့ လိုတယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က မစ္စတာဘန်ကီမွန်းကို ပြောလိုက်တဲ့ တိုက်တွန်းချက်ကိုလည်း ကိုကိုကြီးက အခုလိုပြောပါတယ်။
လွှတ်တော် အခင်းအကျင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ခြင်းကို ကျွန်တော်တို့ ထောက်ခံတယ်။ ဆိုလိုတာက လွှတ်တော် နိုင်ငံရေးကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် မ၀င်တာက လွှတ်တော်ပြင်ပမှာ ဒီအရေးပါတဲ့ ဆောင်ရွက်စရာတွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့လည်း မစ္စတာ ဘန်ကီမွန်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းကနေ ၀ိုင်းဝန်း ကြိုးပန်းကြဖို့၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ရေး ကြိုးပန်းဖို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံထက် သဘာဝအရင်းအမြစ်နဲ့ လူ့အရင်းအမြစ် ပိုမိုများပြားတဲ့ နိုင်ငံဖြစ်လို့ ခေါင်းဆောင်မှု ကောင်းရင် အချိန်တိုတိုမှာ ဖွံ့ဖြိုးတိုးတက် လာလိမ့်မယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောသွားတယ်လို့လည်း သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီပေးဖို့ ဘန် တိုက်တွန်း
ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီပေးဖို့ ဘန် တိုက်တွန်း
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မနေ့က တနင်္လာနေ့တုန်းက လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပြီး ဒါဟာ ပြည်ပကလာတဲ့ ခေါင်းဆောင်တယောက် မြန်မာ လွှတ်တော်မှာ ပထမဆုံး အကြိမ် မိန့်ခွန်း ပြောတာလဲ ဖြစ်ပါတယ်။
news image
မြန်မာ နိုင်ငံမှာ တကယ့် အမျိုးသား ရင်ကြားစေ့ရေး အစစ်အမှန် ပေါ်ပေါက်ဖို့ ဒီထက်ပိုတိုးပြီး လုပ်ဆောင်သွားဖို့ လိုတယ် ၊ အဲလို လုပ်ဆောင်ဖို့ အခက်အခဲတွေ အများကြီး ရှိတဲ့ အဲဒီ အထဲမှာ အကြောင်းအမျိုးမျိုးကြောင့် နေရင်းကို စွန့်ခွာ ထွက်ပြေး နေရသူတွေကို ပြန်လည် နေရာချထားပေးဖို့ ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ဘဝ လုံခြုံမှု ရှိစေဖို့ ၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကိစ္စတွေ ပါဝင်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မြန်မာ အပေါ် ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကုန်သွယ်ရေး တားမြစ်ချက်တွေကို လျော့ပေါ့တာ ၊ ဆိုင်းငံ့တာ ၊ ရုတ်သိမ်းတာတို့ အမြန်လုပ်ပေးဖို့ သူက တိုက်တွန်း လိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ တိုးမြှင့်ပေးဖို့ တကယ့်ကို လိုအပ်နေတာပါလို့ မစ္စတာဘန်က ဆိုသွားခဲ့ပါတယ်။
အဲဒီနောက် ရှမ်းပြည်အရှေ့ပိုင်းက ဘိန်းစိုက်ခင်း ဖျက်ဆီးရေး ကုလသမဂ္ဂရဲ့ စီမံကိန်း တခုကို မစ္စတာဘန် သွားရောက် ကြည့်ရှု ခဲ့တယ်လို့ သိရပြီး ဒီနေ့ အင်္ဂါနေ့မှာ သူဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မြန်မာ့​ဆင်း​ရဲမှု​လျှော့​ချ​ရေး​ အီး​ယူ ပါဝင်​ဆောင်ရွက်လို
မြန်မာ့​ဆင်း​ရဲမှု​လျှော့​ချ​ရေး​ အီး​ယူ ပါဝင်​ဆောင်ရွက်လို
by ကို​ထွေး
မြန်မာနိုင်ငံမှာ အီး​ယူ ဥ​ရောပသမဂ္ဂရုံး​ခွဲဖွင့်​ဖို့​ ​ရောက်ရှိလာတဲ့​ အီး​ယူရဲ့​ နိုင်ငံခြား​ရေး​မူဝါဒဆိုင်ရာ အကြီး​အကဲ ကတ်သရင်း​အက်ရှ်တန်က သူ့​ရဲ့​ မြန်မာနိုင်ငံခရီး​စဉ်ကို ​ကျေနပ်အား​ရ​ကြောင်း​နဲ့​ မြန်မာသမ္မတရဲ့​ ဆင်း​ရဲမှု ​လျှော့​ချ​ရေး​ လုပ်ငန်း​မှာ အီး​ယူက ပါဝင်​ဆောင်ရွက်လိုတယ်လို့​ ခရီး​အစဉ်အပြီး​ ထုတ်ပြန်​ကြေညာလိုက်ပါတယ်။
news image
အီး​ယူရဲ့​ နိုင်ငံခြား​ရေး​မူဝါဒဆိုင်ရာ အကြီး​အကဲ ကတ်သရင်း​အက်ရှ်တန်က ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​အတွင်း​ သွား​ရောက်ခဲ့​တဲ့​ သူ့​ရဲ့​မြန်မာပြည်ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ ထုတ်ပြန်တဲ့​ ​ကြေညာချက်မှာ ခုလို ​ဖော်ပြထား​တာပါ။
ဒီခရီး​စဉ်မှာ မြန်မာပြည်အနာဂတ်အ​ရေး​နဲ့​ ပတ်သက်ပြီး​ သမ္မတနဲ့​ရော အစိုး​ရ အဆင့်​မြင့်​ဝန်ကြီး​တွေနဲ့​ပါ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​အ​ကြောင်း​၊​ သမ္မတ ဦး​သိန်း​စိန်ဟာ လာမယ့်​ ၂ နှစ်တာ ကာလအတွင်း​ ကုလသမဂ္ဂရဲ့​ ​ထောင်စုနှစ်ဖွံ့​ဖြိုး​ရေး​ ရည်မှန်း​ချက်နဲ့​ အညီ မြန်မာနိုင်ငံမှာ ဆင်း​ရဲမှု​လျှော့​ချဖို့​ ရည်မှန်း​ချက်ဆန္ဒ ပြင်း​ပြ​နေတဲ့​အ​ကြောင်း​နဲ့​ မြန်မာသမ္မတရဲ့​ ကြိုး​ပမ်း​မှုမှာ အီး​ယူအ​နေနဲ့​ တစိတ်တပိုင်း​ ပါဝင်လိုတယ်လို့​ ကတ်သရင်း​ အက်ရှ်တန်က ​ပြောပါတယ်။
သမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံရာမှာ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ စီး​ပွား​ရေး​ရဲ့​ ​ကျောရိုး​ဖြစ်တဲ့​ အ​သေး​စား​ စီး​ပွား​ရေး​ လုပ်ငန်း​တွေ တိုး​တက်လာ​အောင်လုပ်ဖို့​ လိုအပ်တဲ့​အ​ကြောင်း​ ​ပြောဆို​ဆွေး​နွေး​သလို ဥ​ရောပ ကုမ္ပဏီ​တွေ ရင်း​နှီး​မြှုပ်နှံဖို့​ အခွင့်​အ​ရေး​ ရ​အောင်လည်း​ ​ဆွေး​နွေး​တယ်လို့​ အီး​ယူရဲ့​ ထုတ်ပြန်ချက်မှာ ​ဖော်ပြပါတယ်။
ဒါ့​အပြင် အီး​ယူက မြန်မာနိုင်ငံ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ရန်ပုံ​ငွေအဖြစ် ၂၀၁၂-၁၃ ကာလအတွက် ယူရို သန်း​ ၁၅၀ ​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။
အက်ရှ်တန်ဟာ ခရီး​စဉ်အတွင်း​မှာ အစိုး​ရထိပ်ပိုင်း​ခေါင်း​ဆောင်​တွေနဲ့​ လွှတ်​တော်အကြီး​အကဲ​တွေအပြင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ လွှတ်​တော် အကြီး​အကဲ​တွေက အ​ခြေခံဥပ​ဒေ ​ပြောင်း​လဲ​ရေး​ အပါအဝင် ​နေရာ အ​တော်များ​များ​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အတူ အလုပ်တွဲလုပ်ချင်တယ်လို့​ သူ့​ကို ​ပြောဆိုခဲ့​တယ်လို့​လည်း​ အီး​ယူ သံတမန်က ဆိုပါတယ်။
အီး​ယူအဖွဲ့​ဟာ မြန်မာအစိုး​ရနဲ့​ ​တွေ့​ဆုံရာမှာ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေ အပြင် လူ့​အခွင့်​အ​ရေး​ကိစ္စနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကိစ္စ​တွေလည်း​ ​ဆွေး​နွေး​ခဲ့​တဲ့​အ​ကြောင်း​ မြန်မာသမ္မတက လွှတ်​ပေး​သင့်​သူ​တွေကို ကြည့်​ပြီး​တော့​ လွှတ်​ပေး​သွား​မယ်လို့​ ​ပြောဆိုခဲ့​ပါတယ်လို့​ ဆိုပါတယ်။ အီး​ယူဘက်က​တော့​ သူတို့​တွေက လွှတ်ဖို့​သက်သက် မဟုတ်ဘဲ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လည် ထူ​ထောင်​ပေး​ရေး​ လုပ်ငန်း​တွေမှာ ​ထောက်ခံဖို့​ တိုက်တွန်း​ခဲ့​တယ်လို့​ဆိုပါတယ်။
ပြည်ပအ​ခြေစိုက် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အား​စု နိုင်ငံခြား​ရေး​ရာ တွဲဖက်အတွင်း​ရေး​မှူး​ ဦး​စိုး​အောင်က အီး​ယူနဲ့​ မြန်မာ ဆက်ဆံ​ရေး​ ​ပြောင်း​လဲလာတာနဲ့​ ပတ်သက်ပြီး​တော့​ သူ့​ရဲ့​အမြင်ကို အခုလို သုံး​သပ်​ပြောကြား​ သွား​ပါတယ်။
“အီး​ယူက​နေ စီး​ပွား​ရေး​အရ ရင်း​နှီး​မြှုပ်နှံမယ့်​ ကုမ္ပဏီ​တွေ အလုံး​အရင်း​နဲ့​ ဝင်လာဖို့​ရှိတယ်။ ဆိုလိုချင်တာက စီး​ပွား​ရေး​ အကျပ်အတည်း​ကလည်း​ ဖြစ်​နေတယ်မလား​။ လက်ရှိ မြန်မာနိုင်ငံမှာက စီး​ပွား​ရေး​အရ ရင်း​နှီး​မြှုပ်နှံတဲ့​ ​နေရာမှာ ​ဒေသခံ ပြည်သူ​တွေ၊​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​နဲ့​ ပတ်သက်တဲ့​ ထား​ရှိရမယ့်​ စံချိန်စံနှုန်း​တွေ အဲ့​ဒါ​တွေက ဘာမှမရှိ​သေး​ဘူး​။ ပိတ်ဆို့​ဒဏ်ခတ်တာ ရပ်ဆိုင်း​တဲ့​အတွက်​ကြောင့်​ စီး​ပွား​ရေး​ရင်း​နှီး​မြှုပ်နှံမှု​တွေက အလုံး​အရင်း​နဲ့​ ဝင်လာကြမယ်ဆိုရင် နိုင်ငံတကာက​နေ လိုက်နာကျင့်​သုံး​တဲ့​ စီး​ပွား​ရေး​ စံချိန်စံနှုန်း​တွေကို ​သေ​သေချာချာ မချမှတ်နိုင်ဘူး​ဆိုရင် ဒီလို ရင်း​နှီး​မြှုပ်နှံမှု​တွေ​ကြောင့်​ ​ဒေသခံပြည်သူ​တွေအ​ပေါ်မှာ ​ကောင်း​ကျိုး​ထက် ဆိုး​ကျိုး​ကို ပိုပြီး​ သက်​ရောက်လာ​စေမှာ​တွေ အများ​ကြီး​ မြင်​နေရတာ ​တွေ့​ရတယ်။ ဒါ​တွေ​ကြောင့်​ စိုး​ရိမ်ပူပန်မိတယ်။”
ရွှေတြိဂံ၌ နာမည်ကြီးစိုင်းနော်ခမ်း လာအိုအာဏာပိုင်များလက်၌ ရှိနေသေး
ရွှေတြိဂံ၌ နာမည်ကြီးစိုင်းနော်ခမ်း လာအိုအာဏာပိုင်များလက်၌ ရှိနေသေး
လာအို(လောဝ်)အာဏာပိုင်များ ဖမ်းဆီးရမိသော ရွှေ တြိဂံဒေသ၌ လက်နက်ကိုင်လှုပ်ရှားနေသည့် နော်ခမ်းအား မည်သည့် နိုင်ငံထံအပ်နှံသေးခြင်းမရှိသေးဘဲ လာအိုနိုင်ငံ၌ ရှိနေသေးကြောင်း နယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။
“တရုတ်အစိုးရက ၂၉ မှု၊ မြန်မာအစိုးရက ၁၅ မှု နဲ့လာအိုအစိုးရက ၇ မှုလေ၊ သူ့ကိုအလိုရှိတဲ့ နိုင်ငံတွေဘဲ။ အဲဒါကြောင့် လာအိုအစိုးရကလဲ သူ့အမှုဖွင့်ထားတယ်။ သူ့ကို ဒီ ၃ နိုင်ငံက အပါအဝင် ထိုင်းကလဲ လိုချင်နေတယ်” ဟု နယ်စပ်နေ ကုန်သည်တဦးကပြောသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ချလိန်ယူဘမ်းရုန်းမှ မူးယစ်ရာဇာ၂၅ ဦးဖမ်းဆီးရမိရေးအတွက် ဆုတော်ငွေ ဘတ် ၁၂ သန်း ပေးမည်ဟု ထုတ်ပြန်ထားပြီး တပတ်မပြည့်မှီ ဘတ်ငွေနှစ်သန်းဖြင့် ကြေညာခံထားရသည့် စိုင်းနော်ခမ်းအား ပထမဦးဆုံး လူအဖြစ် လာအိုနိုင်ငံ ဘော်ကျောဝ်ခရိုင် တွန့်ဖင့်မြို့နယ် ဘန့်မွမ်းရွာအနီး သျှမ်းပြည်ဘက်ခြမ်းမှ လာအိုနိုင်ငံ (လောဝ်)ဘက်အကူး ၌ ယခုလ ၂၅ ရက်နေ့က ဖမ်းဆီးရသည်ဟုဆိုသည်။
“ သူတို့အဖမ်းခံရတဲ့ ၈ ဦးထဲမှာ တောဝ့်မိုင်ငင်း ဆိုသူ သူဌေးတဦးလဲ ပါတယ်။ မဲခေါင်မြစ်မှာ ပူးတွဲလုံခြုံရေးယူထားတဲ့ တရုတ် ရဲတပ်ဖွဲ့၊ မြန်မာ ၊ လောဝ် အဖွဲ့က စိုင်းနော်ခမ်းနောက်ကို ၆ လ ကျော်ကြာ နောက်ယောင်ခံလိုက်ရာကနေ လာအိုနိုင်ငံ ဘန့်မွမ်းရွာ တွန့်ဖင့်မြို့နယ် ဘော်ကျောဝ်ခရိုင်မှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ညပိုင်းက ဖမ်းဆီးမိတာ” ဟု တာချီလိတ်နေ ကုန်သည်ကြီးတဦးကလည်းပြောသည်။
ထိုင်းအစိုးရစွပ်စွဲသည့် မူးယစ်ရာဇာ ၂၅ ဦး အနက် တဦးပါဝင်သည့် ဒီကေဘီအေခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေးခေါ် စောလယ် ဘွယ်ကမူ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ ဒီကေဘီအေအား သွားရောက်စစ်ဆေးရန် စွပ်စွဲသူ ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလိန်ယူဘံရုန်းအားဖိတ်ခေါ်ထားသည်။ အထောက်အထားမတွေ့ရှိပါက ထိုင်းဒုတိယ ဝန်ကြီးချုပ်က မိမိစကား မိမိတာဝန်ယူရမည်ဟု ဆို၏။
သို့သော် ယနေ့ မေ ၁ ရက် နေ့ထိ ထိုင်းအစိုးရမှ တစုံတရာသွားရောက်စစ်ဆေးချင်းမရှိသည့်အတွက် တုန့်ပြန်သည့် အနေဖြင့် ဒီကေဘီအေထိန်းချုပ်နေမြေ ရှိ ထိုင်းနယ်စပ် အဝင်အထွက် နယ်ခြားဂိတ်ငယ် ၁၂ ခုအား ပိတ်ပစ်ရန် DKBA မှ ညွှန်ထားသည်ဟု ဆို၏။ ထို့အပြင် ၎င်းနယ်အတွင်း ရောက်ရှိနေသည့် ထိုင်းလူမျိုးတို့၏ လုံခြုံရေးကိုလည်း တာဝန်ယူတော့ မည် မဟုတ်ဟု တုန့်ပြန်လိုက်သည်ဟု ထိုင်းသတင်းစာတခုကရေးသားထားပါသည်။
မူး​ယစ်​ဆေး​ဝါး​မှု ထိုင်း​စွပ်စွဲချက် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ပယ်ချ
မူး​ယစ်​ဆေး​ဝါး​မှု ထိုင်း​စွပ်စွဲချက် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ပယ်ချ
by နော်နိုရင်း
မူး​ယစ်​ဆေး​ဝါး​မှုနဲ့​ ထိုင်း​နိုင်ငံက ဆု​ငွေထုတ်ထား​ခြင်း​ခံရတဲ့​ ဒီ​ကေဘီ​အေ ​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ (ဗိုလ်ချုပ်​စောလား​ဘွယ်) က ထိုင်း​နိုင်ငံရဲ့​ စွပ်စွဲချက်​တွေကို သတင်း​စာရှင်း​လင်း​ပွဲ လုပ်ပြီး​ ပယ်ချလိုက်ပါတယ်။
news image
တိုး​တက်​သောဗုဒ္ဓဘာသာကရင်အမျိုး​သား​တပ်မ​တော် ဒီ​ကေဘီ​အေ ကလိုထူး​ဘော စစ်ဌာနချုပ် ​ကော်သူး​မွဲခီး​မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောဆိုလိုက်တာပါ။
မူး​ယစ်​ဆေး​ဝါး​ကို ကိုယ်တိုင်​ရောင်း​ဝယ်​ဖောက်ကား​တာ၊​ ထုတ်လုပ်တာ မရှိသလို တစုံတ​ယောက်ကိုလည်း​ ထုတ်လုပ်​ရောင်း​ချဖို့​ ညွှန်ကြား​ထား​တာ မရှိဘူး​လို့​ ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က ​ပြောဆိုလိုက်ပါတယ်။
ဒီ​ကေဘီ​အေရဲ့​ စစ်ဦး​ချုပ်အ​ပေါ် ထိုင်း​အစိုး​ရရဲ့​ စွပ်စွဲချက်ဟာ ပုဂ္ဂိုလ်​ရေး​ ဂုဏ်သိက္ခာသာမက ဒီ​ကေဘီ​အေတပ်ဖွဲ့​တဖွဲ့​လုံး​ကို​ရော မြန်မာနိုင်ငံရဲ့​ ဂုဏ်သိက္ခာကိုပါ ကျဆင်း​စေတဲ့​အတွက် အခုလို သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်တာလို့​ ကလိုထူး​ဘော ကရင်အစည်း​အရုံး​ရဲ့​ အတွင်း​ရေး​မှူး​ ​စောဂုဏ်​အောင်က ​ပြောပါတယ်။
“ဗိုလ်ချုပ်​စောလား​ဘွယ်အ​နေနဲ့​ မူး​ယစ်​ဆေး​ဝါး​ကိစ္စကို တခါမှ မလုပ်ခဲ့​ဘူး​၊​ ကိုယ်တိုင်လည်း​ ထုတ်လုပ်မှု၊​ ​ရောင်း​ဝယ်​ဖောက်ကား​မှု မပြုလုပ်ခဲ့​သလို တစုံတ​ယောက်ကိုလည်း​ ​ရောင်း​ဝယ်​ဖောက်ကား​ဖို့​၊​ ထုတ်လုပ်ဖို့​ ညွှန်ကြား​ခဲ့​ခြင်း​ မရှိခဲ့​ကြောင်း​၊​ အဲဒီအ​ပေါ်မှာ သက်​သေအ​ထောက်အထား​ တခုခုနဲ့​ ပြနိုင်ခဲ့​ရင် နိုင်ငံတကာခုံရုံး​မှာ ကိုယ်တိုင်အစစ်ခံပြီး​ အပြစ်​ပေး​တာကို ခံယူမယ်ဆိုပြီး​ ​ပြောကြား​သွား​ပါတယ်။ အဲဒီအတွက် သူ့​ရဲ့​ဂုဏ်သိက္ခာအတွက်သာမက ကလိုထူး​ဖော်ရဲ့​ ဂုဏ်သိက္ခာ၊​ ကလိုထူး​ဖော ကရင့်​အစည်း​အရုံး​ရဲ့​ ဂုဏ်သိက္ခာ၊​ ကရင်အမျိုး​သား​တွေရဲ့​ ဂုဏ်သိက္ခာနဲ့​ မြန်မာနိုင်ငံရဲ့​ ဂုဏ်သိက္ခာကိုလည်း​ လျစ်လျူရှုရာ​ရောက်​ကြောင်း​ ​ပြောတာပါ။”
မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်ဆက်နွှယ်​နေတယ်ဆိုတဲ့​ သက်​သေ အ​ထောက်အထား​ တခုခုပြနိုင်ရင် နိုင်ငံတကာခုံရုံး​မှာ ကိုယ်တိုင်အစစ်ခံပြီး​ အပြစ်​ပေး​ခြင်း​ကို ခံယူမယ်လို့​ ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က ​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။
ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ဟာ ထိုင်း​နိုင်ငံက အလိုရှိ​နေတဲ့​ မူး​ယစ်ရာဇာ ၂၅ ဦး​ထဲမှာ တဦး​ဖြစ်ပြီး​ သူ့​ကိုဖမ်း​မိရင် ဆု​ငွေ ဘတ်တသန်း​ပေး​မယ်လို့​ ထိုင်း​နိုင်ငံ မူး​ယစ်​ဆေး​ဝါး​ ထိန်း​ချုပ်​ရေး​ဘုတ်အဖွဲ့​ (ONCB) က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့​ပါတယ်။
သူ့​ကို ဖမ်း​ဆီး​ဖို့​ ဆု​ငွေထုတ်အပြီး​မှာ သံသယရှိတဲ့​ ဘယ်​နေရာမဆို လာ​ရောက်ကြည့်​ရှုဖို့​ ထိုင်း​အစိုး​ရကို ဒီ​ကေဘီ​အေက ဖိတ်​ခေါ်ခဲ့​ပြီး​ ထိုင်း​အစိုး​ရက တရား​ဝင် လာ​ရောက် စစ်​ဆေး​မှုမရှိတဲ့​အတွက် ဒီ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​တာလို့​လည်း​ ဒီ​ကေဘီ​အေက ​ပြောပါတယ်။
ဗိုလ်မှူးချုပ် စောလဘွယ် သတင်းစာရှင်းလင်း
ဗိုလ်မှူးချုပ် စောလဘွယ် သတင်းစာရှင်းလင်း
မူးယစ်ရာဇာ အဖြစ် မိမိအပေါ် စွပ်စွဲချက်တွေကို သက်သေပြနိုင်မယ်ဆိုရင် ပေးတဲ့ ပစ်ဒဏ်ကို ရဲဝင့်စွာ ခံယူမှာဖြစ်တယ်လို့ ကလိုထူးဖေါ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးချုပ် စောလဘွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွှေး က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
news image
ဗိုလ်မှူးချုပ်စောလဘွယ်ကို ဧပြီလ ၂၀ရက်နေ့က ထိုင်းအစိုးရက မူးယစ်ရာဇာအဖြစ် စွတ်စွဲပြီး ဆုငွေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ဒီကနေ့ မနက်ပိုင်းက ကလိုထူးဖေါ စစ်ဌာနချုပ်ရှိရာ ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ် ကော်သုံးဘွယ်ခီး ဒေသမှာ ပြုလုပ်ပါတယ်။ သတင်းစာရှင်းပွဲနဲ့ ပတ်သက်ပြီး ကလိုထူးဖေါ ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး စောဂုဏ်အောင်က ပြောပါတယ်။
၃၀ ရက်နေ့ နောက်ဆုံးထားပြီးတော့ ကျွန်တော်တို့ဆမှာ လာပြီးတော့ ရှာဖွေလို့ ရတယ်။ ၃၀ ရက်နေ့ မှာ မလာတဲ့အတွက်ကြောင့် ကျွန်တော်တို့က သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ ဗိုလ်ချုပ်စောလဘွယ်က ဒီမူးယစ်ဆေးဝါးရောင်းဝယ်တဲ့ဟာကို သူကိုယ်တိုင်လည်း မလုပ်ဖူးဘူး။ သူများကိုလည်း ညွှန်ကြားချက် တစုံတရာမရှိဘူး။ အဲလို ငြင်းလိုက်ပါတယ်။ တကယ်လို့ စွတ်စွဲတဲ့ဘက်က စွပ်စွဲချက်တွေကို သက်သေအထောက်အထား အခိုင်အမာနဲ့ ပြနိုင်မယ်ဆိုရင် နိုင်ငံတကာ ခုံရုံးမှာ တက်ပြီးတော့ တရားရင်ဆိုင်မယ်။ ပေးတဲ့ အပစ်ဒဏ်ကို ခံယူမယ်လို့ သူက အဲဒီလို ကြေညာခဲ့ပါတယ်။
သတင်းစာရှင်းပွဲ ပြုလုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကနေ မြန်မာပြည်ဘက်ကို ကူးသန်းတဲ့ လမ်းကို ထိုင်းစစ်တပ်က ဒီကနေ့ ပိတ်ထားတာကြောင့် ထိုင်းနိုင်ငံသား သတင်းထောက် လေးဦးပဲ လာရောက်နိုင်တယ်လို့ သိရပါတယ်။ မေလ ၁၀ရက်နေ့မှာလည်း မြန်မာပြည်တွင်း သတင်းထောက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ သတင်းထောက်တွေကို ဒုတိယအကြိမ် သတင်းစာရှင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ကလိုထူးဖေါ အဖွဲ့က ပြောပါတယ်။
ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်တိုင်း ဒေသကြီး သန်လျင်တွင်ကျင်းပ
ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်တိုင်း ဒေသကြီး သန်လျင်တွင်ကျင်းပ
၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည့် ယနေ့မေလ ၁ ရက်နေ့တွင် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားများကို ရန်ကုန်တိုင်းတွင် ၃ နေရာ အနည်းဆုံးကျင်းပခဲ့ကြရာ ယင်းတို့အနက်မှ တခုဖြစ်သည့် သန်လျင်မြို့တွင် အလုပ်သမားနှင့် လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးဦးစီးကာ ပြုလုပ်ခဲ့သည်။
news image
ယင်းအခမ်းအနားမှ ကြေညာချက် တစောင်ထုတ်ပြန်ရာတွင် “လူမဆန်သည့် ဖိနှိပ်ခေါင်းပုံဖြတ်မှုများအောက်တွင် တနေ့ (၁၄) နာရီခန့်ပင်ပန်း၊ အန္တရာယ်များစွာ လုပ်ကိုင်နေရသည့်တိုင် ၀မ်းမ၀နိုင်ပဲ ဒုက္ခ သောက ခံစားနေရသည့် လယ်ယာ လုပ်သားများ အပါအ၀င်ဖြစ်သော အလုပ်သမားတို့၏ ဘ၀” ဟုဖေါ်ပြပါရှိသည်။
ယခင်က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရှိခဲ့ပဲ အစိုးရသစ်တက်လာသည့်နောက် အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် ဥပဒေပြဋ္ဌာန်းပြီးသည့်နောက် ယခုနှစ် ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခြင်းလည်းဖြစ်သည်။
ယင်းအခမ်းအနားမှ ကြေညာချက်တစောင်ထုတ်ပြန်ရာတွင် အလုပ်သမားအရေးနှင့် ပတ်သက်၍ ယခုလက်ရှိ အစိုးရသို့ အချက် ၇ ချက်ကို ဆောင်ရွက်ပေးပါရန် လေးနက်စွာမေတ္တာရပ်ခံ လိုက်သည်။
ယင်းတို့အနက်တွင် အရှေ့တောင်အာရှနိုင်ငံများထက် မနိမ့်သည့် အခြေခံ လုပ်ခလစာ ပြဋ္ဌာန်း သတ်မှတ်ပေးရန်၊ လုပ်သက် ၆ လပြည့်သည့် လုပ်သားများအား အမြဲတမ်း လခစားအလုပ်သမား ၀န်ထမ်းအဖြစ် မပျက်မကွက်ခန့်ထားရေး ၊ အလုပ်ချိန် တနေ့ ၈ နာရီ သတ်မှတ်ပေးရေးနှင့် နိုင်ငံတကာ စံနှုန်းများနှင့် ညီသည့် လုပ်အားခရရှိရေးတို့ပါဝင်သည်ကို တွေ့ရသည်။
သင့်တင့်သည့် လုပ်အားခရရှိရေးအတွက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ထောင်ကျော် ၃ ပတ်ကြာ ဆန္ဒပြခဲ့ကြရာ နောက်ဆုံး ၀ါဏိဇ္ဖပဋိပက္ခခုံရုံးသို့ ရောက်ရှိခဲ့သည်။
ယင်းအခမ်းအနားသို့ တက်ရောက်လာသူ ပရိသတ် ၁၅၀ ကျော်ရှိသည်ဟု တက်ရောက်ခဲ့သူတဦးက ပြောသည်။ ၊
မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မေဒေးနေ့ ကျင်းပ
မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မေဒေးနေ့ ကျင်းပ
ဒီကနေ့ ကျရောက်တဲ့ (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို တ့ာခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀၀၀) လောက်ပါဝင် ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။
ဒေသတွင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်နဲ့ အလုပ်သမား ကာကွယ်ရေးဌာနတို့ နဲ့ ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။
အခမ်းအနား မစတင်ခင် မနက်စောစောပိုင်းမှာ အခမ်းအနား ပြုလုပ်မယ့် ဆပ်ဖ၀ိထယားခုန်းမ် ထိုင်းစာသင်ကျောင်းရှိရာကို အလုပ်သမားအရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း တစ်ထောင်နီးပါး လောက်က အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ လက်ကိုင် ပိုစတာတွေ ကိုင်ဆောင်ပြီး မဲဆောက်မြို့ ရဲစခန်းကနေ လမ်းလျှောက် ချီတက်ခဲ့ပါတယ်။
ချီတက်ရာမှာပါဝင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက အခုလို ပြောပါတယ်။
မေဒေးနေ့ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ (၈) နာရီအလုပ်လုပ်မယ် (၈)နာရီပျော်မယ် (၈) နာရီနားမယ် ကျနော်တို့ ဒါမျိုး ဆောင်ပုဒ်လေးတွေလည်း ပါတယ်။ ကျနော်တို့ အလုပ်သမားတွေလည်း အတွေ့အကြုံ ရအောင် နောက် မေဒေးနေ့မှာ ကျနော်တို့ အလုပ်သမား စက်ရုံပေါင်းစုံက ပါဝင် ဆင်နွှဲတဲ့အတွက်ကြောင့် ကျနော်တို့ အရမ်းဝမ်းသာတယ်။
မေဒေးနေ့ အခမ်းအနားကို တာ့ခ်ခရိုင်မှူး နိုင်စုရိယ က အဖွင့်အမှာ စကားပြောကြားပြီး မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းဥက္ကဌနဲ့ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အလားတူ မေးဒေးနေ့ အခမ်းအနားကို ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့ (၁၃) ဖွဲ့ပါဝင်တဲ့ Migrant CBO Network group က ဦးဆောင်ပြီး မဲဆောက်မြို့ ယူဂျီယာ ခမ်းမမှာလည်း ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က မဲဆောက်ရှိ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေရတဲ့ အခြေအနေ အခက်အခဲတွေ၊ လုပ်ခလစာနဲ့ အလုပ်ပိတ်ရက်၊ အပြည့်အ၀မရတာတွေ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေကို တင်ပြသွားပါတယ်။ ဒါ့အပြင်သူဆက်ပြောတာက-
ဒီအခြေအနေတွေ က ဒီမေဒေးနေ့ ဖြစ်ပေါ်လာတဲ့ လွန်ခဲ့တဲ့ (၁၂၂) နှစ်ကျော်က အလုပ်သမားတွေ ခံစားရတဲ့ အခြေအနေနဲ့ အလားသဏ္ဍန် တူတယ်။ အဲဒီအခြေအနေတွေ ဖြစ်နေတဲ့အခါကြတော့ ဒီနေ့တွေက အလုပ်သမားတွေ အခွင့်အရေး တိုက်ပွဲကို ရအောင်လုပ်ခဲ့တဲ့နေ့ ဆိုတာကို သူတို့ သိစေချင် တယ်။ မေဒေးစိတ်ဓါတ် ကိုယ့်အခွင့်အရေးကို တိုက်ရဲတဲ့ စိတ်ဓါတ်တွေ ပေါ်လာမယ်လို့ ယူဆတယ်၊ အဲဒါကြောင့်မို့လို ကျနော်တို့က ဒီမေဒေးနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပရခြင်း ဖြစ်တယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂-သိန်းခွဲကျော် ရှိပြီး အလုပ်သမား ငါးသောင်းခွဲလောက်သာ အလုပ်သမား လက်မှတ်လုပ်နိုင်ပြီး ပတ်စပို့ လုပ်နိုင်သူ ၂ သောင်း ၀န်းကျင်လောက်သာ ရှိသေးတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
၈၈ ကျောင်းသားများအဖွဲ့ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိ
၈၈ ကျောင်းသားများအဖွဲ့ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိ
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ လောလောဆယ်မှာ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိသေးဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ပြည်သူတွေနဲ့ တသားထဲနေပြီး ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေး အတွက် သွားရောက်တဲ့ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ရပ်စောက်မြို့ကို ရောက်ရှိချိန်မှာ ဒေသခံပြည်သူတွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။
အခုလက်ရှိ နိုင်ငံရေး အခြေအနေမှာ ကျွန်တော်တို့ ၈၈ မျိုးဆက်အနေနဲ့ ပါတီ ဖွဲ့ပြီးတော့ သွားမသွားဆိုတဲ့ ကိစ္စမျိုးတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေမှာ ပြည်သူလူထု အနေနဲ့ ဘယ်လို ကဏ္ဍမျိုးကနေ ပါဝင်သင့်သလဲဆိုတဲ့ ကိစ္စမျိုးတွေ အဲဒီလို မေးခွန်းမျိုးတွေကို မေးကြတယ်ဗျာ။ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ လောလောဆယ်မှာ ပါတီဖွဲ့ဖို့ အတွက် အခြေအနေ မရှိသေးဘူး ဆိုတဲ့ အကြောင်း၊ ပြီးတော့ လွှတ်တော် နိုင်ငံရေးတခု ရှိနေသလိုပဲ ကျွန်တော်တို့က လွှတ်တော် ပြင်ပ နိုင်ငံရေးကို ဆက်ပြီးတော့ လုပ်နေအုန်းမယ့် အဖွဲ့အစည်းတခု ဖြစ်တယ်ဆိုတဲ့ အကြောင်း ဖြေကြားခဲ့ကြပါတယ်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် (၈) ဦးဟာ ရပ်စောက်မြို့ မင်္ဂလာရန်အောင် စာသင်တိုက်မှာ ဒေသခံပြည်သူတွေ တောင်သူလယ်သမားနဲ့ ကျောင်းသားလူငယ်တွေကို တရင်းတနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မီဒီယာပွင့်လင်းလာတဲ့ ခေတ်မှာ ၀န်ကြီးများ အပြောအဆို ဆင်ခြင်သင့်
မီဒီယာပွင့်လင်းလာတဲ့ ခေတ်မှာ ၀န်ကြီးများ အပြောအဆို ဆင်ခြင်သင့်
မီဒီယာ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ ၀န်ကြီးတွေ အနေနဲ့ အပြောအဆို ဆင်ခြင်သင့်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက မနေ့က နိရဉ္စရာကို ထုတ်ဖေါ် ပြောဆိုလိုက်သည်။
news image
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးး ဦးမြှင့်လိုင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များအား တရားဝင် တောင်းပန်မူ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မြေပုံ အမတ်ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းစဉ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ်က ယခုကဲ့သို့ ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒီလို မီဒီယာ ပွင့်လင်းလာတဲ့ ခေတ်မှာ ဒါမျိုးတွေ မဆင်မခြင် ပြောမိတဲ့ အတွက် ၀န်ကြီးတယောက်အနေနဲ့ လွှတ်တော်မှာ တောင်းပန်ရတယ်ဆိုတော့ သူ့အနေနဲ့ လည်း တော်တော့ကို ဂုဏ်သိက္ခာ ကျဆင်းပါတယ်။ သူ ခုလို ပြောဆိုမိတဲ့ အတွက် ပြည်သူတွေအနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကို အထင်သေးစရာ ဖြစ်သွားခဲ့ရပါတယ်။ သူရဲ့ ဖြစ်ရပ်ကို ကြည့်ပြီး ၀န်ကြီးတွေ နောက်နောင် အပြောအဆိုတွေ ဆင်ခြင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဟု သူက ပြောသည်။
၎င်းပြင်သူက " အဲဒီအပေါ်မှာ တခြား သူတွလည်း သင်္ခန်းစာယူပြီးတော့ ဒါမျိုးတွေကို ဆက်မလုပ်ကြဘူး ဆိုရင် ကျွန်တော်တို့ လွှတ်တော်နဲ့ ၀န်ကြီးတွေအကြား နောက်နောင်မှာ ဘာပြဿနာမှ ပေါ်ပေါက် လာမယ်လို့ မထင်ပါဘူး" ဟု သူက ဆက်ပြောသည်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးး ဦးမြှင့်လိုင်သည် Hot News ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် လွှတ်တော် အမတ်များသည် ပညာမတတ်၊ ဆယ်တန်းမအောင်၊ လွှတ်တော်တွင် ရမ်းလုပ်နေသည်ဟု ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်ဟု မတ်လ ၂၃ ရက်နေ့က ပြည်တွင်းထုတ် Hot News ဂျာနယ်တွင် ဖေါ်ပြခဲ့သည်။
ထိုကဲ့သို့ ပြောဆိုမူနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ကို စော်ကားသည်ဟု ဆိုကာ မကျေမနပ်ဖြစ်ကြပြီး လွှတ်တော် အခွင့်အရေး ကော်မီတီကို တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။
လွှတ်တော် အခွင့်အရေးကော်မီတီက သူ့ကို ကုန်ခဲ့တဲ့လ ၂၇ ရက် နေ့က ခေါ်ပြီး မေးမြန်းစစ်ဆေးပါတယ်။ အဲဒီမှာ ဦးမြင့်လှိုင်က ပြန်ပြောတာက သူပြောခဲ့တဲ့ အကြောင်းတွေဟာ တိုင်းပြည်အပေါ်မှာ စေတနာထားပြီးတော့ ပြောတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကို စော်ကားတာ မဟုတ်ပါဘူး။ မီဒီယာက သူရဲ့ ရင်ထဲက စေတနာထားတဲ့အပေါ်မှာ ယူဆချက်လွဲပြီးတော့ ဖေါ်ပြတဲ့ အမှားအယွင်း အားနည်းချက်တွေကြောင့် ဒီလို ဖြစ်သွားတာပါ။ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အလေးထားပါတယ်။ သူစော်ကားတဲ့ အချက်မပါပါဘူး။ ဒါဟာ တယောက်နဲ့ တယောက် နားလည်မှုလွဲသွားတာပါလို့ ပြောပါတယ် ခင်ဗျား ဟု သူက ပြောသည်။
ဝန်ကြီး ဦးမြင့်လိုင်က ယခုကဲ့သို့ ပြောဆိုမူ အပေါ် သင်ခန်းစာများစွာ ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များကို ထိုင်ကန်တော့ပါဟု ဆိုလျှင်လည်း ကန်တော့သွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
အဲဒီလို ဖြစ်လာတဲ့ အတွက် သူအနေနဲ့ သင်္ခန်းစာလည်း ရပါတယ်။ ပညာလည်း ရပါတယ်လို့ ပြောပါတယ်။ နောက်ဆုံး လွှတ်တော် အခွင့်အရေး ကော်မီတီက ဒီလိုဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ်နဲ့ လွှတ်တော်အပေါ်မှာ စော်ကားသလို ဖြစ်သွားတာပေါ့။ အဲဒီအပေါ်မှာ ၀န်ကြီးအနေနဲ့ တောင်းပန်နိုင်မလားလို့ ပြောတော့ သူက လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေကို စိတ်အနှောင့်အယှက်၊ ကိုယ်အနှောင့်အယှက် ပြုမိတဲ့ အတွက် ကျွန်တော် တောင်းပန်ဖို့ ၀န်မလေးပါဘူး။ ကန်တော့ဆိုရင်လည်း ထိုင်ကန်တော့ပါမယ်လို့ ပြောပါတယ် ဟု ဦးဖေသန်းက ပြောသည်။
ယခုကဲ့သို့ ပြည်ထောင်စု ၀န်ကြီး တစ်ဦးက လွှတ်တော် အမတ်များကို တောင်းပန်ခဲ့သည်မှာ လွှတ်တော် ပေါ်ပေါက်လာသည့် အချိန်မှ စပြီး ပထမဆုံး အကြိမ် ဖြစ်ကာ ယခုကဲ့သို့ ၀န်ကြီးက လွှတ်တော် အမတ်များကို တောင်းပန်ခဲ့မူ အပေါ် လွှတ်တော်အမတ်များကလည်း ကျေကျေနပ်နပ်ဖြင့် လက်ခံ ခဲ့ကြသည်ဟု သိရသည်။
အကျဉ်းလွတ်ပါတီဝင်နှစ်ဦးကို မွန်ပြည်သစ်ဥက္ကဌထံလွှဲအပ်
အကျဉ်းလွတ်ပါတီဝင်နှစ်ဦးကို မွန်ပြည်သစ်ဥက္ကဌထံလွှဲအပ်
ကျလွန်းထော – ထောင်ဒဏ် တစ်သက်တစ်ကျွန်းအကျဉ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား မွန်ပြည်သစ်ပါတီ ဥက္ကဌထံသို့ ယမန်နေ့မွန်းလွဲပိုင်းတွင် လွဲအပ်ပေးခဲ့ပြီးဖြစ်သည်။
news image
မော်လမြိုင်မြို့ Strand Hotel ၌ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် လျှပ်စစ်ဝန်ကြီးဦးဇော်မင်းမှဒကှ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်ထံ အကျိုးတော်ဆောင်များ ရှေ့မှောက်တွင် အပ်နှံခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်စိုးမြင့်က ပြောသည်။
အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေး တို့ကို ယမန်နေ့တွင် နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သက်ဆိုင်ရာ ထောင်အသီးသီးလွှတ်ပေးခဲ့သည်ဟု သိရသည်။
“လျှပ်စစ်ဝန်ကြီးဦးဇော်မင်း ကိုယ်တိုင်က ဥက္ကဌကြီးလက်ထဲကို အပ်ပေးတယ်၊ ပြီးတော့ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင်သွားဖို့လည်း မှာကြားသွားပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်စိုးမြင့်က ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြဿနာ ကိစ္စရပ်များကို ဖြေရှင်းပြီးမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောဆိုခဲ့သည်။
“ကျနော်လွတ်လာပြီး အခု မွန်ပြည်သစ်ထံအပ်နှံတဲ့အခမ်းအနားကိုရောက်နေပါတယ်၊ ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဘာပြောရမလဲတောင် မသိဘူး၊ အားလုံးကို ကျေးဇူတင်ပါတယ်” ဟု နိုင်ယက္ခက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။
အလားတူ နိုင်မျိုးသွေးကလည်း “အကျဉ်းထောင်ထဲရှိနေတဲ့ကာလတွေမှာ ဘာသတင်းမှလည်းမကြားသိရဘူး၊ ဒီမနက် ထောင်ကထွက်လာပြီး အခု ဟော်တယ်ကိုရောက်လာတယ်၊ အမှောင်ကနေ အလင်းကို ချက်ချင်းရောက်လာတော့ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိသေးဘူး၊ အရမ်းဝမ်သာပါတယ်” ဟု ပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်များ လေးကြိမ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာတွင် ၄င်းနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် မွန်ပြည်သစ်ပါတီမှ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။
ယခင် နအဖ စစ်အစိုးရတို့က နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံရန်ကြိုးစားမှုဖြင့် အကွက်ဆင်ဖမ်းဆီးခဲ့ရာတွင် ၄င်းတို့နှင့်အတူ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့နှင့်အတူ ၁၂ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
၎င်းနောက် နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ် စီရင်ချက်ခြင်းခံရပြီး အယူခံဝင်ရာမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျော့ချပေးခဲ့သည်။
နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီ၏ ခရိုင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး နိုင်မျိုးသွေးမှာ သံဖြူဇရပ်မြို့နယ်တပ်မှုး အဖြစ် အကျဉ်းမကျခင်အချိန်ထိ မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
လွတ်မြောက်လာသည့်မွန်နိုင်ငံရေးအကျဉ်းသား ၂ ဦးကို မွန်လူငယ်အဖွဲ့ကြိုဆို
လွတ်မြောက်လာသည့်မွန်နိုင်ငံရေးအကျဉ်းသား ၂ ဦးကို မွန်လူငယ်အဖွဲ့ကြိုဆို
ကျလွန်းထော – နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ဒေသအသီးသီးမှ မွန်လူငယ်များက မော်လမြိုင်မြို့၊မွန်ဓမ္မာရုံ၌ ယမန်နေ့တွင် အခမ်းအနားဖြင့် ကြိုဆိုပွဲကျင်းပခဲ့သည်။
news image
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အပြင် ဒေသအသီးသီးမှ မွန်လူငယ်ပေါင်း (၁၀၀) ကျော်တို့က ယမန်နေ့က အကျဉ်းထောင်မှလွတ်မြောက်လာသူ နိုင်ယက္ခနှင့် မင်းမျိုးသွေးတို့အား အမွှေးနံ့သာရေများဖြန်းခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု လူငယ်ခေါင်းဆောင် နိုင်ဟောင်တိန်းက ပြောသည်။
“ကျနော်တို့ မျှော်လင့်ထားသလို အခုလိုလွတ်မြောက်လာတာ အရမ်းဝမ်သာပါတယ်၊ ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ သူတို့ပြောထားတဲ့ကတိစကားအတိုင်း လုပ်ဆောင်ပေးတယ်ဆိုတော့ အစိုးရအပေါ် မွန်လူထုတွေပိုမိုယုံကြည်လာပါတယ်” ဟု နိုင်ဟောင်တိန်းက ပြောသည်။
၎င်းကြိုဆိုပွဲသို့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များလည်း လိုက်ပါခဲ့ပြီး လူငယ်များအား မိန့်ခွန်းပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က “ထမင်းထုပ်ကိုပဲမြင်နေပြီး ဒုတ်ကို မမေ့လိုက်ကြနဲ့၊ ထာဝရအပစ်ခတ်ရပ်စဲရေးကို မတည်ဆောက်နိုင်သေးဘူး၊ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ အများကြီးရှိသေးတယ်” ဟု ကြိုဆိုပွဲတွင် ပြောကြားခဲ့သည်။
ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မွန်ပြည်သစ်ပါဥက္ကဌ နိုင်ထောမွန်ထံသို့ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို အပ်နှံပေးခဲ့ပြီး ညနေပိုင်းတွင် ဒေသအသီးသီးမှ မွန်လူငယ်တို့က ကြိုဆိုပွဲအခမ်းအနားပြုလုပ်၍ လက်ဆောင်များလည်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“အခုလို နွေးနွေးထွေးထွေးနဲ့ လာရောက်ကြိုဆိုတာ အရမ်းကိုဝမ်းသာပါတယ်၊ လက်ရှိ အမျိုးသားရေးလုပ်ငန်းရဲ့ လိုအပ်တဲ့နေရာတွေမှာ ကျနော်တို့သတ္တိရှိရှိနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်” ဟု နိုင်ယက္ခက အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အကျဉ်းကျခံနေရသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့သည် မွန်ပြည်သစ်ပါတီတွင်တာဝန်ထမ်းဆောင်ရင်း ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရထောက်လှမ်းရေးများ အကွက်ဆင်ဖမ်းဆီးမှုကြောင့် ထောင်ဒဏ်တစ်သက် ကျခံခဲ့ရခြင်း ဖြစ်သည်။
မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်
မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်
by ခိုင်မောင်ဦး (မလေး)
မလေးရှားနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ရခိုင် ကလေးငယ်များ၏ ပညာရည် တိုးတက် မြှင့်မားရေး အတွက် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
news image
ရခိုင်ကလေးငယ်များ ပညာရည် တိုးမြင့်ရေးကို ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ရခိုင် လူမူရေး လုပ်ကိုင်နေသူများ အကြား သဘောတူညီမူ ရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူများက ဆိုသည်။
အလုပ်ရုံ ဆွေးနွေးပွဲက မျိုးဆက်သစ် ကလေး လူငယ်များ ပညာမြင့်မာရေး အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ပူချုန်းနေမြေ Arakan Refugee Eduction Centre (AREC) ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာရည် မြင်းမားရေး အတွက် တိုးမြှင့် လုပ်ဆောင်ဖို့ ဆွေးနွေးပွဲ တက်လာတဲ့ သူတွေက သဘောတူခဲ့ကြပါတယ် ဟု ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးရုံှး (ARRC) မှ ဥက္ကဌ ဖြစ်သူ ကိုစိုးထွန်းက နိရဉ္စရာသို့ ပြောသည်။
ဆွေးနွေးပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလများ၊ ကျောင်း သားမိဘများ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
ကလေး ပညာရေးကျောင်း ရည်ရှည် တည်တံ့ရေး၊ ကျောင်းဆရာ ဆရာမတွေ အချိန်ပြည့် ပညာသင်ကြားနိုင်ရေး၊ ရခိုင်စာ သင်ကြားရေးနဲ့ ကျောင်းရံပုံငွေ တောင့်တင်းရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တက်ရောက်လာသူ အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း ရရှိခဲ့ပါတယ် ဟု သူက ဆက်ပြောသည်။
(AREC) ကျောင်းတွင် ထူထောင်ကတည်းက ယခုအချိန်ထိ ကလေးငယ်များအား စာသင်ပြနေသူ ကျောင်းဆရာ ကိုသီဟအား ကလေးငယ်များအား စာသင်ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး နိရဉ္စရာ မေးမြန်းကြည့်ရာ သူက ယခုလို ပြောသည်။
ရခိုင်က လာကြတဲ့  ကလေးတွေက ပညာအရေး အရမ်းညံတော့ နေ့တိုင်းလိုလို သင်တန်းတွေ ပေးပြီး အမြဲ လေ့ကျင့် ပေးရပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ အဓိက အားနည်းချက်က အင်္ဂလိပ်စာတော်တော်လေး ညံ့တာကို တွေ့ ရတယ်။ နယ်မြေအသီးသီး၊ အလွာအသီးသီးက လာကြသူ့ တွေမို့  သူတို့ ရဲ့ အားနည်းချက် အားသာချက်တွေကို ကြည့်ပြီး ကျွန်တော်တို့  စာပြရပါတယ် ဟု သူက ပြောသည်။
၎င်းပြင် အမျိုးသား ကြင်အန် လက္ခဏာများ မပျောက်ပျက်ရေးနှင့် မျိုးချစ်စိက်ဓါတ် ထက်သန်လာအောင် လေ့ကျင့်ပေးမူများလည်း ပြုလုပ်ပေးရကြောင်း သူက ပြောသည်။
ကျောင်းသားတွေဟာ တချိန်ချိန်မှာ ဒီနိုင်ငံကနေ တတိယ နိုင်ငံ တစ်ခုခုကို ထွက်ခွာသွားကြမယ့် သူတွေ ဖြစ်ကြပါတယ်။ တတိယနိုင်ငံကို ထွက် တဲ့အချိန်မှာ သူတို့  ရဲ့ပညာရေး အဆင့်မြင့်ပြီးသား ဖြစ်နေဖို့ လိုတယ်။ နောက်ပြီး နှောင်တစ်ချိန်မှာ အမျိုးသားရေးကို ဦးဆောင်နိုင်တဲ့ လူတော် လူကောင်းတွေ ဖြစ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကျောင်းကိုဖွင်ပြီး ခုလို ပညာ သင်ကြားပေးနေတာ ဖြစ်ပါတယ် ဟု သူက ပြောသည်။
ယခု ဒုက္ခသည် ကျောင်း ရပ်တည်နိုင်ရန်အတွက် အဓိက ရံပုံငွေ ရှိဖို့ အများကြီး လိုအပ်ကြောင်း၊ ရံပုံငွေရှိမှသာလျှင် ကျောင်းသူကျောင်သားများ၏ စားဝတ်နေရေး အဆင်ပြေလာမည် ဖြစ်ကြောင်း၊ သူတို့ ၏ အနာဂတ် ပညာရေးကို ကူညီပံ့ပို့ ရန် အများကြီးလိုအပ်ကြောင်း၊ ပြည်ပရှိ ရခိုင်သူ ရခိုင်သားများနှင့် ဆက်သွယ်ကာ အကူအညီများ ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောကြားသွားသည်။
Arakan Refugee Eduction Centre (AREC) ကျောင်းတွင် သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ရခိုင်ဘာသာများကို ဆရာ ဆရာမ လေးဦးက တာဝန်ယူ သင်ကြားပို့ချပေးနေသည်ဟု သိရသည်။
(AREC) ကျောင်းတွင် ညအိပ်ညစားကျောင်းသူ ကျောင်းသား ၅၀ ကျော်ရှိပြီး သူတို့၏ စားရေး သောက်ရေးများကို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေးရုံှး (ARRC) မှ လစဉ် ကူညီ ပံ့ပိုးပေးနေသည်ဟု သိရသည်။
အဆိုပါ Arakan Refugee Eduction Centre (AREC) ကျောင်းကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ တွင် ဦးဘခိုင်မောင် ဦးစီးတည်ထောင်ပြီး ယခုအခါ ရခိုင် ဆရာတော်များဖြစ်ကြသည့် ဒေါက်တာ အရှင်ရာဇိန္ဒ (ပူးချုန်း)နှင့် အရှင်ပညာဝံသ (ဆူးဂိုင်းဘလို)တို့မှ ဦးဆောင်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။
ကွယ်လွန်သူမွန်ပြည်သူ့တပ်ဦးဥက္ကဌနိုင်အောင်ထွန်းအား ဂါရဝပြု
ကွယ်လွန်သူမွန်ပြည်သူ့တပ်ဦးဥက္ကဌနိုင်အောင်ထွန်းအား ဂါရဝပြု
မင်းတော်လဝီ – မွန်ပြည်သူ့တပ်ဦးဥက္ကဌ နိုင်အောင်ထွန်း ဂါရဝပြုအခမ်းအနားပွဲတစ်ရပ်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၌ ဧပြီလ၂၉ရက်နေ့တွင် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
news image
နိုင်အောင်ထွန်း၏မွေးရပ်မြေ၊ ပငကျေးရွာ၊ ကြက်တိန်ညင်ဘုရားကုန်း ပုရဝဏ်ရှိ ၄င်း၏အမှတ်တရအုတ်ဂူရှေ့၌ အစီအစဉ် (၈)ရပ်ဖြင့် ဂါရဝပြုအခမ်းအနား ကျင်းပကြသည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် ပငရွာမွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “အခမ်းအနားဟာ နိုင်အောင်ထွန်းကွယ်လွန်သွားတဲ့(၄၂)နှစ်မြောက်ကို အောက်မေ့သတိရဂါရဝ ပြုတဲ့အခမ်းအနားတရပ်ပါ၊ ပငရွာမွန်စာပေနဲ့ယဉ်ကျေးမှု ကော်မတီက ဦးဆောင်ကျင်းပခဲ့တာဒီနှစ်ဆို ၁၆နှစ်မြောက်ပါ” ဟု ပြောသည်။
ယင်းအခမ်းအနားသို့ မွန်ဘုန်းတော်ကြီးများ၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိမ်း၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ဂျနူမွန်(ခေါ်)နိုင်ငွေသိန်း၊ အခြားမွန်နိုင်ငံရေးခေါင်းဆောင်များနှင့် သံဖြူဇရပ်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအပါအဝင် ဧည့်ပရိဿတ် စုစုပေါင်း ၅၀၀ ခန့် တက်ရောက် ကြသည်။
နံနက်စောစောပိုင်းတွင် ဆရာတော်များအား ဆွမ်းကပ်လှူဒါန်းပြီးနောက် အခမ်းအနားကျင်းပရာ မွန်ဒီမိုကရေစီပါတီမှ နိုင်ငွေသိမ်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)တို့ အသီးသီး မိန့်ခွန်းပြောကြားခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နိုင်အောင်ထွန်းအထုပ္ပတ္တိဖတ်ကြားခဲ့စဉ်
မွန်ပြည်သူ့တပ်ဦး(၁၉၄၈-၅၈)လက်ထက်တွင် နိုင်အောင်ထွန်းနဲ့အတူပါဝင်ခဲ့သော ယခုအသက်ရှင်နေဆဲ မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ကျနော်နိုင်ငွေသိမ်းက “ယခင်လက်နက်ကိုင်တော်လှန်ရေးကနေ အခုဆိုရင်မွန်လူမျိုးတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းကနေ မွန်လူထုတွေထင်ထင်ပေါ်ပေါ်တောင်းဆိုလာနေကြပြီ”ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ“ယခင်မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်းနဲ့ နိုင်ငွေသိမ်းတို့ချမှတ်ခဲ့တဲ့မူ(၃)ရပ် ကို ယနေ့ကျနော်တို့ ဆက်လက်ထမ်းဆောင်နေဆဲပဲ၊ အဲဒါကတော့လွတ်လပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ ကိုယ်ပိုင်ပြန့်ဌာန်းနဲ့ စစ်မှန်သောပြည်ထောင်စုတို့ပဲဖြစ်တယ်”ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌ နိုင်ငွေသိန်း(နိုင်ဂျနူမွန်)က ၄င်း၏မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်အောင်ထွန်းသည် ၁၉၄၈ ခု သြဂုတ်လတွင် မွန်လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး မွန်အမျိုးသားထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် မွန်ပြည်သူ့တပ်ဦး ဥက္ကဌကြီးအဖြစ် ပါတီသက် တမ်းတလျှောက် တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုနောက် ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ပြီးနောက် နိုင်အောင်ထွန်းသည် ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁-ခု၊ ဧပြီလ (၂၇) ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။
ထိုနောက် တော်လှန်ရေးကောင်စီ (ဦးနေဝင်းအစိုးရ)၏ ၃၃ ဦးပါ နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တွင် မွန်အမျိုးသားခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။
၁၉၇၀ ခု၊ ဧပြီလ၂၉ ရက်၊ နံနက် ရ နာရီခန့် မော်လမြိုင်နေအိမ်၌ ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်ရှိသည်။
end faq
 
30
Apr
2012
Burmese News - April 30, 2012
လူဝတ်လဲလိုက်သည့်​ အရှင်ဂမ္ဘီရ စိတ်ကျန်း​မာ​ရေး​ ကုသ​နေ
လူဝတ်လဲလိုက်သည့်​ အရှင်ဂမ္ဘီရ စိတ်ကျန်း​မာ​ရေး​ ကုသ​နေ
by ​အေး​နိုင်
ကိုညီညီလွင်တဖြစ်လဲ မြန်မာနိုင်ငံလုံး​ဆိုင်ရာ သံဃတပ်​ပေါင်း​စုအဖွဲ့​ကြီး​ရဲ့​ ဦး​ဆောင်သံဃာ​တော် အရှင်ဂမ္ဘီရရဲ့​ စိတ်ကျန်း​မာ​ရေး​မ​ကောင်း​ဘူး​လို့​ သူ့​မိခင် ​ဒေါ်​ရေး​က ​ပြောပါတယ်။
news image
၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကာလက ဦး​ဆောင်သံဃာတပါး​ဖြစ်တဲ့​ အရှင်ဂမ္ဘီရဟာ နှစ်ဆန်း​တရက်​နေ့​က လူထွက်ခဲ့​ပြီး​တဲ့​နောက် စိတ်ကျန်း​မာ​ရေး​ ဆရာဝန်ထံမှာ ကုသမှုခံယူ​နေတယ်လို့​ သူ့​မိခင် ​ဒေါ်​ရေး​က ​ပြောပါတယ်။
မိထ္တီလာမြို့​က စက်မှုဇုန်မှာ မိဘ​တွေနဲ့​အတူ ​နေထိုင်​နေတဲ့​ ကိုညီညီလွင်ဟာ တ​ယောက်တည်း​နေရင်း​ ရယ်​မော​နေတတ်သလို ညဘက်ဆိုရင် ပို​ဖောက်လာတယ်လို့​ ဆိုပါတယ်။
“ဟိုတ​နေ့​က လူထွက်​တော့​ ပုံမှန်မဟုတ်ဘူး​။ တ​ယောက်တည်း​ ရယ်​နေတယ်၊​ ညကျ​တော့​ အာရုံထဲမှာ ဆက်သွယ်​နေကြတယ်ဆိုပြီး​ အဲလို​တွေ​ပြောတယ်။ ​နေ့​ခင်း​က အ​ကောင်း​ပဲ၊​ ညပိုင်း​ ၆ – ၇ နာရီ​လောက် သတင်း​တွေဘာ​တွေကြား​ရင် စိတ်ကထိန်း​ချုပ်လို့​ မရဘူး​။ တအား​ဆိုး​လာတယ်။ ​ဆေး​စစ်​တော့​လည်း​ မခံဘူး​။ မိထ္တီလာမှာ စိတ်ကျန်း​မာ​ရေး​ဆရာဝန်ကြီး​နဲ့​ သွား​ဆွေး​နွေး​ကြည့်​ပြီး​ပြီ။”
သူဟာ ​ထောင်ကထွက်ပြီး​တဲ့​နောက် သင်္ကန်း​ပြန်ဝတ်ခဲ့​ပါတယ်။ ဒီ​နောက် နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က သံဃာပြန်ဝတ်ချင်ရင် ပြန်လည် ​လျှောက်ထား​ရမယ်ဆိုတဲ့​ ညွန်ကြား​လွှာ ၁၅ အရ ပြန်​လျှောက်ခိုင်း​ခဲ့​ပါတယ်။
အရှင်ဂမ္ဘီရက သူဟာ ရဟန်း​ဖြစ်ပြီး​ဖြစ်လို့​ ​လျှောက်စရာမလိုဘူး​လို့​ ခံယူပြီး​ မ​လျှောက်တာ​ကြောင့်​ အဲဒီညွှန်ကြား​လွှာအရ တရား​စွဲဆိုခံရနိုင်တယ်ဆိုနဲ့​အချက်နဲ့​ ငြိစွန်း​သလို သတင်း​စာ​တွေမှာလည်း​ အာဏာစက်နဲ့​ ကိုင်တွယ်မယ်လို့​ ပါရှိလာပြီး​ သွား​လာ​နေထိုင်​ရေး​ ခက်ခဲခဲ့​ပါတယ်။
ဒေါ်​ရေး​က ရန်ကုန်မှာ ​နေထိုင်သွား​လာ​ရေး​ခက်ခဲပုံကို ခုလို ​ပြောပါတယ်။
“စိတ်ဖိစီး​မှု​တွေလည်း​ များ​တယ်။ ဟိုတ​လောက ရန်ကုန်ကို ​ဆေး​စစ်ဖို့​သွား​တယ်။ သွား​တော့​ ဘယ်​ကျောင်း​မှာမှ မတည်း​ရဲဘူး​။ ​ပေး​မတည်း​ဘူး​။ အဲဒါ​တွေလည်း​ စိတ်ထဲခံစား​ရမှာ​ပေါ့​။”
အရှင်ဂမ္ဘီရဟာ ​ထောင်တွင်း​နှိပ်စက်ခံရတဲ့​ဒဏ်​တွေအပြင် ​ထောင်တွင်း​ မူး​ယစ်​ဆေး​တွေပါ ထိုး​နှံခံရတယ်ဆိုတာ သံသယရှိတယ်လို့​ ​ဒေါ်​ရေး​က ​ပြောပါတယ်။
ရွှေပြည်သာက ဆင်းရဲသားများ နေရေးအခက်ကြုံ
ရွှေပြည်သာက ဆင်းရဲသားများ နေရေးအခက်ကြုံ
by ​အေး​နိုင်
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ထဲက ဂျီအီးတပ် ၉၆ က တပ်ပိုင်မြေကို ခြံစည်းရိုးခတ်ပြီး ခြံစည်းရိုးတွင်း တဲထိုးနေထိုင်သူတွေကို ဧပြီ ၂၉ ရက် မနက် ၈ နာရီမှာ ထွက်ခိုင်းလို့ နေရေးအခက်အခဲ ကြုံနေကြပါတယ်။
အရင်က အဲဒီတပ်ကနေ တချို့ကို ငှားထားသလို တချို့ကလည်း ကိုယ့်သဘောနဲ့ ကိုယ် ဆောက်လုပ်နေထိုင်ကြတာတွေလည်း ရှိပါတယ်။
အခုလို ရုတ်တရက် တပ်ဧရိယာကို ခြံခတ်လိုက်တာကြောင့် နေစရာ ပျောက်ကုန်တာ ဖြစ်ပါတယ်။
ဒုက္ခရောက်သူတွေကို ကူညီနေတဲ့ ရွှေပြည်သာ အန်အယ်လ်ဒီပါတီ တာဝန်ခံ ဒေါ်အေးအေးမာက “မနက်ကအခြေအနေက အထဲမ၀င်ရဘူး ပြောတယ်။ အခုညနေလည်း ဒီအတိုင်းပဲ။ အထဲမ၀င်ရဘူး အပြင်လည်း မထွက်ရဘူး။ မနက်က ထမင်းဝေတယ်လို့ ကြားတယ် စုံအောင် မကျွေးဘူး။ ဒီဘက်က မြင်နေရတဲ့သူတွေပဲ ကျွေးတယ်။ ဟိုဘက်က မြေငှားထားတဲ့သူ၊ အိမ်ငှားထားတဲ့သူတွေကျတော့ မကျွေးဘူး။ အဲဒီလူတွေက ၀င်လို့မရဘူးဆိုတော့ လမ်းမမှာထွက်အိပ်ရမယ်လေ။ ညနေစာကျွေးဖို့ အခုလည်း ရပ်ကွက်ထဲမှာ အလှူတွေ ခံနေတယ်” လို့ ပြောပါတယ်။
ခြံစည်းရိုးအပြင်မှာရှိနေတဲ့ လူဦးရေ ၁၀၀ ကျော်လောက်ဟာ အိပ်ဖို့ နေရာမရှိလို့ အတော်ဒုက္ခရောက်နေကြပြီး ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) နဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ခြံစည်းရိုးကို အင်းစိန် ၁ ရပ်ကွက်ကနေ ရွှေပြည်သာ ၁ ရပ်ကွက်အထိ ခတ်လိုက်တာဖြစ်တဲ့အတွက် အကုန်လုံး အပြင်ရော အထဲရော လူဦးရေ ၃၀၀ ကျော် ၄၀၀ လောက် နေထိုင်ရေး အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
အဲဒီမှာ အိမ်ခြေအလုံး ၁၃၇ လုံးလောက်ရှိပြီး နေထိုင်သူတွေဟာ ခြံစည်းရိုး မခတ်ထားတဲ့အတွက်အရင်က ဂျီအီးတပ်အပိုင်ဆိုတာ မသိကြဘူးလို့ ပြောပါတယ်။
“အရင်တုန်းက ဂျီးအီးတပ်မှန်းကို မသိဘူး။ ဒီအတိုင်း ငှားထားတာ။ ငှားထားတဲ့လူတွေကို တဲတွေ ဖျက်တယ်။ ရပ်ကွက်ဥက္ကဋ္ဌ ခေါ်တယ်။ ရပ်ကွက် ဥက္ကဋ္ဌကနေ ဒီနေရာကို ဖျက်ပြီး အစားရမယ်လို့ပြောတယ်။ အဲတော့ တဲ ၄ လုံး ဖျက်တယ်။ မပေးတော့ အိမ်ပြန်ဆောက်တယ်။ အဲဒီလိုဆောက်ရင်းနဲ့ လူတွေ တော်တော် ဒုက္ခရောက်တယ်။”
အခုလို နေအိမ်တွေကနေ အပြီးထွက်ခိုင်းတဲ့အတွက် အတော်အခက်အခဲကြုံကြရပြီး တချို့ ကလေးတွေလည်း နေထိုင်မကောင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“ပြန်လို့ မရသေးဘူး။ လူတွေက အများကြီး ဖြစ်နေတယ်။ နေမကောင်းနေတဲ့ ကလေးတွေလည်း ရှိတယ်။ ထမင်းမစားရသေးတဲ့လူတွေ ရှိတယ်။ ယောက်ျားပြန်အလာကို မျှော်နေတဲ့သူတွေရှိတယ်။ တချို့က ကျောင်းသားတွေ အထဲကို မ၀င်ရဘူး။ မိသားစုတွေက အထဲမှာပေါ့။”
လေပြင်း​တိုက်မှု​ကြောင့်​ ဓနုတိုင်း​ရင်း​သား​ကျေး​ရွာများ​ ပျက်စီး
လေပြင်း​တိုက်မှု​ကြောင့်​ ဓနုတိုင်း​ရင်း​သား​ကျေး​ရွာများ​ ပျက်စီး
by ကို​ထွေး
ရှမ်း​ပြည်​တောင်ပိုင်း​က ဓနုတိုင်း​ရင်း​သား​တွေ အများ​ဆုံး​နေထိုင်တဲ့​ ပင်း​တယ၊​ ရွာငံမြို့​နယ်ဘက်မှာ ဒုတိယအကြိမ် ​လေပြင်း​တိုက်ပြီး​ ​နေအိမ်​တွေ ပျက်စီး​ခဲ့​ပါတယ်။
news image
ပင်း​တယမြို့​နယ်ထဲမှာ ဧပြီလ ၂၇ ရက်က ​လေပြင်း​တွေတိုက်၊​ မိုး​သီး​တွေပါ ​ကြွေကျခဲ့​ပြီး​ ရွာငံမြို့​နယ်ထဲမှာ​တော့​ ဧပြီ ၂၆ ရက် ည​နေပိုင်း​ ကွမ်း​သီး​လုံး​လောက် အရွယ်အစား​ရှိတဲ့​ မိုး​သီး​တွေ​ကြွေတာ ​နေအိမ်တချို့​နဲ့​အတူ စိုက်ခင်း​တွေပါ ပျက်စီး​သွား​တယ်လို့​ ရွာငံ​ဒေသခံတဦး​က ​ပြောပါတယ်။
လေ​ဘေး​ဒဏ်ခံရတဲ့​ အဓိကရွာ​တွေက​တော့​ ရွာငံမြို့​နယ် မြင်း​ကျတိုး​၊​ ​ပွေး​ပြတ်၊​ ကုန်း​ကြီး​ရွာက အိမ်​ခြေ​ပေါင်း​ ၁၄ လုံး​လောက်နဲ့​ သီး​နှံစိုက်ခင်း​ ဧက ၁၀၀ ​လောက် ပျက်စီး​သွား​ပါတယ်။
ပင်း​တယမြို့​ ​ရွှေဥမှင်ဘုရား​ခြေရင်း​က ​ဈေး​ဆိုင်ခန်း​တချို့​နဲ့​ ငှက်​ပျော​တော ရပ်ကွက်က ​နေအိမ်တချို့​ ပျက်စီး​သွား​ခဲ့​ပြီး​ လူအ​သေအ​ပျောက်နဲ့​ ထိခိုက်ဒဏ်ရာ ရတာ​တော့​ မရှိဘူး​လို့​ ဆိုပါတယ်။
ရွာငံမြို့​နယ်နဲ့​ ပင်း​တယမြို့​နယ်ထဲမှာ မိုး​သက်​လေပြင်း​ ကျခဲ့​တာဟာ ဒီလထဲမှာဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး​ ဧပြီလ ၁၉ ရက်​နေ့​က တိုက်ခတ်တဲ့​ ​လေပြင်း​ကြောင့်​ ​ကျေး​ရွာ​ပေါင်း​ ၇ ရွာက ​နေအိမ် ၆၀ ​ကျော် ထိခိုက် ပျက်စီး​ခဲ့​ပါတယ်။
ကိုဖြိုးဝေအောင် အရေးပေါ် ဆေးကုသရန် လိုအပ်
ကိုဖြိုးဝေအောင် အရေးပေါ် ဆေးကုသရန် လိုအပ်
by ဇာနည်မာန်
၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုတွင် သံသယဖြင့် ဖမ်းဆီးခံထားရသည့် ကိုဖြိုးဝေအောင်သည် နာမကျန်းဖြစ်နေသောကြောင့် ဆေးကုသရန် အရေးတကြီး လိုအပ်နေကြောင်း သူ၏ မိသားစုက ပြောသည်။
news image
“ခါးကျည်းပေါင်းတက် နေတာအပြင် အခုက အသည်းကြီးနေတယ်။ ပြီးတော့ အသည်းက အင်ဇိုင်းဓာတ်နှစ်ခုကလည်း တက်နေတယ်လို့ ပြောတယ်။ အဲဒါကြောင့် အခု ထိုင်ကို မထိုင်နိုင်ဘဲ မှောက်ခုံကြီးပဲ နေနေရတယ်။ အထူးကုနဲ့ ပြရမှာကို ကျမတို့ စာတွေ တင်ထားပေမယ့် အခုအထိ ထောင်ထဲကိုလည်း ဆရာဝန် ခေါ်မပြပေးဘူး၊ အပြင်ထွက် ဆေးကုခွင့်လည်း မပေးသေးဘူး။ ထောင်ပိုင်ကလည်း ဒီကိစ္စကို မပြောနိုင်ဘူးလို့ ပြောနေတယ်” ဟု ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးက ပြောသည်။
ထိုသို့ဖြစ်နေသည်မှာ တလနီးပါးကြာပြီဖြစ်ပြီး ထောင်အာဏာပိုင်များထံ တင်ပြသော်လည်း ထောင်တွင်းဆရာဝန်နှင့်သာ ကုသပေးနေသောကြောင့် မိသားစုအနေဖြင့် ပြင်ပဆေးရုံတွင် အထူးကုဆရာဝန်များနှင့် ကုသလိုသည်ဟု သူကဆိုသည်။
“ပြီးခဲ့တဲ့ ၁၈ ရက်နေ့က အပြင်ဆေးရုံက ဆရာဝန်က အယ်လ်ထရာဆောင်း (Ultrasound) လာရိုက်တာမှာ ထောင်ဆေးရုံက အယ်လ်ထရာဆောင်းစက်က မကောင်းလို့ ဒီလူနာအတွက် အဖြေသေချာ မပေးနိုင်ဘူးဖြစ်နေတော့ ကုသမှု မှားမှာစိုးတယ်တဲ့။ အသည်းမှာ အနာလိုလို အကြိတ်လိုလိုတော့ တွေ့နေတယ်လို့ ဆရာဝန်က ပြောသွားတယ်တဲ့။ ပြီးတော့ အပြင်လုံးဝ ထုတ်လို့မရဘူးဆိုတာ ဒီလူနာလားလို့ ဆရာဝန်က မေးတယ်လို့ ကိုဖြိုးဝေအောင်က ပြောပြတယ်” ဟု ဇနီးဖြစ်သူက ပြောသည်။
ဧပြီ ၂၆ ရက်နေ့က ရုံးချိန်းထွက်ချိန်တွင်လည်း မကျန်းမာသောကြောင့် တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် တခြားအခန်းတခုတွင် လှဲလျောင်းနေခဲ့ရသည်ဟု သိရသည်။
ကိုဖြိုးဝေအောင်၏ အမှုကို လာမည့် မေလ ၈ ရက်နေ့တွင် အပြီးသတ် စီရင်ချက်ချမည်ဟု သိရကြောင်း၊ ဆေးကုသခွင့်မရဘဲ အမှုစီရင်ချက်ချ၍ နယ်ဝေးထောင်များသို့ ပို့လိုက်မည်ကို စိုးရိမ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။
လူ ၁၀ ဦးကျော် သေဆုံး၍ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သော X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဆိုသည့် သံသယဖြင့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကို ထိန်းသိမ်းထားခဲ့ပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင် လူသေစေမှု၊ ဖောက်ခွဲမှု စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
မူစယ်မြို့ဗုံးကွဲမှု ဗုံးခွဲသူသေဆုံး
မူစယ်မြို့ဗုံးကွဲမှု ဗုံးခွဲသူသေဆုံး
ယခုလ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဖေါက်ခွဲရေးသမားတစ်ဦးက ရဲကား တစ်စီးပေါ် ဗုံးပစ်သွင်းရာ မအောင်မြင်ဘဲ လက်အတွင်းဗုံးကွဲ သေဆုံးသွားကြောင်း သိရသည်။
မူစယ်မြို့ ကောင်းမူးတုံရပ်ကွက် မြို့ပတ်လမ်းအနီး ရဲကားသွားနေစဉ် ဖေါက်ခွဲရေးသမားတစ်ဦး ဆိုင်ကယ်ဖြင့်နောက်မှ ကပ် လိုက်၍ ဗုံးပစ်သွင်းရာ ကားမှန်ပိတ်ထားသဖြင့် ဗုံးမှာ အပြင်သို့ပြန်ကန်ထွက်ပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ဖေါက်ခွဲ ရေးသမားသေဆုံးသွားကြောင်း မူစယ်ရဲသတင်းရပ်ကွက်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မူစယ် - ကျယ်ဂေါင် အဝင်အထွက် ဆင်ဖြူဂိတ်နဲ့သိပ်မဝေးဘူး တောင်တက်နားလေးမှာပေါ့ မိုးရွာလို့ ကားမှန် ပိတ်ထား တော့ ဗုံးက ကားထဲကို မဝင်ပဲ အပြင်ပြန်ထွက်ပြီး ကွဲသွားတာ” - ဟု သူက ဆိုသည်။
ယနေ့ထုတ် မြန်မာအစိုးရ အာဘော်သတင်းစာတွင် အဆိုပါ ဗုံးခွဲသူမှာ အသားဖြူဖြူ အရပ် ၅ ပေ ၂ လက်မခန့်ရှိပြီး အသက် ၂၅ နှစ်မှ ၃၀ ၀န်းကျင်ကြားရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်။
အဆိုပါ ဖေါက်ခွဲရေးသမားထံမှ ကျည်အသင့်ထိုးထားသည့် M 20 ပစ္စတိုသေနတ်တစ်လက် ကျည်ကပ်တစ်ခုနှင့် ၎င်း ကျည် ၇ တောင့်လည်း သိမ်းဆည်းရမိကြောင်း ဆိုသည်။
ယခုလ ၂၀ ရက်နေ့ကလည်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်အနီး ဗုံးတစ်လုံးပေါက်ကွဲ ခဲ့ပြီး လဝက အရာရှိတစ်ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။
မူဆယ်မှာ ဗုံးကွဲ၊ မိုးညှင်းမှာ မိုင်းကွဲ
မူဆယ်မှာ ဗုံးကွဲ၊ မိုးညှင်းမှာ မိုင်းကွဲ
မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဧပြီလ ၂၈ ရက်နေ့ စနေနေ့ည ၉ နာရီခွဲ ကျော်လောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
news image
သေဆုံးသွားတဲ့သူ ကတော့ ဗုံးဖောက်ခွဲဖို့ ကြိုးစားသူကိုယ်တိုင် ဖြစ်တယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။ အဲဒီသူဟာ လုံခြုံရေးလှည့်နေတဲ့ ရဲကားနောက်ကို ဆိုင်ကယ်တစီးနဲ့လိုက်ပြီး ဗုံးနဲ့ ပစ်ပေါက်ဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။
အဲဒီလို နောက်ကနေ ကပ်ရပ်လိုက်ပြီး ဗုံးနဲ့ ပစ်ပေါက်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဗုံးက လွင့်မသွားပဲ သူ့ဆီမှာပဲ ပြန်ပေါက်ကွဲသွားတာလို့ မျက်မြင်သက်သေ တဦးက ပြောပြပါတယ်။ အဲဒီ ဖောက်ခွဲသူကိုယ်မှာ M20 ပစ်စတို တစ်လက်ကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့တုန်း ကလဲ မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်မှာ အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး အရာရှိတဦး သေဆုံးသွားခဲ့ပါတယ်။
မူဆယ်မြို့မှာ မတ်လကုန်ကစပြီး အခုအချိန်ထိ ၁ လ အတွင်း အခုလိုမျိုးဗုံးပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၉ရက် မနက် ၁နာရီ ကျော်လောက်က မိုးညင်းမြို့နယ် မော်ဟန်ဘူတာအလွန် စင့်ကြည်ရွာနားမှာ မန္တလေး မြစ်ကြီးနား အဆန်ရထားဟာ မိုင်းမိပြီး တွဲချော်သွားတာ ကြောင့် သံဃာ ၂ပါးနဲ့ လူတဦး ဒဏ်ရာရရှိ သွားပါတယ်။
ဒီအဆန်ရထား အမှတ် ၃၃ ဟာ မိုးညှင်းမြို့ကို မရောက်ခင် ၁၆ မိုင်လောက် ဝေးတဲ့ စင့်ကြည်ရွာနား အရောက်မှာ မိုင်းထိလို့ အိပ်စင်တွဲ ၈တွဲ လမ်းချော်ကျသွားတာ ဖြစ်ပါတယ်။
ဒီအတွက် အတွက် သံဃာ ၂ပါးနဲ့ လူတယောက် ဒဏ်ရာ ပြင်းထန်တာမို့ သူတို့ကို မိုးညှင်း ဆေးရုံမှာ တင်ထားရပါတယ်။
လတ်တလော အခြေအနေမှာတော့ မိုးညှင်းက ရထားတွဲမတဲ့ ကရိန်းတွေသွားသလို မြစ်ကြီးနားဘက်ကနေ ရထားတစင်း အမြန်လွှတ်ပြီး ခရီးသည်တွေကို သွားခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စကို ဘယ်သူလုပ်တယ်ဆိုတဲ့ အဓိက လက်သည်ကိုတော့ တာဝန်ရှိသူတွေဘက်က စုံစမ်းဆဲလို့ ပြောပါတယ်။ မိုးညှင်းဘူတာနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆက်သွယ် ကြည့်တော့လည်း အသေးစိတ် စုံစမ်းဆဲ ဖြစ်တယ်လို့ဘဲ ဖြေကြားပါတယ်။
မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ
မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ
ဒီကနေ့  မနက် ၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေး - မြစ်ကြီးနားသွား အမှတ် ၃၃ အိပ်စင် အဆန်ရထားဟာ မိုးညှင်း မြို့ နယ် မော်ဟန်ကျေးရွာကနေ တစ်မိုင်အကွာမှာ မိုင်းထိပြီး တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
မိုင်တိုင်အမှတ် ၆၁၆/၁၂ ၊ တံတားအမှတ် ၅၃၄ မှာ မိုင်းကွဲရာမှာ တွဲ ၈ တွဲ တိမ်းမှောက် သွားပြီး ၂ ဦး ဒဏ်ရာရတယ်လို့  ဒေသခံ တဦးက ပြောပါတယ်။
စက်ခေါင်းအနောက်က သုံးတွဲမြောက် တဲ့တဲ့မှာ ပေါက်ကွဲတယ်။ ၃ တွဲက ကြမ်းပြင် ပေါက်ထွက်သွားတယ်။ ၃ တွဲရဲ့ နောက်က တွဲတွေကတော့ လမ်းချော်သွားတယ်။ စီးလာတဲ့ ဦးမျိုးမင်းထိုက် ခြေထောက်ကျိုးသွားတယ်။ ဦးခန်းမှာ စီးလာတဲ့ ကိုရင်တစ်ပါး ခြေမျက်စေ့ ကွဲသွားတယ်ပြောတယ်။ အသေအကျောက်တော့ မရှိဘူးဗျ။
အခု အချိန်မှာ အစုန်-အဆန် ရထား ခရီးစဉ်တွေ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
အလားတူ မြန်မာ-တရုတ်နယ်စပ်မြို့ မူဆယ်မှာလည်း မနေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားသွားပါတယ်။ ရဲကားတစီးကို လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးနဲ့ မနေ့ည ၉ နာရီခွဲလောက်က လှမ်းပစ်ရင်း ဗုံးပေါက်သွားတဲ့အတွက် ဖောက်ခွဲတဲ့လူ သေဆုံးသွားတာပါ။ မော်တော်ဆိုင်ကယ်စီးလာသူ တစ်ဦးက ရဲကားကို လှမ်းပစ်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲကားကို လှမ်းပစ်တာ။ စိန်ရတနာ ဟိုတယ်ရဲ့ အရှေ့ လမ်းအကွေ့ပေါ့နော်။ မြို့ပတ်လမ်း အစမှာ။ ည ၉ နာရီခွဲလောက်မှာ ဖြစ်တယ်ထင်တယ်။ ထိသွားတဲ့သူကတော့ လက်တွေဘာတွေ ပြတ်သွားတာပေါ့။ ခေါင်းကိုလည်း တခြမ်းထိတယ်ပြောတယ်။ ရဲကိုတော့ မထိသွားဘူး။ လက်လုပ်ဗုံးလို့ ပြောတယ်။ ဗုံးက မကောင်းတော့ ပစ်နေရင်းနဲ့ ကွဲတာ။ ခွဲတဲ့လူက သေသွားတယ်။ အိတ်ထဲမှာတော့ လက်နက် တစ်လက်ပါတယ်လို့တော့ ပြောသံကြားတယ်။
ဒီဗုံးဖောက်ခွဲသူဟာ ဘယ်သူဘယ်ဝါမှန်း အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
မြစ်ကြီးနား - မန္တလေးရထား မိုင်းဗုံးထိ
မြစ်ကြီးနား - မန္တလေးရထား မိုင်းဗုံးထိ
By မိုးဇော်
မန္တလေးမြို့ကထွက်လာတဲ့ အမှတ် ၃၃ အဆန် အိပ်စင်ရထားဟာ ဒီကနေ့မနက် အစောပိုင်းမှာ ကချင်ပြည်နယ် နန်းစီးအောင်နဲ့ မော်ဟန်အကြား မိုင်းဗုံးထိတာကြောင့် ရထားတွဲ ၈ တွဲတိမ်းချော်သွားပြီး အနည်းဆုံး လူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လောလောဆည်မှာတော့ မီးရထားဌာနက လမ်းကြောင်း ရှင်းလင်းရေးကို ဆောင်ရွက်နေပြီး ဒီကနေ့ ထွက်မယ့် မြစ်ကြီးနား - မန္တလေး အစုန်အဆန် ရထားတွေအားလုံး ရပ်နားထားရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။
အမှတ် ၃၃ အဆန် ဒေသအခေါ် အိပ်စင်ရထားဟာ မန္တလေးမြို့က မနေ့ နေ့ခင်း ၁နာရီလောက်က ထွက်လာပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းစီအောင်အကျော် မော်ဟန်ဘူတာကို ရောက်ဖို့ ၁ မိုင် လောက်အလို တံတားငယ်တခု အ၀င်မှာ မိုင်းဗုံးထိခဲ့တာဖြစ်ပါတယ်။ ရထားမိုင်းထိတဲ့အခြေအနေကို ဒေသခံတယောက်က အခုလို ပြောပြပါတယ်။
မန္တလေးမြစ်ကြီးနား အဆန်ရထားပေါ့။ အမှတ်၃၃ အိပ်စင်ရထား မိုင်တိုင်အမှတ် ၆၁၆/ ၁ နဲ့ ၂ ကြား၊ တံတားအမှတ်က ၅၃၄။ အချိန်က မနက် ၁နာရီခွဲအချိန်မှာ ဖြစ်သွားတာပေါ့နော်။ အဲဒီမှာ ရထား လာတဲ့အချိန်မှာ စက်ခေါင်းအနောက်က ၃တွဲမြောက်မှာ ထောင်ထားတဲ့မိုင်းက စပေါက်ကွဲတာပေါ့။ မိုင်းထိတဲ့တွဲကတော့ ကြမ်းပြင် ပေါက်ထွက်သွားတယ်။ နောက်တွဲတွေကတော့ လမ်းချော်သွားတယ်။ မချော်ဘဲကျန်ထားတာ သံလမ်းပေါ်မှာကတော့ ဂတ်တွဲတတွဲပဲ ကျန်တယ်ပေါ့ဗျာ။
မိုင်းပေါက်ကွဲတာကြောင့် တတိယတွဲမှာ လိုက်ပါလာတဲ့ ဦးမျိုးမင်းထိုက်ဟာ ခြေထောက်ကျိုးသွားပြီး အသက် ၁၃ နှစ်အရွယ် ကိုရင် စန္ဒောဘာသဟာ ညာဖက်ခြေမျက်စေ့ ကွဲသွားကြောင်း၊ သူတို့တွေကို မိုးညှင်းမြို့နယ် ဆေးရုံမှာ ဆေးကုသ ပေးထားကြောင်းနဲ့ အသေအပျောက် မကြားသိရကြောင်း ပြောပါတယ်။
အခြားဒေသခံတယောက်ကတော့ ၃ ယောက်ဒဏ်ရာရကြောင်း ပြောဆိုပါတယ်။ မိုးညှင်းပြည်သူ့ ဆေးရုံကို ဆက်သွယ်ပေမဲ့ တာဝန်ရှိဆရာဝန်တွေ မအားလပ်ကြောင်း တုံပြန်ပါတယ်။ မြစ်ကြီးနားမြို့က မီးရထားဌာနနဲ့ နီးစပ်သူ တယောက်ကတော့ ရထားတွဲ ၈ တွဲ လမ်းချော်သွားတာကြောင့် လောလောဆည် ရထား ပြေးဆွဲတာတွေ ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။
မိုင်းကွဲတဲ့အခါကျတော့ ၈ တွဲက derail ဖြစ်တယ်။ မီးရထားအခေါ်ကတော့ သံလမ်းကနေပြီး ချော်သွားတာပဲပေါ့။ ဘီးတွေ အောက်ကျသွားတာပေါ့ဗျာ။ ခရီးသည်တွေကတော့ မော်ဟန်ဘက်ကို လမ်းလျှောက် လာရတာပေါ့နော်။ မြစ်ကြီးနားကနေပြီးတော့ တရုတ်ရထား ခေါ်တယ်လေ။ အဲဒီရထားက မော်ဟန်မှာ ရှိတဲ့ ခရီးသည်တွေကို သွားကြိုဖို့လို့ ဆင်းသွားပြီ။ နောက်ရထားတွေ ပြေးဖို့ ဆွဲဖို့ကတော့ မြစ်ကြီးနားက ရထားတွေ မထွက်ဘူး၊ မန္တလေးကလည်း မထွက်ဘူး။ ဒီလမ်းပိုင်းကို ရှင်းပြီးတဲ့ အချိန်ကျမှ ထွက်ဖို့ အစီအစဉ်ရှိတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ ပြီးနိုင်မယ်လို့တော့ မီးရထားဘက်က ခန့်မှန်း ထားတာပဲလေ။
မန္တလေး မီးရထားဌာနကို ဆက်သွယ်မေးမြန်းရာမှာ ဒီကနေ့ ရထားခရီးစဉ်တွေအားလုံး ရပ်ဆိုင်းထားပြီး ဘယ်အချိန် ပြန်ထွက်မယ်ဆိုတာကို ဒီညနေလောက်မှ သိနိုင်မှာဖြစ်ကြောင်း။ ရပ်ဆိုင်းထားတဲ့ ခရီးစဉ် အတွက် လက်မှတ် ၀ယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းပေးနေကြောင်း တာဝန်ကျ ၀န်ထမ်းက ပြောပါတယ်။
လောလောဆည်မှာတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘယ်သူ့လက်ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြားမှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တဲ့နောက် ကချင်ပြည်နယ်အတွင်းမှာ အခုလို ဗုံးပေါက်ကွဲတာတွေ မကြာခန ဖြစ်ခဲ့ပါတယ်။
ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှာလည်း မြစ်ကြီးနားမြို့အထွက် မီးရထားသံလမ်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ဇလီဖားတုံး ၄ တုံးလောက် ပျက်ဆီးသွားပေမဲ့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဒီလ ၂၅ ရက်နေ့ မနက် ကချင်ပြည်နယ် လွှတ်တော်ရုံးအနီး ပေါက်ကွဲမှုမှာတော့ လူ ၃ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာတော့ အစိုးရ စစ်တပ်တွေက KIA ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေသလို KIA ကလည်း ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲက အုပ်ချုပ်ရေးမှုးရုံးကို စီးနင်း တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှုး အပါအ၀င် လူ ၂ ယောက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ကတော ပန်ဝါမြို့အနီးက လုပီခေါ် နယ်ခြားစောင့် စခန်းတခုကို KIA ဘက်က ၀င်ရောက် တိုက်ခိုက်တာကြောင့် အစိုးရဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ပို့ဆောင်နေကြောင်း မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာဟာ အခုဆိုရင် ၁၁ နီးပါးကြာမြင့်လာပြီး ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၆ သောင်း ကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေနဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့အကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ဖို့ ၃ ကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ပေမဲ့ အခုချိန်ထိတော့ နှစ်ဘက် တပ်တွေအကြားမှာ တိုက်ခိုက်တာတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
မန္တလေး မြစ်ကြီးနား အဆန်ရထား မိုင်းခွဲ ဖျက်ဆီးခံရ
မန္တလေး မြစ်ကြီးနား အဆန်ရထား မိုင်းခွဲ ဖျက်ဆီးခံရ
(၂၉.၄.၂၀၁၂) (၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း ၅၆) နာရီအချိန် တွင် ထွက်လာပြီး နံနက် (၁း ၁၀)နာရီအချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန် ဘူတာနှင့် နန့်စီးအောင် ဘူတာ အကြား မိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ် (၅၃၄) နေရာတွင် မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော် ခဲ့ပါသည်။
news image
အထက်တန်း အိပ်ခန်း တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇) ၁၂၆၅၄ BREZ 10919 စားသောက်တွဲ တိမ်းမှောက် ခဲ့ပါသည်။ အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော မျိုးမင်းထိုက် (၂၈)နှစ် ညာဘက် ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာ ရရှိခဲ့ပါသည်။
ရထားသံလမ်း ကွန်ကရစ်တုံး (၉၅) တုံး ပျက်စီးပြီး တံတား အမှတ် (၅၃၄) ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှ ပြောကြားခဲ့ပြီး မီးရထားဌာနမှ တာဝန်ရှိသူများမှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်းကို ပြန်လည် ပြုပြင်နေကြောင်း သိရှိရပါသည်။
စစ်ပြေးဒုက္ခသည်များအတွက် အကူအညီပေးနေရဆဲ
စစ်ပြေးဒုက္ခသည်များအတွက် အကူအညီပေးနေရဆဲ
by နေသွင်
တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို အလှူငွေ၊ အ၀တ်အစား၊ ဆေးဝါးတွေကို ကူညီထောက်ပံ့ဖို့ အဖြူရောင်တွဲလက်များအဖွဲ့က ဒီနေ့မနက်မှာ နယ်စပ်ဒေသကို ထွက်ခွာသွားပါတယ်။
news image
အဖြူရောင်တွဲလက်အဖွဲ့က မငုဝါက “အလှူငွေ သိန်း ၃၀ လောက်နဲ့ ဂျပန်မှာနေတဲ့ မြန်မာလူမျိုးနဲ့ ဂျပန်လူမျိုးတွေက ပေးလိုက်တဲ့ ကျားမ အ၀တ်အထည်၊ ကလေးအ၀တ်နဲ့ အရုပ်တွေ၊ ဖိနပ်နဲ့ စောင်တွေ အမျိုးပေါင်း ၁၅၀၀ ကျော် ပါသွားပါတယ်။ သူတို့အဓိက ရည်ရွယ်ထားတာက မန်ဝိန်းစခန်းကို သွားမှာပါ။ အဲဒီမှာ ဘယ်နေရာကို ဆက်သွားသင့်သလဲဆိုပြီး လိုအပ်တဲ့ စခန်းတွေကို ထပ်သွားမှာပါ။”
ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေနဲ့ ဖွဲ့ထားတဲ့ အဖြူရောင် တွဲလက်များ အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ်က မန်ဝိန်းကြီး ဒုက္ခသည်စခန်းနဲ့ အနီးအနားက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
အခုတခေါက်မှာတော့ ဒုက္ခသည်ကလေးငယ်တွေကို ဖျော်ဖြေရေးပေးဖို့် မျက်လှည့် ဆရာတယောက်၊ ရုပ်ပုံတွေ ရေးဆွဲပေးဖို့ ပန်းချီဆရာမတယောက်၊ ဒုက္ခသည်စခန်းတွေမှာ သီချင်းဆိုပြမယ့် အစီအစဉ်တွေလုပ်ဖို့ စီစဉ်သွားတယ်လို့ မငုဝါက ပြောပါတယ်။
မနှစ် ဇွန်လက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတို့ကြား အပစ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီးနောက် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၅ သောင်းလောက် စစ်ပြေးနေရတယ်လို့ ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။
နှစ်ဖက်ခေါင်းဆောင်တွေကြားမှာ အပစ်ရပ်ရေး ၆ ကြိမ် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရသေးပါဘူး။ ဒီနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာမှာလည်း ကေအိုင်အေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ အရပ်သားတွေ သေဆုံးတဲ့ သတင်းဖော်ပြခဲ့ပြီး ကေအိုင်အေဘက်က သူတို့ လက်ချက် မဟုတ်တဲ့အကြောင်း ငြင်းဆန်ပါတယ်။
ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို
ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို
by နေမျိုး
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်းလေးဦး သတ်ဖြတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြင်းဆိုလိုက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း ပြောသည်။
‘ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် KIA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်’ ဝန်ထမ်းလေးဦး သေဆုံးပြီး သုံးဦး ပျောက်ဆုံးနေကြောင်း ဧပြီလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ရေးသားချက်အား KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာအစိုးရက အဲဒီလိုပဲ အမြဲစွပ်စွဲတယ်။ ဘာဖြစ်လိုက်ဖြစ်လိုက် KIA ပဲ။ ဘယ်သူလုပ် တယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ တပ်မဟာကို အဲဒီကိစ္စ စုံစမ်းဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ KIA က လုပ်တယ်ဆိုတာ မဟုတ်ဘူးဗျ။ ကျနော်တို့ အမိန့်ပေးထားတာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။
“အုပ်ချုပ်ရေး ဦးစီးမှုးအပါအဝင် လေးယောက်ကို သတ်သွားတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရတယ်။ ဒါပေမယ့် ကျနော်ထင်တာတော့ အုပ်ချုပ်ရေးမှုးတွေက မှားတဲ့အချက်လေးတွေ ရှိမယ်။ ဒီဘက်နယ်ရောက်လာတဲ့ အချို့ အစိုးရ ဝန်ထမ်းတွေဟာ မောက်မာတာတွေ ရှိတယ်။ စီးပွားရေးကိစ္စတွေလည်း ပါနိုင်တယ်” ဟု ဆထုံး ဒေသခံ အမျိုးသား တဦးက မဇ္ဈိမကို ပြောသည်။
ဝိုင်းမော်ဒေသမှ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ ကုန်တင်ကားများ ကူးသန်းရာတွင် ဆထုံးဒေသအား ဖြတ်သန်းရ၍ မြို့နယ်ထွေ/အုပ်မှူးမှာ သြဇာရှိလှကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ဧပြီလ ၂၉ ရက်နေ့က မန္တလေး-မြစ်ကြီးနား အမှတ် ၃၃ အဆန်ရထား မိုင်းကွဲမှုမှာလည်း KIA မှ မိုင်းထောင် ဖောက်ခွဲမှု ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာက စွပ်စွဲထားသည်။
၂၀၁၁ ခုနှစ် ဧပြီလအတွင်း KIA ထိန်းချုပ်ရာ နယ်မြေများအတွင်း အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁၃၀ နီးပါး ဖြစ်ပွားခဲ့ သည်။
ယခုအခါ KIA ဌာနချုပ်တည်ရှိရာ လိုက်ဇာအနီးသို့ မြန်မာအစိုးရတပ်များ အင်အားတိုးချဲ့ ချဉ်းကပ်လာနေပြီး စုစုပေါင်း အစိုးရတပ်အင်အား ၂,၀၀၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း ဦးလနန်က မဇ္စျိမကို ပြောသည်။
နိုင်ငံပိုင်သတင်းစာပါ အကြမ်းဖက်လုပ်ရပ် စွပ်စွဲချက်များ ကေအိုင်အေပယ်ချ
နိုင်ငံပိုင်သတင်းစာပါ အကြမ်းဖက်လုပ်ရပ် စွပ်စွဲချက်များ ကေအိုင်အေပယ်ချ
by နန်းမြနဒီ
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဘေးအန္တရာယ်နဲ့ ကြုံနေရတယ်လို့ ခုရက်ပိုင်းထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ နေ့စဉ်ဆိုသလို စွပ်စွဲဖော်ပြချက်တွေဟာ မဟုတ် မှန်ကြောင်း ကေအိုင်အေ ဘက်က ငြင်းဆိုလိုက်ပါတယ်။
news image
ဧပြီ ၂၉ ရက်နေ့ မနက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ ပြေးဆွဲနေတဲ့ မန္တလေး-မြစ်ကြီးနား အထူးအိပ်စင်ရထား ဟာ ကေအိုင်အေ ထောင်ထားတဲ့ မိုင်းနင်းမိလို့ ရထားတွဲ ၈ တွဲ လမ်းချော်ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ စွပ်စွဲဖော်ပြလိုက်တာပါ။
ဒါ့အပြင် ဧပြီ ၂၆ ရက်နေ့တုန်းကလည်း မိုင်းမောက်မြို့နယ် ကုန်းနှောရွာထဲကို ကေအိုင်အေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ၅ နှစ်သား ကလေးငယ်တဦး သေဆုံးပြီး ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တဲ့အကြောင်း၊ ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲမှာလည်း အထွေထွေ အုပ်ချုပ်ရေးဌာနကို ၀င်စီးပြီး ၀န်ထမ်းတွေကို ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကေအိုင်အေ ပြောခွင့်ရ ဦးလနန်းက “ပေါက်ကွဲမှု ဖြစ်တိုင်းက အစိုးရဘက်က ကေအိုင်အေကို ပစ်တာချည်းပဲ။ ဒါက လုပ်နေကျကိစ္စ။ ဘယ်သူက ဘယ်သူ့ကို ပစ်တယ်ဆိုတာ သက်သေမရှိဘူးဆိုတော့ ပြောဖို့တော့ ခက်မယ်ထင်တယ်။ တောမီးလောင်တဲ့အခါမှာ တောကြောင်က လက်ခမောင်းခတ်တဲ့ ပုံစံမျိုးဟာ အများကြီး ဖြစ်ပါတယ်။ အစိုးရကို ဆန့်ကျင်ချင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်တဲ့အခါ ကြားမှာနေပြီးတော့ လုပ်စားသွားသူတွေလည်း ရှိပါလိမ့်မယ်။ ပေါက်ကွဲမှုဖြစ်တိုင်း ကေအိုင်အေ ထောင်ထားတယ်ဆိုတာမျိုး တစွတ်ထိုး ပြောဆိုတာက လွန်တယ်လို့ ဆိုရမယ်ဗျ။”
ဒီလ ၂၆ ရက်နေ့ နေ့ခင်းပိုင်းက ခမရ ၅၂၈ အစိုးရတပ်က ၀ိုင်းမော်မြို့နယ် ဘန်ရှောင်ရွာထဲဝင်ပြီး ရွာသားပိုင် စပါးကျီတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာသား ၁၀၀ လောက် လိုင်ဇာဘက် ထွက်ပြေးခိုလှုံလာတယ်လို့ ဦးလနန်းက ပြောပါတယ်။
ဒါ့အပြင် အစိုးရတပ်တွေက ကေအိုင်အိုရဲ့  လိုင်ဇာစခန်းကို ဘက် ၃ ဘက်က ၀န်းရံပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အကြောင်း၊ ဒါပေမယ့် ကေအိုင်အို တပ်ဖွဲ့တွေက ဌာနချုပ် လိုင်ဇာတခုတည်းမှာ စုနေတာမဟုတ်ဘဲ တခြားဒေသမှာ ပြန့်နေတဲ့အတွက် ဗဟိုကို ထိပါးလာမယ်ဆိုရင် တခြားဒေသတွေမှာ တိုက်ပွဲတွေပိုပြီး ကျယ်ပြန့်လာမယ်လို့ ကေအိုင်အေက ပြောပါတယ်။
တိုက်ပွဲတွေရပ်ပြီး ပြဿနာတွေ ငြိမ်းအေးဖို့ ကေအိုင်အိုကလည်း အစိုးရနဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က မြစ်ကြီးနားမှာတွေ့ဖို့ အစိုးရက ကမ်းလှမ်းတဲ့အပေါ် ကေအိုင်အိုက ငြင်းဆန်တာဟာ နေရာအနေအထားကြောင့်ပဲ ဖြစ်ပြီး အဆင်ပြေနိုင်မယ့် လွယ်ဂျယ်မြို့နယ် ပန်ဝိုင်ရွာမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီ ၂၉ ရက်နေ့က အစိုးရငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေ တဆင့် စာပို့ထားတယ်လို့ ဦးလနန်းက ပြောပါတယ်။
ဆွေးနွေးပွဲ ပြန်စရန် KIO ကမ်းလှမ်း
ဆွေးနွေးပွဲ ပြန်စရန် KIO ကမ်းလှမ်း
by သန်းထိုက်ဦး
ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။
news image
နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ပရန်ငေါန်ကျေးရွာတွင် တွေ့ဆုံရန် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် ဦးအောင်သောင်းထံ စာရေးပို့လိုက်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၀ ရက်နေ့ကလည်း အစိုးရက မြစ်ကြီးနားမြို့ပေါ်နှင့် ဗန်မော်မြို့နယ်တို့တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး KIO ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း ထိုနေရာများ၌ တွေ့ဆုံးဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
“စစ်ရေးအရှိန်က ပြင်းထန်နေတဲ့အချိန်မှာ အဲဒီမှာ သွားပြီတော့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ထားတယ်။ သူတို့ ပြည်တွင်းတနေရာမှာ ပြောဆိုထားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ဘက်က အဆိုပြုထားတဲ့ လွယ်ဂျယ်မြို့နယ်အထဲက ပရန်ငေါန်ကျေးရွာကို ရွေးချယ်လိုက်တယ်” ဟု ဦးလနန်က ဆက်ပြောသည်။
အစိုးရအနေဖြင့် လက်ခံတွေ့ဆုံမည်ဆိုပါက KIO ဘက်က အဓိက နှစ်ဖက်တင်းမာနေသော စစ်ရေးကိစ္စများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ သို့သော် KIO ဘက်က ကမ်းလှမ်းထားသည့် စာနှင့်ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က ယနေ့အထိ အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။
စစ်ရေးတင်းမာမှုကြောင့် KIO နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဧပြီလဆန်းပိုင်းမှ ယနေ့အထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ခန့် ရှိပြီဖြစ်ကြောင်း ဦးလနန်က ပြောသည်။
လတ်တလော တိုက်ပွဲများသည် လိုင်ဇာဌာနချုပ် ဒေသအတွင်း ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်များကလည်း အဝေးပစ် ၁၂၀ နှင့် ၈၀ မမ လက်နက်ကြီးများ အသုံးပြု၍ ၀ိုင်းထားကြောင်း၊ KIO ဘက်ကလည်း ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ၎င်းက ဆိုသည်။
ဧပြီ ၂၈ ရက်နေ့က ကချင်ပြည်နယ် ပန်ဝါဒေသတွင် KIO နှင့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည်သစ် တပ်မတော် (NDAK) တပ်ဖွဲ့ဝင်တချို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ NDAK သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်ခံထားသော အဖွဲ့ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းကမူ KIO လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်ရန် လုံးဝ အစီအစဉ်မရှိကြောင်း ယမန်နေ့က နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယနေ့ထုတ် အစိုးရသတင်းစာများတွင် မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် အထူး အိပ်စင်ရထား ယမန်နေ့ နံနက်ပိုင်းက အတွဲ ၈ တွဲ လမ်းချော်၍ လူ ၂ ဦး ထိခိုက်ရရှိသည့် မိုင်းခွဲမှုသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လက်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ KIA က ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀ ၁၂ ခုနှစ် မတ်လ အကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။
မြန်မာအစိုးရက ကချင်စစ်ဆင်ရေးတွင် ရဟတ်ယာဉ် အသုံးပြုလာ
မြန်မာအစိုးရက ကချင်စစ်ဆင်ရေးတွင် ရဟတ်ယာဉ် အသုံးပြုလာ
မြန်မာအစိုးရတပ်က စစ် ရဟတ်ယာဉ် (၈) စင်းဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ကချင်ပြည်နယ်အရှေ့ပိုင်း နှစ်နေရာတွင် ဧပြီ ၂၈၊ စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း KIA သတင်းက ဆိုသည်။
news image
ရဟတ်ယာဉ် ၂ စင်းက ယခု မြန်မာ့တပ်မတော် နယ်ခြားစောင့်တပ် တပ်ရင်း အမှတ် ၁၀၀၁ အခြေစိုက်ထားသော (

3 comments:

myatminmymanmar said...

မကောင်းပါဘူး ဘယ်ဘက်ကသာတယ် ဒီဘက်ကနာတယ်ဆိုတာ နှစ်ဦးစလုံး မကောင်းပါဘူးအားလုံးအေအေးဆေဆေးနဲ. အဆုံးသတ်တာ ကောင်းပါတယ်ဗျာ ဘာကြောင်.လဲဆိုတော.ကျနော်တို.ပြည်သူတွေက ဘာမှမဆိုင်ပဲ ဟိုမသွားရဲ ဒီမသွားရဲ.နဲ. စီးပွားရေးလဲ မလုပ်ရ ဒီကျာထဲ ကုန်ဈေးနုန်းကကြီး ရထားကမောက် နောက်ထက်ဒါမျိုးဆက်ဖြစ်နေရင် ကျနော်တို.က ဘာဆက်လုပ်ရမလဲ အားလုံးသိအောင်ပြန်လယ်ပြောပေးပါနော်

myatminmymanmar said...

အခုလို.ဖြစ်နေတော. ကျနော်တို.အတွက်ကတော.ဘာမှ မကောင်းတာသေချာတယ်ဗျ အာဏာ ပိုင်တွေအတွက်ကတော.မသိဘူးဗျ ဘယ်သူကအားသာမယ်ဆိုတာ လွန်းဆွဲ နေတာလာမသိဘူးနော်ကျနော် တို.ကတော. သူတို.နုသမျှ ယုရတော.မှာပဲ ဘယ်သူနိုင်ပါစေလို.တော.ဆုမတောင်းခြင်းဘူးဗျာ အားလုံးက သူတို.မှားတာမရှိ ကြဘူးထင်နေကြတာကို ဒါကြောင်. ဖြစ်ခြင်းတဲ.သူတွေ ဖြစ်ကြပါစေ ကိုကတော.တနေ.လုပ်မှ စားရမှာဆိုတော.အလုပ်ကိုတော.ရှာကြံပြီးတနေ.တာအတွက်စားသောက်ရမှာပဲ

myatminmymanmar said...

အခုလို.ဖြစ်နေတော. ကျနော်တို.အတွက်ကတော.ဘာမှ မကောင်းတာသေချာတယ်ဗျ အာဏာ ပိုင်တွေအတွက်ကတော.မသိဘူးဗျ ဘယ်သူကအားသာမယ်ဆိုတာ လွန်းဆွဲ နေတာလာမသိဘူးနော်ကျနော် တို.ကတော. သူတို.နုသမျှ ယုရတော.မှာပဲ ဘယ်သူနိုင်ပါစေလို.တော.ဆုမတောင်းခြင်းဘူးဗျာ အားလုံးက သူတို.မှားတာမရှိ ကြဘူးထင်နေကြတာကို ဒါကြောင်. ဖြစ်ခြင်းတဲ.သူတွေ ဖြစ်ကြပါစေ ကိုကတော.တနေ.လုပ်မှ စားရမှာဆိုတော.အလုပ်ကိုတော.ရှာကြံပြီးတနေ.တာအတွက်စားသောက်ရမှာပဲ