Tuesday, May 1, 2012

     မြစ်ကြီးနားဗုံးပေါက်ကွဲမှု

 

 

 

 

 

4-5-2012နမ္မတီးနှင့် မရမ်းကြားဗုံးပေါက်ကွဲ

 တံတားကွန်ကရစ်သံဘောင်ကျိုး၊ နမ္မတီးဘက်ခြမ်း အုတ်ခုံ ၃ပေခန့် ပျက်စီးကြောင်းသိရ။
ပေါက်ကွဲချိန်4-5-2012 ည(၈)နာရီ
                by; ayar(ဧရာ)

ဒီနေ့မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲ သတင်း 5-5-2012ရက်နေ့ နံနက်၆နာရီ ၂၅မိနစ် အချိန်တွင်


    မြစ်ကြီးနားမြို့ဒီနေ့နံနက် (၀၆း၀၀)နာရီ တွင် ဧဒင်နှင့်ထွယ်ဆန်ရပ်ကွက်ကြား ကွန်ကရစ်တံတားနှင့်၂ပေကွာ ရွှေလမ်းဆုံနှင့်
၈ပေအကွာတွင်ပေါက်ကွဲ ဟုသိရ။ လှည့်ကင်းတပ်ကား မှာမှန်ကွဲ၊ အုတ်ခုံ၃ပေခန့်ပျက်စီး ။
              မြစ်ကြီးနားမြို့ဒီနေ့နံနက် (၀၇း၀၀)နာရီ တွင်ထပ်မံ၍ ဧဒင်နှင့်ထွယ်ဆန်ရပ်ကွက်ကြား ကွန်ကရစ်တံတားနှင့်၈ပေကွာ
ကားလမ်းမနှင့်၆ပေအကွာတွင်ပေါက်ကွဲရာရဲတပ်ကြပ် ခင်ရမ်ပေါင်ထိ၊ ဖြိုးလွင်ဦး ၀မ်းဗိုက်ထိ။ဧဒင်သွားလမ်းပေါ် မြေမြုပ်ထားသော
မိုင်းမှထပ်ပေါက်ကွဲခြင်းဖြစ်။
                            by; ayar(ဧရာ)

        မြစ်ကြီးနားလူတစ်စု ဆိုင်ကယ်ရိုက်လုမှုဖြစ် မနေ့ည 5-5-2012(၀၈း၄၅)နာရီ အချိန်
                        လူငယ်၃၀ခန့်သည် ခေတ်မှီ(၁)ဆံသ ဆိုင်အနီးတွင်ဆိုင်ကယ်လုယက်မှုဖြစ်။ တစ်ယောက်ဖမ်းမိ ယောင်္ကျားဆန်ဆန် အမျိုးသမီးငယ်တဦးအား
ဖမ်းမိသည်ဟုသိရ။ ၄င်းအမှုအားသက်ဆိုင်ရာရဲစခန်းမှ ဆက်လက်ဆောင်ရွက်ကြောင်းသိရပါသည်။
                                by; ayar(ဧရာ)

ရွှေတူးလုပ်ငန်း လုပ်မည့်အပေါ် ဆင်ဘို မြို့ခံများ စိုးရိမ်
by ဇော်ကြီး
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် အတွင်း ရွှေတူးဖော်ရန် ရောက်ရှိ လာသည့် ရွှေဖောင်များ ကြောင့် ဒေသတွင်း ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်နေ ကြသည်။
news image
ယခု ရက်ပိုင်းအတွင်း လူဦးရေ (၁၀၀) ခန့် ပါဝင်သည့် ဒေသအခေါ် ရွှေဖောင် (၄၀) နီးပါးသည် ဗန်းမော် မြို့မှ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ဆင်ဘိုမြို့ အထက်ဖက် (၃) မိုင်ခန့် ကွာဝေးသည့် ကျွန်းဦးကျွန်းတွင် ရွှေတူးဖော်ရန် ပြင်ဆင် နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံများသည် သောက်သုံးရေအဖြစ် ဧရာဝတီမြစ်ရေအား အဓိကထား အသုံးပြု နေရသဖြင့် မြစ်အထက်ပိုင်း ရွှေတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်အပါ် စိုးရိမ်နေကြကြောင်း ဒေသခံ တဦးက အခုလို ပြောသည်။
“အဲဒီဟာ လုပ်လို့ရှိရင် ဆင်ဘိုဒေသခံတွေရဲ့ လက်ရှိ အနေအထားအရ ပြဒါးအဆိပ်ရေ သောက်ရမယ်။ ပြီးလို့ရှိရင် ကျနော်တို့ သမိုင်းအစဉ်အဆက် ရှိလာတဲ့ ကျွန်းဦး ကျွန်းကြီးဟာ ပျောက်ကွယ်သွားမယ်။ အဲဒါကို စိုးရိမ်တာပေါ့။”
ထို့အပြင် ကျွန်းပေါ်တွင် ဓါတ်စက် ဘုရားဟု ခေါ်သည့် ရှေးဟောင်း ဘုရားတဆူ အပါအ၀င် ဒေသခံများ၏ ရာသီပေါ် သီးနှံ စိုက်ခင်း ဧကများစွာ ရှိသည်ဟုလည်း ဆိုသည်။
ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မအားနန်က မြစ်ချောင်းများ အတွင်း ရွှေတူးဖော်ခြင်းကြောင့် ရေအတွင်း ပြဒါးအဆိပ်များ ပြန့်နှံ့ရုံသာမက သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်ကြောင်းနှင့် မြေဆီလွှာပျက်စီးပြီး မြေပြင် အနေ အထား ပြောင်းလဲသွား နိုင်သည်ဟု ဆိုသည်။
ထို့အပြင် “နှစ်ရှည်ပင်တွေ ရဖို့ဆိုတာ ဒေသခံတွေက နှစ်ပေါင်းများစွာ အပင်တွေ ကြီးအောင် စောင့်ရတယ်။ အကြာကြီး သူတို့ ရင်းနှီး မြုတ်နှံရတယ်ပေါ့နော်။ ပြီးတော့လည်း နှစ်စဉ်နှစ်တိုင်း ဒီအသီးအနှံတွေက သူတို့ရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးတဲ့ဟာတွေ ဖြစ်တယ်။” ဟု ဆက်လက်ပြောဆိုသည်။
ရွှေတူးသည့် ကုမ္မဏီများနှင့် ရွှေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ရွှေမတူးမီ ဒေသခံများ၏ သဘောတူညီချက် ယူရမှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ပေးရန် အရေးကြီးသည်ဟုလည်း ၎င်းကပြောသည်။
ယင်းလုပ်ငန်းအား တပ်မတော် အငြိမ်းစားအရာရှိဟောင်း ဗိုလ်မှူး ဦးလှထွန်းက ဦးဆောင်၍ ဆင်ဘိုမြို့ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကန်ထရိုက်ယူ လုပ်ဆောင်ခြင်း ဖြစ်၍ ဒေသခံများက မကျေနပ်ကြကြောင်း ဆင်ဘိုမြို့ခံက ပြောသည်။
“အဲဒီကိစ္စကို ဟန့်တားချင်ပေမယ့် ဘယ်လို လုပ်ရမလဲ မသိဘူး ဖြစ်နေကြတယ်။ အခုက ကျနော်တို့ ဒီဆင်ဘိုဒေသက မြို့မိ၊ မြို့ဖတွေကိုယ်တိုင်က မကျေနပ်ကြဖူး၊ မကြိုက်ကြဘူး။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ဆိုတော့ သူတို့လည်း ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတာ။”
ထို့အပြင် ကျွန်းပေါ်ရှိ စိုက်ခင်း ပိုင်ရှင်များအား လျော်ကြေး မပေးသည့်အပြင် ဓါတ်စက် ဘုရားနှင့် ပတ်သက်သည့် ဆင်ဘိုမြို့ ဘုရားဂေါပက အဖွဲ့ထံသို့ တစုံတရာ အသိပေး အကြောင်းကြားခြင်းလည်း မရှိကြောင်း သိရသည်။
ကျွန်းဦးကျွန်းတွင် ရောက်ရှိနေသည့် ဒေသအခေါ် ရွှေဖောင် တခုလျင် အနည်းဆုံး အလျားပေ (၅၀)ခန့်နှင့် အနံ (၁၂) ပေခန့် ကျယ်ဝန်းပြီး ရွှေတူးလုပ်ငန်း လုပ်ကိုင်သူများက ယင်းဖောင်များပေါ် နေထိုင်၍ စက်ယန္တရားများဖြင့် တူးဖော်ကြခြင်း ဖြစ်သည်။


ရေကြည်ကျောက်တန်းတွင်လဲ ၄င်းနည်းတူရွှေတူးဖော်မှုများရှိနေ 
                        နယ်မြေခံစစ်တပ်များအခွန်များကောက်ခံနေကြောင်းရွှေလုပ်သားတစ်ဦးမှပြောကြား
ဒီရွှေတွေက ခင်ဗျားတို့ရွှေတွေလား ဒီနေရာတွေမှာလုပ်ဖို့ခင်ဗျားတို့ ခွင့်ပြုလားမေးချင်ပါတယ်။
ခင်ဗျားတို့ ဒီလိုသာဆက်လုပ် ရင်နောက်ဆက်တွဲ ဆိုးကျိုးတွေအတွက် ဘယ်သူတာဝန်ယူမှာလဲ ဘနဖူးတိုက်တူးသမားတွေ


ဆထုံးကိစ္စနှင့်ပတ်သက်သမျှ နောက်ဆက်တွဲ 

                          ဖြစ်စဉ်မှာ ဆထုံးမြို့နယ်  မှအသတ်ခံရသည့် အုပ်ချုပ်ရေးမှူးမှာ၊ အခြေအနေမမှန်မကောင်း၍ ၄င်းအထက်လူကြီးများအား  ဘက်ဂီယာထိုးခဲ့ ချင်ပါတယ် ဆိုတာကိုခွင့်မပြုဘူးလေ ။ ကိုယ်ချင်းမစာနာတဲ့ သူတွေပဲ ဒီလူတွေမှာလဲတာဝန်ရှိတယ်။တာဝန်ယူသင့်တယ် လို့ပြည်သူအချို့မှပြော


ကချင်တိုက်ပွဲ​ကြောင့်​ ရွာသား​များ​ ဒုက္ခ​ရောက်
by ကို​ထွေး
ကချင်ပြည်နယ် ပန်ဝါမြို့​နယ်ခွဲမှာ အ​ခြေပြုတဲ့​ အစိုး​ရပြည်သူ့​စစ်နဲ့​ နယ်ခြား​စောင့်​တပ်ကို ​ကေအိုင်​အေက ဝင်​ရောက်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး​ ရာနဲ့​ချီတဲ့​ ရွာသား​တွေ ထွက်​ပြေး​ခဲ့​ကြပါတယ်။
news image
ကချင်အမျိုး​သား​လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)က ပန်ဝါမြို့​နယ်ခွဲ လုပီ ​ကျေး​ရွာနား​မှာ အ​ခြေပြုတဲ့​ ပြည်သူစစ်တပ်ဖွဲ့​နဲ့​ အမှတ် (၁၂၀၀) နယ်ခြား​စောင့်​တပ် ဌာနချုပ်ကို ဝင်​ရောက်စီး​နင်း​တဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ ရာနဲ့​ချီတဲ့​ရွာသား​တွေ ထွက်​ပြေး​ပြီး​ နီး​စပ်ရာ ​ဆွေမျိုး​အသိအိမ်​တွေမှာ ခိုလှုံ​နေကြရတယ်လို့​ မြို့​ခံခရစ်ယာန် သင်း​အုပ်ဆရာ​တော်တပါး​က ​ပြောပါတယ်။
စစ်​ပြေး​ဒုက္ခသည်​တွေဟာ ​ထောက်ပံ့​မှု အကူအညီမရတဲ့​အတွက် စား​သောက်​နေထိုင်​ရေး​ အခက်အခဲရှိတယ်လို့​ ဆိုပါတယ်။
တိုက်ပွဲဟာ ဧပြီလ ၂၇ ရက်​နေ့​က စတင်ဖြစ်ပွား​ခဲ့​တာဖြစ်ပြီး​ အခုထိ စစ်တပ်က ရှင်း​လင်း​ရေး​တွေ လုပ်​နေတဲ့​အတွက် ​သေနတ်သံ​တွေ ကြိုကြား​ ကြိုကြား​ ထွက်​ပေါ်​နေဆဲပဲလို့​ သင်း​အုပ်ဆရာက ​ပြောပါတယ်။
စစ်တပ်က ရဟတ်ယာဉ်​တွေနဲ့​ လူသူလက်နက်နဲ့​ ရိက္ခာ​တွေ ​ထောက်ပံ့​ကူညီခဲ့​သလို စစ်​ရေး​ အကူအညီ ​ပေး​ခဲ့​တယ်လို့​ ​ပြောပါတယ်။
ပန်ဝါမြို့​ပေါ်မှာလည်း​ ည ၉ နာရီ ​နောက်ပိုင်း​ ထွက်ခွင့်​မပြုသလို တပ်မ​တော်က ဆက်လက် ရှင်း​လင်း​ရေး​တွေ လုပ်​ဆောင်​နေတဲ့​အတွက် လာ​ရောက် ခိုလှုံ​နေသူ​တွေကိုလည်း​ ​နေရပ်ပြန်ခွင့်​ မပြုဘူး​လို့​ ဆိုပါတယ်။
အစိုး​ရသတင်း​စာ အဆိုအရ တိုက်ပွဲကြီး​ငယ် ၁၁ ကြိမ် ဖြစ်ပွား​ခဲ့​ပြီး​ ကချင်လက်နက်ကိုင် တပ်ဖွဲ့​များ​ အကျအရှုံး​ များ​ပြား​ခဲ့​သလို အ​လောင်း​ ၂၉ ​လောင်း​နဲ့​ တပ်ဖွဲ့​ဝင် တဦး​ကို အရှင်ဖမ်း​မိခဲ့​တယ်လို့​ ​ရေး​သား​ပါတယ်။ ​ကေအိုင်​အေက စစ်ဆင်​ရေး​အတွက် ​ဒေသခံတိုင်း​ရင်း​သား​ ၃၄၅ ဦး​ကို ​ခေါ်​ဆောင်အသုံး​ပြုတယ်လို့​ ​ရေး​ပါတယ်။
သီး​ခြား​ သတင်း​တပုဒ်မှာလည်း​ ကချင်ပြည်နယ်အတွင်း​က တံတား​ ၃ စင်း​ကို ​ကေအိုင်​အေက မိုင်း​ထောင် ဖျက်ဆီး​တယ်လို့​ ​ပြောပါတယ်။
မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော
မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော
by ဖနိဒါ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များအား ပစ်ခတ် တိုက်ခိုက်ခြင်းမှာ မိမိဒေသကို ကာကွယ်ခြင်းသာဖြစ်ကြောင်း နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ ဗိုလ်ကြီးတဦး က ပြောသည်။
ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ပန်ဝါအခြေစိုက်ထားသည့် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝဝ၂ တပ်ဖွဲ့များနှင့် အစိုးရ တပ်ရင်းတရင်းတို့ ပူးပေါင်းကာ KIA တပ်ဖွဲ့တို့နှင့် လုပိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အကျအဆုံး များပြားခဲ့သည့်အပေါ် ထိုအရာရှိက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အမှန်က ကျနော်တို့က အမျိုးသားတွေ အချင်းချင်းပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ပန်ဝါဒေသက နယ်ခြားစောင့်တပ် ဖြစ်တယ်။ နိုင်ငံတော်က ထောက်ပံ့နေတယ်။ နိုင်ငံတော်နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသ လုံခြုံအေးချမ်းဖို့ ကျနော်တို့က ဒီနေ့ဒေသကို အေးချမ်းအောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။
“ကျနော်တို့လည်း ကိုယ့်အိမ် ကိုယ်နေရာဒေသနဲ့ နေတာ။ ကိုယ့်နေရာမှာ တပါးသူလာပြီး အိမ်ထောင်ဦးစီး လာလုပ် မယ်ဆိုတော့ ဒီက လက်မခံကြဘူး။ ကျနော်တို့က ကိုယ့်နေရာကိုယ် ကာကွယ်တဲ့ပုံစံမျိုးနဲ့ ကာကွယ်တာပါ။ ကျနော် တို့ ရှေ့ကထွက်ပြီးမှ ထိုးစစ်ဆင်တာ မဟုတ်ပါဘူး”ဟု သူက ဆက်ပြောသည်။
ကချင် ဒီမိုကရေစီသစ်တပ်မတော် NDAK မှ နယ်ခြားစောင့်တပ် တဖြစ်လဲ တပ်ရင်း ၁ဝဝ၂ မှ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်ရင်းတရင်းမှ ၁ဝဝ ကျော်တို့က အားဖြည့်ခဲ့သဖြင့် KIO ဘက်မှ အကျအဆုံးများပြီး ၎င်းတို့တပ်မှ နှစ်ဦးဒဏ်ရာ ရရှိသည်ဟု ဆိုသည်။
မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် အမှတ် ၁ဝဝ၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့ သည့် ဧပြီ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ KIA ဘက်မှ လက်နက် ၁၄ လက်နှင့် တပ်ဖွဲ့အလောင်း ၂၉ လောင်းနှင့် တပ်ဖွဲ့တဦး ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။
အစိုးရဘက်မှ တပ်သား နှစ်ဦး ကျဆုံး၍ အရာရှိ သုံးဦး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထား သည်။
ပန်ဝါဒေသကို KIO ဘက်မှ သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် တရုတ်နယ်စပ်ဘက် ဒေသခံ တချို့ ထွက်ပြေးတိန်းရှောင်ခဲ့ရာ တရုတ်အစိုးရဘက်က လက်မခံသဖြင့် မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိ နေကြပြီ ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဗိုလ်ကြီးက ပြောသည်။
တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၈ ရှိ စစ်ပြေးဒုက္ခသည်စခန်းအတွင်း ယခုရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံဝင်ရောက်လာကြကြောင်း စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
“ဆဒုံးဘက် မှတ်တိုင် ၈ စခန်းဘက်မှာ နည်းနည်းထပ်ဝင်လာတယ်။ ဘယ်လောက်ဆိုတာ တိတိကျကျ မသိသေးဘူး။ တချို့က ဝိုင်းမော်ဘက် ဆင်းသွားတယ်လို့ ပြောတယ်။ တချို့က ဝိုင်းမော်ဘက်ကို မသွားဘဲ ဒီဆဒုံးဘက်ကို လာတယ် လို့ပဲ သိထားတယ်”ဟု မဇ္စျိမကို ပြောသည်။
အစိုးရနှင့် KIO တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် ၁၁ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ နှစ်ဖက် ငြိမ်းချမ်းရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးသော်လည်း တိုက်ပွဲများ မရပ်စဲဘဲ ပိုမိုပြင်းလာခဲ့သည်။
ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ယခင်က KIO တပ်ဖွဲ့၏ တပ်မဟာ ၃ လက်အောက်ခံ ဌာနချုပ် ဖြစ်ခဲ့ရာမှ နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ အဖြစ် လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့သည်။
ဒေါ့ဖုန်းယန်မြို့ထဲ မြန်မာစစ်ကြောင်းကို KIA တိုက်ခိုက်
ဒေါ့ဖုန်းယန်မြို့ထဲ မြန်မာစစ်ကြောင်းကို KIA တိုက်ခိုက်
news image
ကချင်ပြည်နယ် ဗန်းမော် (မန်မော်) ခရိုင် ဒေါ့ဖုန်းယန်မြို့သို့ ၀င်သာသော မြန်မာအစိုးရ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဗုံး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများဆိုသည်။
နံနက် ၈ နာရီခန့်က မြစ်ကြီးနား-ဗန်းမော် (မန်မော်) လမ်းကြောင်း နားလုံကျေးရွာမှ ဒေါ့ဖုန်းယန်သို့ ၀င်လာသည့် အစိုးရစစ်ကြောင်းကို KIA စစ်သားများမှ ဗုံးဖောက်ခွဲပြီး လက်နက်ငယ်ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ပြောသည်။
တိုက်ခိုက်မှုတွင် မြန်မာစစ်သား ကျဆုံး ဒဏ်ရာရရှိသူများ ၁၀ ဦး အထက်ရှိမည်ဟု KIA ကဆိုသော်လည်း ကချင်သတင်းဌာန(KNG) က သီးခြားအတည်ပြုချက် မရရှိသေးပါ။
KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်
KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်
By ကိုမိုးဇော်
အစိုးရနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား ထာဝရငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးမှုတွေ ရှေ့မတိုးနောက် မဆုတ် ဖြစ်နေချိန်မှာပဲ KIO ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မြန်မာ အစိုးရတပ်ဖွဲ့က လမ်းကြောင်းသုံးခု ကနေ ချဉ်းကပ်နေပါတယ်။ လိုင်ဇာမြို့ကို ပစ်ခတ်နိုင်တဲ့နေရာတွေမှာ လက်နက်ကြီးတွေ နေရာ ချထားနိုင်ပြီဆိုရင် အစိုးရတပ်ဘက်က ထိုးစစ် စတင်လာနိုင်တယ်လို့ KIO ဘက်က သုံးသပ်နေပါ တယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်တဲ့ တချိန်တည်းမှာပဲ နှစ်ဘက် တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှ ပိုပြီးတော့ ပြင်းထန်လာနေတာပါ။ အခုလို ကချင်ဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ကို ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ KIO ဌာနချုပ် လိုင်ဇာဒေသမှာ သာမက ကချင်ပြည်နယ်က အခြား ဒေသတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အစိုးရတပ်တွေဘက်က လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်း ပန်ဝါမြို့အနီးက လုပိခေါ် အစိုးရရဲ့ နယ်ခြားစောင့် တပ်စခန်းတခုကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရဘက်က ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အခုလို ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာတဲ့ အဓိကအချက်က ဘာကြောင့်လဲ လို့ မေးမြန်းရာမှာတော့ KIO ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်က အခုလို ပြောပါတယ်။
“အစိုးရစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုပြင်းထန်လာတယ်။ သူတို့ရဲ့တပ်တွေ ပိုပြီး အင်အားဖြည့်တင်းလာ တယ်။ အဓိက အချက်က အဲဒါပဲခင်ဗျ။ ခါတိုင်းသူတို့ တပ်စခန်းတွေမှာ အင်အား ၂၀-၂၅ပဲ ရှိတဲ့ နေရာမှာ အခုတော့ အယောက် တစ်ရာနီးပါး အင်အားဖြည့်ထားတယ်။ အရင်တုံးက ၆၀ မမပဲ ထားတဲ့နေရာမှာ အခု ၁၂၀ မမ တို့၊ ၈၁ မမတို့ လက်နက်ကြီးတွေ ဖြည့်ထားဖို့လုပ်တယ်။ နားဖော့စခန်းမှာ အယောက် ၃၀ လောက်ပဲရှိတယ်။ အဲဒီမှာ ရဟတ်ယာဉ်ခေါက်တုန့်ခေါက်ပြန်လုပ်တာ ၂၅ ကြိမ်လောက်ရှိတယ်။ လူအင်အားဖြည့်တယ်၊ လက်နက်ကြီး တပ်ဆင်ထားတယ်။ ဒီလိုမျိုးလုပ်တာဟာ KIO ဌာနချုပ်ကို မသိမ်းပါဘူးဆိုတာနဲ့ လုံးဝကွဲပြားမှုရှိတယ်ခင်ဗျ။”
လောလောဆယ်မှာ အစိုးရတပ်တွေက မြစ်ကြီးနား၊ ၀ိုင်းမော်၊ ရွှေညောင်ပင်၊ ဂန်ဒေါင်ယန် လမ်းကြောင်း၊ ဗန်းမော်- ဒေါ့ဖုန်းယန်လမ်းကြောင်း၊ ဗန်းမော်-ရှဒန်ပါ လမ်းကြောင်း စတဲ့ လမ်းကြောင်းသုံးကြာင်းကနေ လိုင်ဇာမြို့အနီးကို ချဉ်းကပ်လာနေတယ်လို့ ပြောပါတယ်။
ဒီလို ချဉ်းကပ်လာတာ လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်နိုင်တဲ့ အကွာအဝေး ရောက်ပြီဆိုရင်တော့ အစိုးရဘက်က ထိုးစစ်ဆင်နိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။
“လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်မှာ သူတို့ ဆက်တိုက်လို ပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ ဗဟိုဌာနကို လက်နက်ကြီး ချိန်ရွယ်ပစ်ခတ်တာ နားထားတယ်။ ဂန်ဒေါင်ယန်ကနေ ပြီးတော့ သူတို့ လက်နက်ကြီးပစ်တဲ့အခါမှာ ၁၀၅ မမ ဟောင်ဝစ်ဇာ ပစ်တဲ့အခါမှာ ဗဟိုဌာနကို မရောက်နိုင်ဘူးခင်ဗျ။ ဒါကြောင့် သူတို့က အဲဒီ ၁၀၅ မမ-ကို ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကျေးရွာကို ဆွဲလာဖို့ လုပ်နေကြ တယ်။ အခု ၁၀၅-မမ ကတော့ ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကို ဆွဲလာတာ တခု ရှိမယ်။ ဒေါ့ဖုန်းယန်-ခမ်းကိုင်ဆိုတဲ့ အဲဒီတောင်စခန်းမှာ သူတို့ အဲဒီမှာလည်း ၁၀၅ မမ ရှိမယ်။ နောက်ပြီးတော့ ဒီ ရှဒန်ပါ ဘက်မှာလည်း လက်နက်ကြီး ပြင်ဆင်ထားတာရှိတယ်။ အဲဒီ သုံးဘက်သုံးတန်ကနေပြီးတော့ အဆင်သင့်ဖြစ်တဲ့အခါမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ အဆင်သင့်လုပ်နေကြတယ်။”
အစိုးရဘက်က လက်နက်ကြီးတွေ နေရာချထားဖို့ တောင်ကုန်းတွေကို တက်ရောက် ရှင်းလင်းသိမ်း ယူနေတာကြောင့် လိုင်ဇာအနီး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။
ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ လုပိစခန်းတိုက်ပွဲက ဆုတ်ခွာသွား KIA တပ်တွေကို အစိုးရ စစ်ကြောင်းတွေက လိုက်လံရှင်းလင်းရာမှာ လက်နက် ၁၄ လက်၊ အလောင်း၂၉ လောင်းနဲ့ KIA တပ်ဖွဲ့ဝင် တယောက် ဖမ်းဆီးရမိကြောင်းနဲ့ KIA က ဒေသခံရွာသူ ရွာသား ၃၄၅ ယောက်ကို ပေါ်တာအဖြစ် ဖမ်းဆီးသွားကြောင်း ဖော်ပြပါတယ်။
ဦးလနန်ကတော့ ကျဆုံးသူ အဲလောက်မများကြောင်းနဲ့ လူ ၃၀၀ ကျော် ဖမ်းဆီးတယ်ဆိုတာလည်း မဖြစ်နိုင်ကြောင်း ငြင်းဆိုပါတယ်။
KIA တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်အကြားမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လွယ်ဂျယ်မြို့နယ်အတွင်းမှာ တွေ့ဆုံဖို့ ဧပြီလ ၂၉ ရက်နေ့က ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ အစိုးရဘက်က အခုထိ အကြောင်းမပြန်သေးပါဘူး။
ဧပြီလ ၁၇ ရက်နေ့က မြန်မာအစိုးရဘက်က မြစ်ကြီးနား သို့မဟုတ် ဗန်းမော်မှာ ဆွေးနွေးဖို့ ကမ်းလှမ်း တာကိုတော့ KIO က စစ်ရေးတင်းမာနေချိန် ဖြစ်တာကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ဆွေးနွေးဖို့ ငြင်းပယ်ထားတာလည်း ဖြစ်ပါတယ်။
KIO နဲ့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ သုံးကြိမ်ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးတာတွေ မပြေလည်သေးတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည် ၆၀,၀၀၀ ကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ် အတွင်းက မြို့ကြီးတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
ကချင်ဒေသ ပဋိပက္ခကြောင့် တရုတ် လုံခြုံရေး သတိပေး
ကချင်ဒေသ ပဋိပက္ခကြောင့် တရုတ် လုံခြုံရေး သတိပေး
by ခင်ဦးသာ
ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာကြမည့် တရုတ်နိုင်ငံသားများကို အထူးသတိ ထားကြရန် တရုတ်အစိုးရက သတိပေးထားသည်။
news image
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသများသို့ စီးပွားရေး ကိစ္စအတွက် ခရီးသွားလာခြင်း ရှောင်ရှားကြရန်၊ ကချင်ဒေသတွင်း ရင်းနှီးမြှုပ်မှု ပြုလုပ်ထားသည့် စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများကိုလည်း လုံခြုံရေး အထူး သတိထားကြရန်အတွက် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက သတိပေးထားခြင်း ဖြစ်ကြောင်း ယမန်နေ့က ဆင်ဟွာသတင်း ၌ ဖော်ပြထားသည်။
ရန်ကုန် အခြေစိုက် တရုတ်သံရုံးကလည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာများ ပျက်စီး ဆုံးရှုံးနိုင်သောကြောင့် တရုတ်နိုင်ငံ သားများအနေနှင့် စစ်ရေး ပဋိပက္ခများဖြစ်ပွားနေသော ကချင်ဒေသသို့ ခရီးမသွားရန် ပြီးခဲ့သည့် စနေနေ့က သတိပေးချက် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသားများ၏ ထိခိုက်ဆုံးရှုံးမှုအခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီက ရန်ကုန်တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
တရုတ်နိုင်ငံသားများသည် ကချင်ပြည်နယ်အတွင်းရှိတည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ဧရာဝတီမြစ်ဆုံ စီမံကိန်း ဒေသများ၌ ရှိနေကြကာ နယ်စပ်ဒေသများ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပန်ဝါ စသည့်မြို့နယ် များတွင် ရှိကြောင်း သိရပြီး လူဦးရေ အတိအကျကိုမူ မသိရသေးပေ။
KIA နှင့်အစိုးရတပ်တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လ မှ စ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခဲ့သော်လည်း တရုတ်လူမျိုးများ အတွက် တရုတ်အစိုးရ ၏ လုံခြုံရေး သတိပေးပြောဆိုမှုသည် ပထမဆုံး အကြိမ် ဖြစ်သည်။
ယခုကဲ့သို့ သတိပေးခြင်းသည် အစိုးရတပ်၏ ထိုးစစ်များကြောင့်ဖြစ်သည်ဟု KIA အဖွဲ့ဝင် ဦးဒွဲပီစာက ဧရာဝတီကို ပြောသည်။
“ဗန်းမော်၊ ၀ိုင်းမော်၊ လိုင်ဇာ၊ ပန်ဝါ၊ ချီဖွေ စတဲ့ မြို့နယ်တွေ အားလုံးလိုလိုပါပဲ အစိုးရတပ်တွေက ကြီးမားတဲ့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတယ်၊ ဒီမြို့နယ်တွေမှာ တရုတ်လူဦးရေ ထောင်ချီရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား Xiao Su က ပြီးခဲ့ သည့် ဧပြီလ ၇ ရက် ၀န်းကျင်က စတင်ပြီး အစိုးရတပ်များက တရုတ်-မြန်မာ နယ်စပ် လိုင်ဇာဒေသရှိ KIA ဌာနချုပ်ကို ထိုးစစ် ဆင်ရန် ပြင်ဆင်နေခဲ့သည်ဟု ပြောဆိုသည်။
KIA ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၏ လက်ထောက် ဖြစ်သော မောင်အောင်ကမူ“အခုအချိန်အထိတော့ လိုင်ဇာက လုံခြုံမှုရှိပါတယ်”ဟု ပြောသည်။
KIA ဌာနချုပ်တည် ရှိရာ လိုင်ဇာ ကို အစိုးရတပ်များက ယခုရက်ပိုင်းအတွင်း ၀ိုင်းထားကာ ထိုးစစ်များဆင်နေ၍ စစ်ရေး တင်းမာမှု ကြီးမားနေကြောင်း၊ KIA တပ်များ ကိုလည်း စစ်ရေးတပ်လှန့်မှု လုပ်ဆောင်ထားကြောင်း KIA က ပြောဆိုသည်။
ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ လုပီကျေးရွာအနီးရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြား ရေးမှူးရုံး တို့အား KIA ကတိုက်ခိုက်ခဲ့ကြောင်း၊ KIA တပ်ဘက်မှ အကျအရှုံးများ စွာဖြင့် ဆုတ်ခွာထွက်ပြေး သွားကာ KIA တပ်ဖွဲ့ဝင် တဦးကို ဖမ်းဆီးရမိလိုက် ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများကလည်း ရေးသားထားသည်။
ဆုတ်ခွာ သွားသည့် KIA တပ်အား အစိုးရစစ်တပ်မှ လိုက်လံရှင်းလင်းရာ မေလ ၃ရက်နေ့ အထိ KIA ဘက်မှ လက်နက် ၁၄ လက်၊ အလောင်း ၂၉ လောင်း၊ အရှင်တဦး နှင့်လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိပြီး၊ အစိုးရ စစ်တပ်ဘက်မှ စစ်သား ၂ဦး သေဆုံးကာ အရာရှိ ၃ ဦးနှင့်စစ်သား ၁၂ ဦး ဒဏ်ရာရရှိကြောင်း၊ KIA တံတား ၃ စင်းအား မိုင်းခွဲဖျက်ဆီး လိုက်ကြောင်း လည်း သတင်းစာ က ဆိုသည်။
အစိုရသတင်းစာများ၏ ရေးသားမှုသည် မှန်ကန်မှု မရှိဟု KIA က တုံ့ပြန် ပြောဆိုသည်။
ကချင်ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများနှင့်ပတ်သက်၍ ပြည်တွင်းရှိ ပုဂ္ဂလိက စာစောင်များ၌ ရေးသားဖော်ပြခွင့်ရသော် လည်း အစိုးရ စစ်တပ်ကို ထိခိုက်စေမည့် စာသားများ၊ KIA ခေါင်းဆောင်များ၏ အင်တာဗျူး တချို့ကို ဖော်ပြခွင့်မရ ဟု စာနယ် ဇင်း တချို့ က ပြောသည်။
စစ်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ နယ်စပ်ဂိတ်တချို့နှင့် ကုန်သွယ်ရာ ၌ အဓိက ကျသည့် လိုင်ဇာလမ်းကြောင်း ကို အစိုးရက ပိတ်ထားကြောင်း သိရသည်။ နယ်စပ်တလျှောက်၌ အထူးတပ်များ ချမထား သော်လည်း ယခင် ထက် လုံခြုံရေး ပိုတင်းကျပ် ထားသည် ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာနေသူ ဦးအောင်ကျော်ဇော က ဧရာဝတီ ကိုပြောသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ လွယ်ကျယ်ဒေသ၌ အခြေစိုက်ထားသည် KIA တပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုဒေသမှ ဆုတ်ခွာပေးခဲ့ရပြီးနောက် အစိုးရတပ်များ က နေရာယူထားကာ ဂိတ်ကြေး အဆင့်ဆင့်ကောက် ခံနေကြောင်း သိရသည်။
“လွယ်ကျယ်-ဗန်းမော်လမ်းကြောင်း က သွားလာရေး အဆင်ပြေနေပေမယ့် အစိုးရတပ်တွေက အခွန်ကောက်တာများတော့ နယ်စပ်ကနေ ဗန်းမော်ရောက်ဖို့ လေးငါးသိန်းလောက် ကုန်ကျမှု ရှိနေတယ်”ဟု ဦးအောင်ကျော်ဇော က ဆိုသည်။
Xiao Su ကလည်း မကြာသေးခင် ရက်ပိုင်းကပင် ပန်ဝါနှင့် ကန်ပိုက်တီးမှ နယ်စပ်ဒေသတာဝန်ကျ အစိုးရအရာရှိတချို့သည် တရုတ်ဘက်သို့ ရှောင်တိမ်းသွားကြကြောင်း ပြောဆိုသည်။
လတ်တလောတွင်လည်း ပန်ဝါနှင့် ကန်ပိုက်တီးဒေသမှ ကချင်စစ်ပြေး ဒုက္ခသည် ၁၀၀၀ ခန့် တရုတ်ပြည်ဘက်သို့ တိမ်းရှောင် နေကြရကြောင်း KIA ကို ကိုးကား၍ တရုတ် သတင်းများက ဖော်ပြသည်။
“ပန်ဝါမှာတော့ လုံးဝ လုံခြုံမှုမရှိတော့ဘူး၊ တရုတ် CPI ကုမ္ပဏီက သူ့အလုပ်သမားတွေနဲ့ လုပ်ငန်းသုံးစက်ပစ္စည်းတွေကို လုံခြုံ ရေး စိတ်ချရအောင် အစီအစဉ်တွေလုပ်နေတယ်”ဟု သတင်းများက ဆိုသည်။
တရုတ် လျှပ်စစ်စွမ်းအင် ကုမ္ပဏီ CPI သည် ကချင်ပြည်နယ်အတွင်း၌ ရေကာတာများ ဆောင်လုပ်ခြင်းကို မြန်မာအစိုးရနှင့် ဆက်သွယ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ CPI သည် ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံဆည် စီမံကိန်းတွင် အဓိက လုပ်ကိုင်နေ သော ကုမ္ပဏီလည်း ဖြစ်သည်။
အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအောင်သောင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်များနှင့် ကချင်ပြည် လွတ် လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ တရုတ်နိုင်ငံ ရွှေလီမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ကြိမ် တိုင် လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရသေးပေ။
KIA နှင့် အစိုးရတပ်များသည် ယမန်နှစ် ဇွန်လအတွင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်ကြာမြင့်ခဲ့သည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြားသွားခဲ့ရသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ပြည်သူ ၇၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
မြန်မာပြည် မြောက်ပိုင်း ခရီးသွားမှု တရုတ် သတိပေး
မြန်မာပြည် မြောက်ပိုင်း ခရီးသွားမှု တရုတ် သတိပေး
news image
မြန်မာပြည် မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ပြင်းထန် လာတဲ့ အတွက် လုံခြုံရေး အရ သတိထား ကြဖို့ တရုတ် စီးပွားရေး ဝန်ကြီး ဌာနက မြန်မာပြည် မှာ ရှိတဲ့ တရုတ် နိုင်ငံသား တွေနဲ့ တရုတ် စီးပွားရေး လုပ်ငန်း တွေကို သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း တရုတ် အစိုးရ တရားဝင် သတင်း ဌာန ရှင်ဝှာ က ဆို ပါတယ်။
တရုတ် ကုမ္ပဏီ တွေ အနေနဲ့ မြန်မာပြည် မြောက်ပိုင်း ကို စီးပွားရေး ရင်းနှီး မြှုပ်နှံမှု အတွက် ခရီး မသွားလာ ကြဖို့နဲ့ ရှိပြီးသား ကုမ္ပဏီတွေ အနေနဲ့ လည်း လုံခြုံ ရေး ကို ပို သတိ ထားဖို့ အဲဒီ သတိ ပေးချက်က ဆိုထား ပါတယ်။
မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ ကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွား နေ တဲ့ ကချင် ပြည်နယ် ထဲမှာ တရုတ် စီးပွားရေး လုပ်ငန်းတွေ အတော်များများ ရှိနေတာ ဖြစ်ပါတယ်။
ဆိုင်း​ဘုတ်ဖြုတ်ချမှု ငြိမ်း​ချမ်း​ရေး​ကို ထိခိုက်နိုင်ဟု ​ကေအန်ယူ​ပြော

အဓိက ရန်သူက KIA ဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်း ထုတ်ပြန်ကြေငြာ






ယခင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်း မှ KIA အဖွဲ့နှင့် ပတ်သတ်ပြီး ဒေသခံပြည်သူများကိုယ်စား ထုတ်ပြန်ကြေငြာချက် ၁ စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဦးစခုန်တိန့်ယိမ်းမှ ကချင်ပြည်နယ်တွင် ကချင်လူမျိုးစုများသည် ၁၉၉၀ ခုနှစ် အစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးကတည်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်သဖြင့် ဒေသဖွံ့ဖြိုး တိုးတက်လာပြီး ပြည်သူများ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုရှိကြောင်း ပြောကြားခဲ့ပါသည်။
သို့သော် KIA လက်ရှိခေါင်းဆောင်များသည် ဧပြီလ ၂၅ ရက်နေ့မှ စတင်ပြီး မျိုးတူသားစားရန်အတွက် စစ်တပ်စေလွှတ်ပြီး ငြိမ်းချမ်းစွာ နေထိုင်နေသော ပန်ဝါဒေသရှိ ပြည်သူများအား ၀င်ရောက်တိုက်ခိုက်ခဲ့ပါသည်။ နှစ် ၅၀ ကျော် စွဲကိုင်ခဲ့သော အကြမ်းဖက်လမ်းစဉ်ကို မစွန့်လွှတ်နိုင်ပဲ ယခုတိုင် ဒေသအတွင်းရှိ ကချင်မျိုးနွယ်စုများကို အနိုင်ကျင့်နှိပ်စက်နေကြပါတယ်။
ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ တိုင်းရင်းသားညီနောင်တွေအနေနဲ့ ဒေသအတွင်းတည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ကာကွယ်နိုင်ရန်နှင့် ဒုက္ခအပေါင်းမှ ကင်းဝေးစေရန်အတွက် KIA ကို ပြန်လည်တိုက်ခိုက်ကြပါစို့။ အမျိုးပျောက်ဝါဒဖြင့် ကချင်တိုင်းရင်းသားများ၏ အနာဂတ်ဘ၀သစ်အတွက် စစ်မှန်သော အခွင့်အရေးများဆုံးရှုံးအောင် လုပ်ဆောင်နေတဲ့ KIA အဖွဲ့ကို တိုက်ခိုက်ရန်မှာ ဒေသအတွင်းရှိ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။
KIA ခေါင်းဆောင်များက ကချင်ပြည်သူတွေ တည်ဆောက်ထားတဲ့ တံတားတွေကို ဖျက်၊ ကလေးတွေကို စစ်ပွဲမှာ အသေခံခိုင်း၊ မိန်းမတွေကို မုဒိန်းကျင့်၊ သက်ကြီးရွယ်အိုတွေကို နေစရာမရှိ၊ စားစရာ မရှိအောင်လုပ်ပြီး လူညွန့်တုံးအောင်လုပ်နေတဲ့ KIA/KIO ကို ဆန့်ကျင်တုန့် ပြန်သည့်တိုက်ပွဲမှာ ပါဝင်ပြီး ကိုယ့်ကိုကိုယ်ကာကွယ် ကြပါ ဆိုပြီး ကချင်ပြည်နယ်အတွင်းမှာ ကြေငြာချက်တွေ ဖြန့်ဝေခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းတွင် အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်နေသော KIA အဖွဲ့အား ကချင်တိုင်းရင်းသားများမှ စည်းစည်းလုံးလုံးနှင့် ဆန့်ကျင်ရန် ဦးဇခုန်တိန့်ယိန်း မှ နှိုးဆော်ထားတဲ့ အကြောင်းဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားများသည် ဒေသအတွင်း တိုက်ပွဲများဖြစ်နေသဖြင့် လမ်းများပိတ်ဆို့ ပျက်စီးခြင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးခြင်း၊ လမ်းများတံတားများကို မိုင်းများခွဲခြင်း၊ မြို့ပေါ်လူစည်ကားရာ နေရာများတွင် ဗုံးထောင်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေများ မတရားကောက်ခံနေခြင်းတို့ကြောင့် KIA အကြမ်းဖက် သောင်းကျန်းသူများအပေါ် နားကျည်းချက်များ များပြားနေချိန်တွင် ခုလို ဦးဇခုန်တိန့်ယိန်း ၏ ထုတ်ပြန်ကြေငြာချက်အား ထောက်ခံသူများပြားနေတယ်လို့ မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်မှ ဦးနော်အောင်မှ ပြောကြားခဲ့ပါတယ်

 

 


ဘယ်တော့အိမ်ပြန်ရမှာလဲ




ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အရှေ့ဘက် ဒုက္ခသည်စခန်းက ပုံတွေပါ။ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ပါတယ်။
မြန်မာအပိုင် ကန်ပိုက်တီးမြို့နယ် တရုတ်-မြန်မာနယ်စပ်နားမှာ ရှိပါတယ်။

ဒီစခန်းမှာ လူဦးရေ ၂၀၀၀ နီးပါးရခိုလှုံနေတယ်လို့ စခန်းဥက္ကဋ္ဌက ပြောပါတယ်။

သူတို့ နေရပ်စွန့်ခွာပြီး လုံခြုံမယ်လို့ ယူဆရတဲ့ ဒီနေရာကို ပြေးခဲ့ကြတာ ကြာပါပြီ။
သူတို့အိမ်တွေ၊ ယာတွေ ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲ?
ဘယ်တော့ အိမ်ပြန်နိုင်ကြမလဲ? ဆိုတာကတော့ ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။











 

 

ပန်ဝါကို ၀င်တိုက်တဲ့ KIA အဖွဲ့ အကျအဆုံးများ

ပန်ဝါကို အလစ် ၀င်တိုက်တဲ့ KIA အဖွဲ့ အကျအဆုံး များတယ်လို့ ဒီကနေ့ မေလ -၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဧပြီလ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ တွေ့ဆုံ၍ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့ပြီးပြီးလို့လဲ သိရှိရပါတယ်။

ယနေ့အချိန်ထိ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေဆဲပါ။

   

ဆဒုံး လမ်းပိတ်,ယာဉ်များဖြတ်သန်းခြင်းလုံးဝမပြုဖို့ KIA မှသတိပေး

                       ကား၊ သုံးဘီး၊ ကုန်တင်ကား၊ လူများ152012နောက်ဆုံးထား ၍ မဖြတ်ကြဖို့ KIA မှနီးစပ်သူမှပြော၊ 19မိုင်ဂိတ်တွင် မြန်မာတပ် 21မိုင်တွင်KIAတပ်


KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ်လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားMonday, April 30, 2012 5:30 PM From :ခေတ်လူငယ်


KIA  ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း  နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု  ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉  ရက်နေ့က ပြောကြားခဲ့ ပါသည်။ ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ  စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့်  ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်  တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု  သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့  ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါမေးမြန်းမှုအပေါ် ''KIA  ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဒါ  နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောထားတာကို ကျွန်တော်ပြန်ပြောပြတာပါ'' ဟု  ပြောကြားခဲ့သည်။ ယင်းအပြင် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၊  နယ်မြေမလုံခြုံ၍ နေရပ်ကို စွန့်ခွာသွားသူများ၊ လက်နက်ကိုင် အဖွဲ့များမှ  ငြိမ်းချမ်းရေးယူခဲ့သူများ အားလုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊  စာသင်ကျောင်း၊ ဆေးရုံ စသည်ဖြင့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်အတွက်  Donar Support Group ဖွဲ့ကာ ကူညီပေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်။
 
 Myanmar Express

 

 

Myanmar Express

KIA မှ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ မန္တလေး မြစ်ကြီးနား ရထား ပျက်စီးသွားသည့် ဓာတ်ပုံများMonday, April 30, 2012 1:48 PM
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7h088CKQeyMsiyB8Y0UsAjmKqbUozfRmJARtPvJTqIgjeV5uKMCvSWbBUkBWmHSd6obd2GBEtihXDUKghBqY2F7mvFTWmX1zvqJItGCPJw5xoUtyePcg_a6Fhd2x7lTuy-8CarBa12gag/s1600/train+attack+2.jpg





https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUwPoXU7sre30ysLVg2aN3tYhP2vxkYa7WtAydqwGg9Rat-SsTGQhbvXb7-1v4ClRAa9IAPrnVvv7gg92ExM9TZ37xBUU1mCeisXLdkoDZt0RyEuxlwqNtV31ODRMRKh4jTeSkdCC1Uuuh/s1600/train+attack+1.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaE01jnn8zATd0nkvJ_rsoE-xXESYu4L0eJSOKeXASsfkEdlToX6DGdpLXofacQVc63viJoUHaeuK1f5MSZN6lQdiO-anZm0edqawxP_xiwQh-82BefWA68D0S-F_ysX985psAffkWLqJ7/s1600/train+attack+3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaE01jnn8zATd0nkvJ_rsoE-xXESYu4L0eJSOKeXASsfkEdlToX6DGdpLXofacQVc63viJoUHaeuK1f5MSZN6lQdiO-anZm0edqawxP_xiwQh-82BefWA68D0S-F_ysX985psAffkWLqJ7/s1600/train+attack+3.jpg

KIA ဖမ်းဆီးသွားသော ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများ ပြန်လည်လွတ်မြောက်လာ



မြစ်ကြီးနား၊ ဧပြီလ ၃၀ ရက်
ဧပြီလ ၂၈ ရက်နေ့ နံနက်က ဆဒုံးမြို့နယ် KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ၀င်ရောက်စီးနင်းခဲ့ပြီး အုပ်ချုပ်ရေးမှူး အပါအ၀င် လူ ၄ ဦးကို သတ်ဖြတ်ကာ ၃ ဦးအားဖမ်းဆီးခေါ်ဆောင်ပြီး ဖုန်းနှင့် ပိုက်ဆံများကို ယူဆောင်သွားခဲ့ပါတယ်။ မြို့နယ်ရုံးတွင် အသတ်ခံရသူ ၄ ဦးတွင် ၂ ဦးမှ ဗမာများဖြစ်ပါတယ်။
အဖမ်းခံရသူ ၃ ဦးမှာ ကချင်လူမျိုးဝန်ထမ်းများဖြစ်ပြီး ဦးဂွမ်ဂျာနော် နှင့် ဦးယောကွေ့တို့အား လုံထန်စခန်းတွင် ထားရှိပြီး ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် လုံထန်စခန်းမှ ပြန်လွှတ်ပေးခဲ့ပါပြီး ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ဆဒုံးမြို့နယ်ရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဦးဇယ်တောင်ကိုတော့ လုံထန်စခန်းမှ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ပြန်လည်လွှတ်ပေးခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။


ဖမ်းဆီးခံရသူ ၃ ဦးအား ဗဟိုဌာနချုပ်မှ ကချင်လူမျိုးများဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေးရန် အမိန့် ရောက်ရှိလာသဖြင့် လွှတ်ပေးရခြင်းဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ကချင်ပြည်နယ်အတွင်းတွင် ကချင်လူမျိုးမှ လွဲပြီး ကျန်လူမျိုးများအား သတ်ဖြတ်ရန် လိုင်ဇာဗဟိုဌာနချုပ်မှ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ KIA တပ်များအတွင်းမှာလည်း လူမျိုးရေးခွဲခြားဖိနှိပ်မှုများကြောင့် လက်အောက်ခံတပ်များမှ ရှမ်းလူမျိုးများမှလည်း တပ်မှ ထွက်ပြေးပြီး အစိုးရထံ အလင်းဝင်မှုများ နေ့စဉ်ရှိနေပါတယ်။ KIA အဖွဲ့အနေနဲ့ လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ဖိနှိပ်သတ်ဖြတ်မှုများ ရှိနေတယ်လို့ အလင်းဝင်လာသူများမှ ပြောကြားကြောင်းသိရပါတယ်။

Myanmar Express

ကချင် အချင်းချင်း မျိုးတူသားစားနေပြီလို့ ဦးဇခုန်တိန့်ယိန်း ပြောပြီ



ယခင် NDAK ဥက္ကဌဟောင်း ဦးဇခုန်တိန့်ယိန်း က KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သို့ ဆိုပြီး အိပ်ဖွင့်ပေးစာတစ်စောင်ကို ဧပြီလ (၁၆)ရက်နေ့က ပေးပို့ခဲ့ပါတယ်။ အဲဒီစာမှာ ပါရှိတာတွေကတော့ ဒေသခံတွေကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံ ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်…

ဦးဇခုန်တိန့်ယိန်း မေတ္တာရပ်ခံထားတဲ့ စာပါအကြောင်းတွေကတော့…

၁။ တိုက်ပွဲပစ်ခတ်မှုတွေကို ရပ်ပေးစေလိုကြောင်း နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့် တန်းတူ ညီတူ ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဌာန်းနိုင်ရေးကို ငြိမ်းချမ်းရေးဆိုတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာ စေလိုကြောင်း။

၂။ စစ်ဘေးကြောင့် ဆင်းရဲဒုက္ခတွေရောက်နေကြရတဲ့ မိဘပြည်သူတွေ၊ အမျိုးသမီး၊ ကလေး၊ သက်ကြီး ရွယ်အိုတွေကို လိုအပ်တဲ့ အကူအညီတွေကိုပေးဖို့ မျှော်လင့်ကြောင်း။

၃။ သမ္မတကြီးရဲ့ အစိုးရသစ် အနေနဲ့လည်း နိုင်ငံသားတွေရဲ့ ဘ၀သစ် ဖော်ဆောင်မှု အပြောင်း အလဲတွေကိုလည်း အများကြီး လုပ်နေလို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဂုဏ်ရှိန်မြင့်တက်နေတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့လည်း ပြည်သူတွေကို မျက်ကွယ် မပြုစေလို ကြောင်း။

၎။ ကချင်ပြည်နယ်ဆိုတာကလည်း ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေသခံ ကိုယ်စား လှယ်တွေနဲ့ ပြည်နယ်အစိုးရသစ်ကို ထူထောင်နိုင်နေပြီဖြစ်တဲ့အတွက် ကချင်တိုင်းရင်းသားတွေရဲ့ အကျိုး ဖြစ်ထွန်းဖို့ကို ပြည်နယ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှ တခြားဖွံ့ဖြိုးရေး အပိုင်းတွေကို ဆက်လက် လုပ်နိုင်ကြမှာ ဖြစ်တဲ့အတွက် ကချင်တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ကြိုးပမ်း နေတဲ့ လူကြီးမင်းတို့ရဲ့ ဆန္ဒက ကြီးမား ကျယ်ပြန့်နေပြီ ဆိုတာကို သဘောပေါက်သင့်ကြောင်း။

၅။ ကချင် တိုင်းရင်းသားတွေနဲ့ အခြားညီနောင် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုတွေ တည်ဆောက်ဖို့ကို လက်နက်ကိုင် ပဋိပက္ခတွေပြေငြိမ်းမှ ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လူကြီးမင်းတို့ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးနဲ့ ဘ၀လုံခြုံရေးကို ဆန္ဒပြင်းပြနေတယ်ဆိုတာ သံသယလုံးဝမဖြစ်ကြောင်း။

၆။ လူကြီးမင်းတွေကို အကြံပေးချင်တာက ကချင်တိုင်းရင်းသားတွေက Jinghpaw Wunpawng amyu ဆိုတဲ့ အိမ်ထောင်စုကြီးတစ်ခု တည်ထောင်ခဲ့ကြပြီးဖြစ်ကြောင်းနဲ့ အဲဒီ Wunpawng amyu အမည်နာမကြီးကိုလည်း ၁၉၆၀ခုနှစ် အစပိုင်းလောက် ကတည်းက ဖြုပ်ပစ်ခဲ့ကြပြီးတော့ ၁၉၆၈ခုနှစ် နောက်ပိုင်းမှာလည်း Jinghpaw ဆိုတာကို ထပ်ဖြုပ်ခဲ့ထားခဲ့ကြပြန်တယ်။ အခုခေါ်နေတဲ့ Wunpawng ကို တိုင်းရင်းသားလူမျိုးတွေရဲ့ မူရင်းနာမည်နဲ့ အစားထိုးမှာ မဟုတ်တဲ့အတွက် မူလ Jinghpaw Wunpawng amyu ဆိုတာကိုပဲ မူလအတိုင်း အတည်ဖြစ်စေသင့်ကြောင်း။

၇။ ဘယ်လိုပယောဂတွေပဲ ၀င်ရောက်ပါစေ၊ ပြည်ထောင်စု အတွင်းမှာရှိတဲ့ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ လူမျိုး အချင်းချင်းပဲဖြစ်ဖြစ် ရန်သူတွေလိုတော့ ခံယူဖို့မသင့်လျော်ကြောင်း၊ နိုင်ငံအတွင်းမှာ ခေတ်မှီတိုးတက်ဖို့ကိုပဲ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လှည့်ပြောင်းမှုကို ဦးဆောင်ကြပါလို့ မေတ္တာရပ်ခံထားပါတယ်။

ဦးဇခုန်တိန့်ယိန်း က ကေအိုင်အေ ခေါင်းဆောင်များအား အခုလို ငြိမ်းချမ်းရေး လက်မခံဘဲ လက်နက်အားကိုးနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရပြီး လူထုကလည်း ဆန့်ကျင် မှာ ဖြစ်ပါတယ်။ အစိုးရ ပြောင်းလဲလာပြီဖြစ်လို့ ကေအိုင်အေခေါင်းဆောင်တွေရဲ့ အတွေးအခေါ် အယူ အဆတွေလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း နဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို လစ်လျူရှုနေဖို့ မသင့် ကြောင်း ပြောကြားခဲ့ပါတယ်။ ကချင်တိုင်းရင်းသားများ စည်းရုံး နေထိုင်ကြရန်ဖြစ်ပြီး အစိုးရနဲ့ဖြစ်စေ၊ လူမျိုး ချင်းဖြစ်စေ ရန်သူတွေ အဖြစ်ခံယူရန် လုံးဝ မသင့်လျော်ကြောင်း ပြည်သူတွေ ကိုယ်စား ကေအိုင်အေ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်

 

 

 

 

အဓမ္မစစ်သားအဖြစ်စုဆောင်းပြီး အတင်းစစ်တိုက်ခိုင်းခံနေသော KIA စစ်သားလေးများ




၂၉ရက်နေ့ကဘဲ မိုးညင်းမြို့နယ်ရှိမော်ဟန်မြို့နယ်ရှိ နန်းပေါင်ချောင်းဖျား ရွှေမှော်မှာ KIA စစ်သား ၂၀ လောက်ရောက်ရှိလာပြီး ရွှေမှော်မှာ လုပ်ကိုင်နေတဲ့လက်လုပ်လက်စားရွယ်ကောင်းတဲ့လူငယ် ၂၃ယောက် အားကြိုးတွေနဲ့တုတ်ပြီးခေါ်ဆောင်သွားခဲ့တယ်၊ ခေါ်ဆောင်သွားတာတော့ ၁၃ နှစ်ကနေ ၂၅ နှစ် ပတ်ဝန်းကျင် လောက်တော့ရှိကြတယ်။ သူတို့ လူသစ်လာစုကြတယ်ထင်ပါတယ် အခုမှမဟုတ်ပါဘူး အခု နောက်ပိုင်းမှာ ခဏခဏ လာလာ ခေါ်နေပါတယ်။ သူတို့ဆီမှာ စစ်တိုက်ဖို့ခေါ်ဆောင်သွားတဲ့သူတွေကို သူတို့က အတင်းစစ်တိုက်ခိုင်းကြတယ်။ ဒီကလူတွေကတော့ တော်တော်လေးစိတ်ဆင်းနေကြတယ်။ ငြိမ်းချမ်း ရေးဆွေးနွေးနေတယ်လို့ကြားနေရပေမယ့် KIA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေးမယူချင်ပုံရပါတယ်။ အဆင်ပြေတယ်ကိုမရှိပါဘူး။ သမ္မတကြီးက သဘောထားပြည့်နေပေမယ့်လဲ။ အခု သူတို့ KIA ခေါင်းဆောင်ပိုင်းရဲ့လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ်နေတယ်။
တံတားတွေကိုမိုင်းခွဲတယ်။ ရွှေမှော်ကအလုပ်သမားတွေကိုအတင်းလူသစ်စု အတင်းစစ်တိုက် ခိုင်းတယ်။ အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်တယ်။ အကြောင်းမဲ့လူတွေသတ်နေတယ်။ သမ္မတကြီးက ဘာဖြစ်လို့ ဒီလောက်တောင်သဘောထားတွေကြီးနေရတာလဲ။ ကျွန်တော်ကိုယ်ကျွန်တော် ရှက်မိပါတယ် ကချင်လူမျိုး တစ်ယောက်ဖြစ်နေတာကို။ အခုလိုဖြစ်ပျက်နေတဲ့ကိစ္စတွေက တစ်ခုတည်းမှမဟုတ်ပါဘူး အများကြီးပါ။ ကချင်လူမျိုးတွေကို စာနာသနားသောအားဖြင့် စဉ်းစားပြီး တာဝန်ယူဖြေရှင်းပေးကြပါလို့ ကျွန်တော် ကချင်လူမျိုးတစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့ လက်တွေ့ခံစားနေရမှုတွေကိုရင်ဖွင့် လိုက်ရပါတယ်။

Myanmar Express




http://www.myanmarexpress.net/2012/05/kia_02.html

KIA မှအလင်းဝင်ရောက်လာသော ရဲဘော်များ၏ ရင်ဖွင့်ခံစားချက်များ





 


Myanmar Express

myanmar expressမှ .........

KIA များရဲ့ လူမဆန်တဲ့ လုပ်ရပ်များ


KIA အကြမ်းဖက်များ ရက်စက်စွာ သတ်ဖြတ်ထားတဲ့ ကချင်လူငယ်များ

KIA အကြမ်းဖက်သကသ အဖွဲ့တွေ အနေနဲ့ ယခုတလော အတွင်းမှာ ပိုမိုပြီး အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ၂၀၁၂ ဧပြီလ ၂၈ရက်နေ့ကလည်း ၀ိုင်းမော်၊ ဆဒုံးမြို့နယ်ခွဲက အုပ်ချုပ်ရေးရုံးကို KIA အကြမ်းဖက်သကသအဖွဲ့ အယောက်(၃၀)လောက်က ၀င်ရောက်အကြမ်းဖက် စီးနင်းပစ်ခတ်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူးနဲ့ အငယ်တန်းစာရေး (၃)ယောက်သေဆုံးပြီး (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ကျန်တဲ့ (၆)ဦးကတော့ လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ အခုလို အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းသတ်ဖြတ်ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်တဲ့အတွက် ၀ိုင်းမော်မြို့နေ ပြည်သူလူထုတွေ အတွက် များစွာ ကျီးလန့်စာစား နေထိုင်နေရပြီး ဘယ်အချိန်ဘယ်လိုပေါ်ပေါက်လာမယ်မှန်းမသိရသေးတဲ့ အကြမ်းဖက်မှုတွေ အတွက် ထိတ်လန့်ကြောက်ရွံ့မှုတွေလည်း ဖြစ်ပေါ်နေကြရပါတယ်။ အခုလို အုပ်ချုပ်ရေးမှူးရုံးကိုတောင် ထဲထဲဝင်ဝင် ၀င်ရောက်စော်ကားမှုတွေ ပြုလုပ်ခဲ့တာဟာ ဒေသခံတွေကို စိတ်ဓာတ် ပျက်ပြားစေခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ဓားစာခံ မိသားစုဝင်တွေ အနေနဲ့လည်း အချိန်ပြည့် စိုးရိမ်ပူပင်နေရကြရတယ်လို့ သိရပါတယ်။

ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံး





24.4.2012 နံနက်7:25နာရီ အချိန် ပြည်သူ့ဆေးရုံထောင့်ဗုံးပေါက်ကွဲ အပြစ်မဲ့ပြည်သူသုံးဦးဒဏ်ရာရသည်ဟုသိရ။

                             KIA တပ်များနှင့် တိုက်ပွဲဖြစ်စဉ်အကျဉ်း (ဧပြီ ၂၅မှ ၃၀အထိ)

(၂၅ရက်နေ့ည)
KIA တပ်မဟာ(၁)က(မေခမြစ်အနောက်ဘက်ခြမ
်းနယ်မြေ) ချီဖွေနားက
“၀ါရှားပါ”ကနေ မြစ်အရှေ့ခြမ်းကိုကူး။ အင်အား (၂၅၀-၃၀၀)ခန့်ရှိ။

(၂၆ရက်နေ့)
ချီဖွေ-ပန်ဝါ ကားလမ်းပေါ်က (၁၁)မိုင်စခန်းကိုရောက်။
ပန်ဝါက လူကြီးတွေ (ယခင် ကချင်အထူဒေသ(၁)က လူတွေ)နဲ့ BGF တပ် (ယခင် NDAKတပ်)က ဆက်မတက်ဖို့ မေတ္တာရပ်ခံ၊ လူလွှတ်ပြီးညှိ။ မရ။ ဆက်တက်လာ။
ညသန်းခေါင်ထိ၊ စာပေးစာယူနဲ့ ညှိနှိုင်းမှုလုပ်ကြ ။ အေးရှားဝေါလ်မှာ
လမ်းဖေါက်နေသော ယဉ်လေးစီးကိုယူပြီး ပန်ဝါသို့ ဆက်ချီတက်။ ထိုနေ့မှာ
စစ်ကူရောက်လာနိုင်သော လမ်းကြောင်း(မြစ်ကြီးနား-ချီဖွေ)လမ်းပေါ်က
“နမ္မလိ”တံတားကို KIAက မိုင်းခွဲ ဖြတ်တောက်။ BGF တပ်က
တပ်ရင်းဌာနချုပ်နဲ့ လေးမိုင်ခန့်အကွာမှ “ရှဖုတ်”တံတားအား ချိုးဖျက်ကာ
ကေအိုင်အေယဉ်တန်းအား တားဆီး။

(၂၇ရက်)
မနက် ၆း၄၀မှာ KIA က BGF တပ်ရင်း ၁၀၀၁
ဌာနချုပ်စခန်း(“လုပီ”စခန်း)ကိုတိုက်။ စခန်းတွင် BGF အင်အား
ငါးဆယ်ခန့်နှင့် တပ်မိသားစုသုံးဆယ်ခန့်
ပိတ်မိနေ။ တိုက်ပွဲတစ်နေ့လုံးဖြစ်။ ပြင်းထန်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ရဟတ်ယဉ်များ (၁၄း၂၅)တွင် ပန်ဝါရောက်၊
တပ်ရင်း (၃၈၂)နှင့် ခဲယမ်းများပါ။ ထိုနေ့က ရဟတ်ယဉ်ငါးခေါက်ဆင်း။
ချီဖွေသို့ စစ်ကူပေးသော တပ်မတော်စစ်ကြောင်းများ
မြစ်ကြီးနား-ချီဖွေလမ်းပေါ်က “စနစ်ခူး”တွင် တိုက်ပွဲဖြစ်
ဖြတ်တောက်ခံရ။ KIA စစ်ကြောင်း အင်အား(၁၀၀)ကျော် မေခမြစ် အနောက်ဘက်ကမ်းမှ
အရှေ့ကမ်းသို့ ထပ်မံကူးလာပြီး ချီဖွေမှ တက်လာမည့် ပန်ဝါသို့ စစ်ကူ
စစ်ကြောင်းကို ပိတ်ဆို့ထား

(၂၈ရက်)
ကေအိုင်အေမှ “လုပီ”စခန်းအား ၀ိုင်းထား။ (ထိုစခန်းသည်
ပန်ဝါနှင့် ရှစ်မိုင်ကျော်ခန့်တွင်ရှိ) တိုက်ပွဲပြင်းထန်၊ စခန်း၏
သုံးပုံနှစ်ပုံထိ KIAများ ၀င်ရောက်သိမ်းပိုက်နိုင်။
(စခန်းကုန်းမကျ) ထိုစခန်းသို့ လက်နက်လူအင်အား ပို့လာသော
တပ်မတော်စစ်ကြောင်း (ယဉ်ငယ်ခုနှစ်စီး)ကို စခန်းကုန်းရောက်လုနီး မီတာ
လေးငါးရာခန့်အကွာ၊ လုပီ=ပန်ဝါ လမ်းပိုင်းပေါ်တွင် KIAက
ဖြတ်တောက်တားဆီးထားနိုင်။ “လုပီ”စခန်း ကျလုနီးပါးဖြစ်။ ညနေ
(၇)နာရီခန့်တွင် ရဟတ်ယဉ်နှစ်စီးက လုပီ စခန်းအနီးတွင် လေကြောင်း
ပစ်ကူပေး။ ပန်ဝါသို့ ရဟတ်ယဉ် ငါးခေါက်ဆင်းကာ လက်နက်ခဲယမ်းနှင့် စစ်ကူပို့။

(၂၉ရက်)
လုပီ=ပန်ဝါ လမ်းပိုင်းတွင် ပိတ်ဆို့ခံထားရသော စစ်ကြောင်းနှင့်
စခန်းကျလုနီးဖြစ်နေသော “လုပီ”BGF စခန်းကျန်ရဲဘော်များ
နံနက်(၂)နာရီခန့်တွင် ပူးပေါင်းနိုင်။
ထိုနေ့ညနေတွင် ချီဖွေသို့ရောက်ပြီး ပန်ဝါဘက်ဆက်ထွက်လာသော
တပ်မတော်စစ်ကူများ ချီဖွေအထွက် (၂)မိုင်ခန့်တွင်
တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ် ဟန့်တားခံရ။
မနက်ပိုင်းတွင် စခန်းမသိမ်းနိုင်သော KIA တပ်ဖွဲ့ဝင်အချို့
ပြန့်ကျဲသွား။ စခန်းကို မကျော်နိုင်သောအဖွဲ့နှင့် စခန်းကို
ကျော်သွားကာ “လုပီ”စခန်းနှင့် “ပန်ဝါ”အကြားတွင် အဖွဲ့တစ်ဖွဲ့
ရောက်ရှိသွား။ ပန်ဝါကိုမသိမ်းနိုင်ပဲ၊ နေရာအနှံ့ပြန့်သွား။ ည
ခုနှစ်နာရီဝန်းကျင်တွင် လေကြောင်းပစ်ကူ ရဟတ်ယဉ်တစ်စီးပစ်ခတ်။

(၃၀ရက်)
ပြင်းထန်သော တိုက်ပွဲကြီးများမရှိ။ တစ်နေ့လုံး
ရှင်းလင်းရေးးအဖွဲ့များ လိုက်လံရှင်းလင်း။ သေနတ်သံကြိုကြားကြားရဆဲ။
ညနေခြောက်နာရီခွဲခန့်တွင် လုပီ-ပန်ဝါကြားတွင်ရောက်ရှိနေသော KIAအဖွဲ့ကို
လေကြောင်းပစ်ကူမှ လာရောက်ပစ်ခတ်။ ချီဖွေမှ တက်လာသောစစ်ကြောင်း
ပိတ်ဆို့မှုကို ကျော်လွှားကာ ချီဖွေ=ပန်ဝါလမ်းကြောင်းပေါ်မှ
(၁၁)မိုင်စခန်းသို့ရောက်ရှိ (ကျော်ကောင်း ကျော်လာနိုင်)။
စစ်ချီလမ်းကြောင်း အရှေ့နှင့်အနောက်ပါ ပိတ်မိနေသော KIA တပ်များ
ဖေါက်ထွက်ဆုတ်ခွာသည့် တိုက်ပွဲများဖြစ်လာနိုင်ဖွယ်ရှိ။
သတင်းရေးနေချိန်ထိ BGF တပ်နှင့် တပ်မတော်မှ နှစ်ဦးကျဆုံးပြီ
သုံးဦးဒဏ်ရာရရှိထား။ KIA ကျဆုံး/ဒဏ်ရာစရင်းမရရှိသေး။

(CJMyanmar သတင်းထောက်မှ ပေးပို့သည်။)

ဆထုံး သတ်ဖြတ်မှု စွပ်စွဲချက် KIO ငြင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်းလေးဦး သတ်ဖြတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြင်းဆိုလိုက်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း ပြောသည်။

‘ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် KIA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်’ ဝန်ထမ်းလေးဦး သေဆုံးပြီး သုံးဦး ပျောက်ဆုံးနေကြောင်း ဧပြီလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ရေးသားချက်အား KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာအစိုးရက အဲဒီလိုပဲ အမြဲစွပ်စွဲတယ်။ ဘာဖြစ်လိုက်ဖြစ်လိုက် KIA ပဲ။ ဘယ်သူလုပ် တယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ တပ်မဟာကို အဲဒီကိစ္စ စုံစမ်းဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ KIA က လုပ်တယ်ဆိုတာ မဟုတ်ဘူးဗျ။ ကျနော်တို့ အမိန့်ပေးထားတာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

“အုပ်ချုပ်ရေး ဦးစီးမှုးအပါအဝင် လေးယောက်ကို သတ်သွားတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရတယ်။ ဒါပေမယ့် ကျနော်ထင်တာတော့ အုပ်ချုပ်ရေးမှုးတွေက မှားတဲ့အချက်လေးတွေ ရှိမယ်။ ဒီဘက်နယ်ရောက်လာတဲ့ အချို့ အစိုးရ ဝန်ထမ်းတွေဟာ မောက်မာတာတွေ ရှိတယ်။ စီးပွားရေးကိစ္စတွေလည်း ပါနိုင်တယ်” ဟု ဆထုံး ဒေသခံ အမျိုးသား တဦးက မဇ္ဈိမကို ပြောသည်။

ဝိုင်းမော်ဒေသမှ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ ကုန်တင်ကားများ ကူးသန်းရာတွင် ဆထုံးဒေသအား ဖြတ်သန်းရ၍ မြို့နယ်ထွေ/အုပ်မှူးမှာ သြဇာရှိလှကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ဧပြီလ ၂၉ ရက်နေ့က မန္တလေး-မြစ်ကြီးနား အမှတ် ၃၃ အဆန်ရထား မိုင်းကွဲမှုမှာလည်း KIA မှ မိုင်းထောင် ဖောက်ခွဲမှု
ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာက စွပ်စွဲထားသည်။

၂၀၁၁ ခုနှစ် ဧပြီလအတွင်း KIA ထိန်းချုပ်ရာ နယ်မြေများအတွင်း အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁၃၀ နီးပါး ဖြစ်ပွားခဲ့ သည်။

ယခုအခါ KIA ဌာနချုပ်တည်ရှိရာ လိုက်ဇာအနီးသို့ မြန်မာအစိုးရတပ်များ အင်အားတိုးချဲ့ ချဉ်းကပ်လာနေပြီး စုစုပေါင်း အစိုးရတပ်အင်အား ၂,၀၀၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း ဦးလနန်က မဇ္စျိမကို ပြောသည်။
 KIA ဥာဏ်နီဥာဏ်နက်မည်မျှရှိသည် အားအံ့မခန်း ...
မြစ်ကြီးနား ရှဒေါင်၊ အကျဲဘက်တွေလဲ သေနတ်သံများကြားနေရတယ် ။ ဒေသခံတစ်ဦးပြောပြချက်
အကျဲ စုပေါင်း ကေအိုင်အေမှဂိတ်အားလဲ သေနတ်ဖြင့်ပစ်ခတ်သွားတယ် ။


  n by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဧပြီလ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်။ Monday, 30 April 2012 21:50
ဌာနချုပ် လိုင်ဇာအနီးရှိ အစိုးရတပ်ဖွဲ့ တခုအား ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF (NB) တပ်ဖွဲ့များက ၀ိုင်းရံထားကြောင်း ရှေ့တန်း တပ်မှူးတဦးက ပြောသည်။
KIO ဌာနချုပ် လိုင်ဇာမြို့မှ ကားဖြင့် (၁၅) မိနစ်ခန့် မောင်းနင်ရပြီး အစိုးရ၏ အဓိကကျသည့် တပ်စခန်း တခုဖြစ်သည့် လဂျားယန် တပ်စခန်းရှိ အစိုးရ တပ်များ ယခုလ (၂၇) ရက်နေ့က ဆုတ်ခွာသွားသည်ဟု ABSDF ရှေ့တန်း တပ်မှူး တဦးက အခုလိုပြောသည်။
“လဂျားယန်က အရင်က တပ်ရင်းမှူးတွေ ဘာတွေ ထိုင်တဲ့နေရာလေ။ စရဖတို့ တပ်ရင်းမှူးတို့ အဲဒီမှာ စုပြီးထိုင်တဲ့တပ်က မရှိတော့ဘူး။ အခု ဒီမှာတော့ KIA နဲ့ ငါတို့ တပ်က နားလုံနဲ့ ဒီကြား တလျောက်လုံးမှာ ယူထားတယ်လေ။”
သို့သော် တပ်အားလုံး ရုတ်သိမ်းခြင်း မဟုတ်ဘဲ တပ်ခွဲတခွဲခန့် ကျန်ရှိနေပြီး ယင်းတပ်ခွဲ အား KIA နှင့် ABSDF တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ၀ိုင်းရံထားသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“သူတို့ ခြံစည်းရိုးကာထားတဲ့ တပ်စခန်းထဲက ထွက်သွားပြီးမှ အဲဒီထက်နည်းနည်း မြှင့်တဲ့ တောင်ကြောပေါ်မှာ သွားတက်ပြီး နေနေတယ်။ အခု အဲဒီအဖွဲ့တွေ လက်နက်လာချရင်ချ ဆိုပြီးမှ ဒီကလည်း အောက်က အသာလေး စောင့်နေတယ်။ မချဘူးဆိုရင်တော့ အကုန်လုံး ၀ိုင်းပြီးမှ ပတ်ပြီးမှ ရှင်းလင်းရေး ၀င်ရတော့မှာပေါ့။”
ထို့အပြင် အ၀ိုင်းခံထားရသည့် တပ်ဖွဲ့အား အစိုးရဖက်မှ စစ်ကူ လာရောက်ရန် ကြိုးပမ်း နေပြီး လဂျားယန်မှ (၄) မိုင်ခန့်အကွာရှိ မန်တဲ ကျေးရွာတွင် အင်အားစုစည်း နေကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းကိစ္စ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အကယ်၍ လိုင်ဇာ ဌာနချုပ်အား အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ပါက လက်နက်ကြီး ကျရောက် ပေါက်ကွဲနိုင်သည့် နေရာများ ဖြစ်၍ သံဃာတော်များ အပါအ၀င် အစိုးရ တပ်ဖွဲ့ဝင်များအား လဂျားယန် ကျေးရွာမှ ရှောင်တိမ်း ခိုင်းခြင်းသာ ဖြစ်သည်ဟု ပြောသည်။
“တကယ်လို့များ သူတို့ အဲဒီမှာ ဆက်ပြီး ရှိနေမယ်ဆိုရင် လက်နက်ကြီး ပစ်ခွင်းတဲ့အခါမှာ ကျနော်တို့ တပ်တွေနဲ့ ကပ်ပြီးနေတဲ့ လဂျားယန်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ထိခိုက်သွားနိုင်တယ်ဗျ။ ဒါကြောင့် သူတို့ အဲဒီစခန်းကို ခွာလိုက်တဲ့ သဘောပါ။”
ထို့အပြင် ဌာနချုပ် လိုင်ဇာအား တိုက်ခိုက် သိမ်းပိုက်ရန် အစိုးရတပ်က စီမံချက် ရေးဆွဲထားပြီး လွန်ခဲ့သည့် ရက်များကလည်း တာဝေးပစ် လက်နက်ကြီးများဖြစ်သည့် (၁၀၅) ဟောင်ဝေဇာ အမြောက် အပါအ၀င် (၁၂၀) မီလီမီတာ၊ (၈၁) မီလီမီတာ မော်တာများဖြင့် ပစ်ခတ်ခဲ့ရာ လဂျားယန် တပ်စခန်း အနီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆက်လက် ပြောဆိုသည်။
အလားတူ လိုင်ဇာမြို့ မြောက်ဖက်ရှိ နားဖော့ တပ်စခန်းသို့ စစ်သုံး ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းနှင့် တပ်အင်အားများ ပို့ဆောင်နေပြီး လောလောဆယ် ဌာနချုပ် လိုင်ဇာအား နေရာ သုံးခုမှ လက်နက်ကြီး များဖြင့် ချိန်ရွယ်ထားသည်ဟုလည်း ဆိုသည်။ ထို့အပြင် မြစ်ကြီးနား လိုင်ဇာ၊ မြစ်ကြီးနား ဗန်းမော် သွားသည့် ကားလမ်းတလျောက်တွင် အစိုးရ တပ်အင်အားများ ပိုမို တိုးမြှင့်လာကြောင်း သတင်းရရှိသည်။
ယင်း အခြေအနေများ အတွင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက KIO ဌာနချုပ် လိုင်ဇာ တပ်စခန်းအား သိမ်းပိုက်ရန် အစီအစဉ် မရှိဟု ပြောဆိုခဲ့ခြင်းမှာ ဒေသတွင်း လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု မရှိဟု ၎င်းက တုန့်ပြန် ပြောဆိုလိုက်သည်။
“သံတမန်ရေး လမ်းကြောင်းမှာ သူတို့ဖက်က အသာစီးရအောင် ပြောဆိုနေတဲ့ အပိုင်း တွေပါ။ ဗဟိုဌာနချုပ်ကို မသိမ်းပိုက်ပါဘူးဆိုတဲ့ဟာက ဒီမှာဖြစ်တဲ့ လက်တွေ့နဲ့တော့ တခြားစီ ဖြစ်နေတာပေါ့ဗျာ။”
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောခဲ့သည့် စကားအတိုင်း KIA ဌာနချုပ် လိုင်ဇာအား သိမ်းပိုက်ရန် အစီအစဉ် လုံးဝ မရှိကြောင်း ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်ဟု ယနေ့ထုတ် ပြည်တွင်း သတင်းဂျာနယ်များက ဖော်ပြခဲ့သည်။
လောလောဆယ် လဂျားယန် ကျေးရွာအတွင်း KIA နှင့် ABSDF တပ်ဖွဲ့ဝင်များ ၀င်ရောက်ရှင်းလင်းခဲ့ရာ အစိုးရ အလံ (၂) ခု၊ လက်နက်ကြီးကျည် သုံးလုံး၊ လမ်းလျှောက် စကားပြောစက် (၂) လုံးနှင့် စစ်ယူနီဖောင်းများ သိမ်းဆည်းရမိသည်ဟု ABSDF တပ်မှူးက ပြောဆိုသည်။
အစိုးရနှင့် KIA တို့ ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ (၁၀) လကျော် ကာလအတွင်း မြို့ပေါ်နှင့် တရုတ်မြန်မာနယ်စပ် တလျောက်သို့ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် ခြောက်သောင်းကျော်ရှိသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ၏ ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံပြီးသော်လည်း နှစ်ဖက်တပ်ဖွဲ့များကြား ယနေ့တိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။











 မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံထောင့် ဗုံးပေါက်ကွဲ





တာပတောင်းအောက် မံဖွား အထက်ကြားတွင်အခင်းလုပ်ကိုင် ကြသူပေါင်း(၂၀၀၀)ကျော်လောက်ရှိပါသည်။မိုးကောင်းချောင်း
၏အထက်ပိုင်းကို (KIO) တပ်ရင်း(၁၁) ကအခွန်ကောက်ခံပါသည်။မိုးကောင်းချောင်း၏ အောက်ဘက်ပိုင်းကို(KIO)တပ်ရင်း(၅)ကကောက်
ခံပါသည်။ကောက်သောနှုန်းထားများမှာ တဲတစ်တဲလျှင်
                       ဆန်(၁)တင်း
                       အခင်းတဧက=၅၀၀၀ိ/-ကျပ်
                      ထွန်စက်(သေး)တစ်စီး=၂၀၀၀၀ိ/-ကျပ်
                      ဟွန်ဒါစက်တပ်လှေတစ်စီး=၁၅၀၀၀ိ/-ကျပ်
                      ကျွဲတစ်ကောင်=၅၀၀၀ိ/-
                      ကြက်တစ်ကောင်=၅၀၀ိ/-ကျပ်
                      ခွေး  ။           =၅၀၀ိ/-ကျပ် ဟူ၍အသေးစိတ်ပြောထားပါသည်။လက်တွေ့တွင်
အကုန်မကောက်ခံသေးသော်လည်း ဆန်နှင့်အခင်းဖိုး ဧည့်စာရင်းဟူ၍ ဤသုံးမျိုးကိုကောက်ခံသွားပါသည်။ ရပ်ဝေးမှလာရောက်လုပ်ကိုင်
သူသည် (၂၈၀၀၀ိ/-ကျပ်)၊ ရပ်နီးလုပ်ကိုင်သူမှာ(၁၆၀၀၀ိ/-ကျပ်)ကုန်ကျပါသည်။စစ်ပြေးဒုက္ခသည် ကူညီရန်အတွက်ဟူ၍လည်းကောက်ခံပါ
သည်။ ကျနော်သဘောမပေါက်သည်မှာ KIO မှဘယ်စစ်ပြေးဒုက္ခသည်ကိုထောက်ပံ့နေပါသလဲ?၄င်းတို့လုပ်၍ သာစစ်ပြေးဒုက္ခသည်များရှိ
လာရခြင်းသာဖြစ်ပါသည်။အကြောင်းအမျိုးမျိုးပြ၍ ကောက်ခံနေပါတယ်။
    ရေဒီယိုနားထောင်တော့ RFA တွင် ဦးလှနန်ပြောရာတွင် (KIO) အယောင်ဆောင်၍ ကောက်ခံသည်ဟု ပြောကြားသွားပါတယ်။
တကယ်မသိ၍ လားမသိချင်ယောင်ဆောင်တာလားကျနော်တို့ဘက်တွင်လာရောက်စုံစမ်းပါ (KIO)တို့အခွန်ဖြတ်ပိုင်းများ တဲတိုင်းတွင်ရှိနေပါ
တယ်။မိုးကောင်းချောင်းအ၀တွင် လုပ်ကိုင်သူများက ပိုဒုက္ခရောက်ပါတယ် (KIO)တပ်ရင်း(၁၁)နှင့်(၅)နှစ်ဖက်စလုံး၏ ကောက်ခံခြင်းကိုခံနေရ
ပါတယ်။
    ဦးလှနန်ပြောရာတွင်တိုင်တန်း ၍ရတယ်ဆိုတာကို ကျနော်သဘောကျပါတယ်။ဘယ်သူကတိုင်ရဲမှာလဲ ကိုယ့်အသက်လောက်ဘယ်အရာ
မှတန်းဖိုးမရှိပါဘူး။ တိုင်တဲ့သူကို (KIO)ကသိသွားခဲ့ရင်ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားပါမယ်။စိတ်မထင်ရင်မထင်သလိုသတ်နေတဲ့သူတို့
ကိုဘယ်သူက အရဲစွန့်ပြီးတိုင်ရဲမှာလဲ?  (KIO)မှသတ်လိုက်သောသူများသည်လူမျိုးရေး၊ဘာသာရေးပါလာလျှင် သူတို့က အစိုးရထောက်လှမ်းရေး
မို့သတ်လိုက် တယ်ဟူ၍ လွဲချလိုက်တာကြီးတွေ့နေရပါတယ်။  (KIO)အကြောင်းပြော၍ ပင်ကုန်မည်မဟုတ်ပါ ယခုတင်ပြခြင်းသည် အဖျားအနား
သာဖြစ်ပါတယ်။
                                                                                                     ကြောက်သောလဲအမှန်တရားကိုချစ်တဲ့
                                                ပြည်သူ

 

No comments: