Tuesday, June 12, 2012

တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ


တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ
တနိုင်းမြို့အနီး ဂွေတောင်ချောင်း ၆မိုင်တံတားသည် ဘိလပ်မြေတင် ဆောင်လာသော ဆယ်ဘီးကားကြီးဖြတ်သန်းစဉ်တွင် တံတားကျိုးကျပျက်စီးသွားခဲ့ရာ ဒေသခံများ သွားလာရေးအခက်ခဲဖြစ်နေကြသည်။
news image
၎င်းတံတားသည် မေလ ၃၀ ရက်နေ့က ဘိလပ်မြေတင်ဆောင်လာ သော ဆယ်ဘီးကား ဖြတ်စဉ်တွင် ပျက်စီးသွားခဲ့ပြီး ကားနှင့်အတူ ကျိုးကျသွား ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
တံတားအသစ်ပြုပြင်ဆောက်လုပ်နိုင်ရန်အတွက် တနိုင်းမြို့နယ်အာဏာပိုင်များက ကားပိုင်ရှင် ဦးအေးသိန်းဆိုသူအား ဒဏ်ငွေအဖြစ် သိန်း ၂၀၀ ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံများပြောသည်။
ဒေသခံများသည် တံတားမရှိသောကြောင့် သွားလာရန်အခက်ခဲဖြစ်နေသော်လည်း တံတားကိုမူ ယခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသေးပဲ နွေရာသီ၌ သွားလာနိုင်ရန် ယာယီတံတားကိုသာ စီစဉ်ပေးခဲ့ကြောင်း တနိုင်း ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။
“အဲဒီ နွေရာသီတံတားလည်း ချောင်းရေကြီးပြီး ယခုချိန်မှာ ပြန်ပျက်စီး သွားခဲ့ပါပြီ။ စစ်အစိုးရ ခေတ်အဆက်ဆက်ကတည်းက ပြန်လည် ပြုပြင်တည် ဆောက်ခြင်း မလုပ်ခဲ့တဲ့ ဟောင်းပြီးဆွေးနေတဲ့ တံတားတွေကို အခုလိုကျိုး ပျက်သွားရင် တရားခံရှာပြီး ခြိမ်းခြောက်တယ်။ ဒဏ်ငွေတွေ တောင်းယူတာတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် ခိုင်ခန့်တဲ့တံတားတွေ ယနေ့ထိတိုင် ပြန်ဆောက် ပေးတာမရှိသေးဘူး” ဟုပြောသည်။
မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးပေါ်တွင် ဆောက်လုပ်ထားသည့် တံတားများသည် ဒုတိယကမ္ဘာစစ် အင်္ဂလိပ်ကိုလိုနီခေတ်က တည်ဆောက်ထားသည့် သက်တမ်း ကုန်ဆုံးပြီဖြစ်သော တံတားများဖြစ်ကြောင်း ဒေသခံများပြောသည်။
ဇွန်လ ၁၆ ရက်နေ့က လီဒိုလမ်းမပေါ်ရှိ နောင်းမှီကျေးရွာအနီး ရဲဘက်စခန်းတွင် လုံခြုံရေးမိုင်းနင်းမိပြီး ပြည်သူများထိခိုက်ဒဏ်ရာရခဲ့ရာ အာဏာပိုင်များသည် ခရီးသည်များကို ခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများလည်းပြုလုပ်လာပြီး လမ်းများပိတ်ထားသည်။
ဇွန်လ ၁၇ ရက်နေ့မှစ၍ မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးကို နမ္မတီးမြို့အထက် မရန်ကထောင်ကျေးရွာမှ တနိုင်းမြို့ စုပေါင်းဂိတ်အထိ တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒ.က.စ အမိန့်အရ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။
ယခုလိုလမ်းကြောင်းပိတ်ထားလိုက်ခြင်းသည်လည်း လျော်ကြေးတောင်းယူထားပြီး ပြန်မဆောက်ပေးနိုင်သေးသည့် ဂွေတောင်ချောင်း ၆မိုင်တံတားကို မိုးရာသီတွင်း ဖြတ်သန်းသွားလာနိုင်ရန် စက်လှေတစ်စီး အလောတကြီး စီစဉ်နေခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများ သုံးသပ်နေကြသည်။
ယခုချိန်တွင် ဒေသတွင်း ရာနှင်ချီသော စီးပွားရေးကုန်သည်များနှင့် ပြည်လူထုများသည် သွားလာရေးခက်ခဲမှုနှင့် လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများပြောသည်။

ကချင် စစ်ပြေးဒုက္ခသည်များ ပြန်လာရေး အစိုးတပ်များ ဆုတ်ပေးရန် ဆွေးနွေး
by သန်းထိုက်ဦး
ကချင်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ပြေးဒုက္ခသည်များ ပြန်လာရဲစေရန် ယင်းကျေးရွာများတွင် တပ်စွဲထားသော အစိုးရတပ်များ ပြန်ရုပ်သိမ်းပေးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယနေ့ ထပ်မံ တွေ့ဆုံဆွေးနွေးကြသည်။
news image
ယင်းဆွေးနွေးပွဲကို KIA တပ်မဟာ (၃) ထိန်းချုပ်ထားသော မိုင်ဂျာယန် ဒေသတွင်ပင် ပြုလုပ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ရပ်ရွာတွေမှာ တပ်စွဲထားတဲ့ ကိစ္စတွေ အရင် ဖယ်ရှားပေးရမယ့် ကဏ္ဍတွေ ပါလာတယ်။ လူထုက မပြန်ရဲကြဘူး။ အဲဒါတွေ အဓိက ဆွေးနွေးကြတယ်” ဟု ဦးစန်းအောင်က ဆိုသည်။
ဆွေးနွေးပွဲကို KIA ဘက်မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကချင်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
ကျေးရွာများတွင် တပ်စွဲထားသည့် အစိုးရတပ်များအပြင် KIA ထိန်းချုပ်ဒေသများရှိ အစိုးရတပ်များ ဆုတ်ပေးရေးကိုလည်း KIA ဘက်က ထပ်မံ ဆွေးနွေးကြောင်း ဦးစန်းအောင်က ပြောသည်။
“ပစ်ခတ် တိုက်ခိုက်မှုတွေ မလုပ်ရဆိုတဲ့ အမိန့်ကို နှစ်ဖက်တပ်တွေကို ကြေညာပြီရင် အစိုးရဘက်က အဲဒီတပ်တွေကို အကုန်ရုပ်ပေးမယ်။ အဲဒီနောက်မှာ နိုင်ငံရေး တောက်လျှောက် ဆွေးနွေးသွားမယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။
KIA ခေါင်းဆောင်များက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ကချင်ပြည်နယ် ဗန်မော်မြို့နယ်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ယခု အစိုးရကိုယ်စားလှယ်များဘက်မှ တင်ပြချက်များကို KIA ဗဟို ဌာနချုပ်တွင် ပြန်လည် တင်ပြပြီးနောက်ပိုင်းမှသာ တွေ့ဆုံမည်ဖြစ်ကြောင်း ဦးစိန်းဆောင်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်း အနေနှင့် KIA ခေါင်းဆောင်များကို တတိယအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်းနှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် ခန့်မှန်းခြေ ၇၅၀၀၀ ခန့်ရှိကြောင်း မကြာသေးခင်က ထုတ်ပြန်သော လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်
တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်
by ဖနိဒါ
ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“စစ်တပ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတယ်။ တပ်ရုပ်သိမ်းဖို့ ကျနော်တို့တပ်နဲ့ သူတို့ တပ်တွေ ဘယ်မှာ ဘယ်လိုတွေ့ကြ မယ်။ ဦးအောင်မင်းက အထက်လူကြီးတွေနဲ့ တင်ပြထားတဲ့ အကြောင်းတွေ။ မြေပုံက ဘယ်လို system သုံးတယ်။ သူတို့သုံးတဲ့ မြေပုံနဲ့ ကျနော်တို့ ဘယ်မြေပုံ ညှိပြီး ဘယ်နေရာမှာ ဘယ်လို ရွှေ့မယ်ဆိုတာ ထပ်ဆွေးနွေးကြမယ်” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က မဇ္ဈိမကို ပြောသည်။
အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် ဇွန်လ ၁ ရက် ဆွေးနွေးပွဲအတွင် KIO ဘက်မှ တောင်းဆိုချက် အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူပြီး တချို့အား ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
“ကျနော်တို့ တင်ပြလိုက်တဲ့ တပ်တွေကို တချို့ သဘောတူတယ်။ သူတို့ ကာ/ချုပ် မှာလိုက်တဲ့ စကား။ တချို့က ဆွေးနွေးဖို့ လိုသေးတယ်။ ဒါကြောင့် တပ်အချင်းချင်းတွေ့ဖို့ မြေပုံညွန်ပြဖို့ လိုလာပြီ” ဟု ပြောသည်။
ထို့ပြင် KIO ဘက်မှ တပ်ကိစ္စများကို ပြည့်ပြည့်စုံစုံ တင်ပြပေးသည့်အတွက် သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်ကြောင်း စကားပါးလိုက်သည်ဟုလည်း ပြောသည်။
နောက်တကြိမ် တွေ့ဆုံသည့်အခါတွင် အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)တို့မှ တာဝန်ရှိသူများ တက်ရောက် လာနိုင်မည်ဟု သူက ဆိုသည်။
ဝန်ကြီး ဦးအောင်မင်းတို့နှင့် KIO ကိုယ်စားလှယ်များ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေစဉ်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မုန်ဂိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က ပြောသည်။
အစိုးရ ကိုယ်စားလှယ်များနှင့် KIO ခေါင်ဆောင်းများ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် တိုးတက်မှု ရှိသည်ဟု ရှုမြင်ကြောင်း အကျိုးဆောင် ဦးလှမောင်ရွှေက သုံးသပ်ပြောဆိုသည်။
မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ
မြစ်ကြီးနားရှိတရုတ်လူမျိုးများ ကချင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ ကျော်ကူညီ
မြစ်ကြီးနားမြို့ပေါ်ရှိ တရုတ်လူမျိုးများမှ ကချင်စစ်ဘေးသင့်ဒုက္ခသည်များအတွက် ဇွန်လ ၁၈ ယမန်နေ့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး KBC သို့ ကျပ်ငွေ သိန်း ၂၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့သည်။
news image
ထိုလှူဒါန်းငွေများသည် မြစ်ကြီးနားမြို့ရှိ တရုတ်အိမ်ထောင်စုများနှင့် တရုတ်ကျောင်းသူကျောင်းသားများမှ စုပေါင်းကာပေးလှူခြင်း ဖြစ်ကြောင်းသိရသည်။
တရုတ်အိမ်ထောင်စုများထံမှ ကောက်ခံ ရရှိသော ကျပ်ငွေ သိန်း နှစ်ရာ့တစ်ဆယ်( ၂၁,၀၀၀,၀၀၀)နှင့် တရုတ်အထက်တန်းကျောင်းသူကျောင်းသား များထံမှ ကောက်ခံရရှိသော ကျပ်ငွေ လေးသိန်းခုနှစ်သောင်း (၄၇၀,၀၀၀)ကို လက်ခံရရှိခဲ့ကြောင်း KBC အတွင်းရေးမှူး ဆရာခလမ်ဆမ်ဆွန်ပြောသည်။
“သူတို့ပြောတာက ကချင်လူမျိုးတွေ တိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခရောက်နေတာလည်း တစ်နှစ်ရှိပြီ ဒါပေမဲ့ အခုချိန်ထိ ကျွန်နော်တို့ တရုတ်လူမျိုးတွေလာရောက်ပါဝင်ကူညီတာ မရှိဘူး။ အဲဒါကြောင့် စိတ်မကောင်းဘူး အဲဒါကြောင့် လာရောက်ကူညီတာဟုတ်တယ် လို့ပြောတယ်” ဟု ဆရာခလမ်ဆမ်ဆွန် ကချင်သတင်းဌာနသို့ပြောသည်။
တရုတ်အမျိုးသားများမှ ယခုလိုကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရကြား ဖြစ်ပွားနေသောတိုက်ပွဲကြောင့် အိုး၊ အိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များအတွက် ကူညီပေးခဲ့ခြင်းသည် ပထမအကြိမ်လည်း ဖြစ်ကြောင်း KBC ဆရာများမှသိရသည်။
၎င်းထောက်ပံ့ငွေများကို သက်ဆိုင်ရာ တရုတ်လူကြီး ၂၇ ယောက်တို့က မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ရုံး KBC သို့ ယမန်နေ့က လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့လှူဒါန်းသော ထောက်ပံ့ငွေများကို KBC မှ ယခုချိန်လိုအပ်နေသော ပညာရေးနှင့်ပတ်သက်ပြီး အခက်အခဲရှိနေသော ဒုက္ခသည်များသို့ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ဇူလိုင်လတွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းစီရင်စုအာဏာပိုင်များက ယွမ်ငွေ တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅၆၂၅) ခန့်တန်ဖိုးရှိ ဆေးဝါးများကို တရုတ်နယ်စပ်ရှိ ကချင်ဒုက္ခသည်များအ တွက် ကူညီထောက်ပံ့ပေးခဲ့သည်။
ဇွန် ၉ ရက်မှစတင်ခဲ့သည့် အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ပြည်တွင်းစစ်ကြောင့် အစိုးရထိန်းချုပ် နယ်မြေ ၀ိုင်းမော်၊ မြစ်ကြီးနား၊ ဗန်မော်မြို့တို့တွင် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ ၂ သောင်း ခန့်ရှိပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ဒုက္ခသည်ကြည့်ရှုစောင့်ရှောက်နေသူများပြောသည်။








Lachid Kachin ဖေ့ဘုတ်မှ

ထိုးစစ်ဆင်တိုက်ခိုက်မှု (၁)နှစ်ပြည့်ချိန် ကချင်ဒေသအနှံ့ တိုက်ပွဲဆက်ဖြစ်

*************************************************
KIA,Ginra,Ni Hta Gasat Poi Byin Nga
######################
ဇွန်လ(၈)ရက်နေ့တွင် KIA တပ်မဟာ(၁)ဒေသ လော့ခေါင် တ၀ိုက် ခလရ(၂၃၆)၊ ခမရ(၄၃၇)တို့နှင့် KIA တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံး၊ (၂)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။ ယင်းဒေသသို့ ခလရ(၇၄) က တပ်ကူအဖြင့် ရောက်ရှိလာကြောင်း သိရှိရသည်။

ယင်းနေ့မှာပင် KIA တပ်မဟာ(၄)ဒေသ၊ နမ်ဂွတ်၊ နောင်ဆီ တ၀ိုက်တွင် အစိုးရစစ်တပ်(တပ်ရင်းအမှတ် စုံစမ်းဆဲ)နှင့် KIA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်သား (၄)ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

KIA တပ်မဟာ(၅)ဒေသ၊ ဘွမ်ဆောမ်နှင့် ဒေါ့ဖုန်းယန် ကြား၊ အင်ဒူကောင် တွင် ခမရ(၃၈၈)တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်သား (၅)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။

KIA တပ်မဟာ(၂)ဒေသ၊ ကားမိုင်းမြို့နယ်၊ နမ်ရှန်အနီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့နှင့် KIA တပ်ရင်းအမှတ်(၆)တပ်ဖွဲ့တို့ ဇွန်လ(၆)ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့ (၂)ဦးသေ၊ (၂)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။

KIA တပ်မဟာ(၃)လက်အောက်ခံ၊ တပ်ရင်းအမှတ်(၁) တပ်ဖွဲ့ဝင်များနှင့် အစိုးရစစ်တပ် (တပ်ရင်း အမှတ် စုံစမ်းဆဲ)တို့ ကိုင်ထိတ်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့မှ ထိခိုက်ဒါဏ်ရရှိသူ များကြောင်း သတင်းရရှိသည်။

ကချင်ဒေသအနှံ့တွင် အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်သည်မှာ အချိန်(၁)နှစ်ပြည့်သွားပြီ ဖြစ်ပြီး ဒေသအနှံ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။


— with Ja Brang and 19 others.


KIA,(၁၀၁)အထူးနည်းဗျုဟာတပ်နှင့် တိုက်ပွဲဖြစ်
*********************************

KIA,(101)Zai Ladat Hpung Ni Gap, Myen (6)si,(6)hkala

#################################
KIA,တပ်မဟာ(၁)ဒေသ၊ ခဂရမ်းယန် အထက် လဂျာဘွမ်ရွာ ထိပ်လမ်းဆုံတွင်
(၁၁.၆.၂၀၁၂)ရက်နေ့တွင် အမှတ်(၁၀၁)KIA,အထူးနည်းဗျုဟာ တပ်ဖွဲ့နှင့် မြန်မာ
အစိုးရ စစ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားရာ မြန်မာ အစိုးရ စစ်တပ် ဘက်မှ
(၆)ဦးသေ၊(၆)ဦးဒဏ်ရာရရှိကြောင်း KIA ရှေ့တန်းသတင်းရပ်ကွက် မှ သတင်း
ရရှိပါသည်။

Wunpawng Mungdan Shanglawt Asuya, Hpyen Dap KIA, Dap Ba (1)Ginra,
Hka Garan Yang,la hta Laja Bum mare baw, lam num she kaw,2012ning,
June,(11)ya sha ni KIA, Dap Ba (1)npu na Masat (101) zai ladat hpung ni hte
Myen tai hpyen hpung ni laja lana gap gasat hkat ai hta Myen hpyen dap
maga de na marai (6)si hkrum nna, marai (6)hkala hkrum ai lam KIA, shawng
lam shiga lawk kaw na chye lu ai.
— with Ja Brang and 23 others.

KIA,တပ်မဟာ(၄)ဒေသ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်
###############################

Lahta Sam Mung KIA,Dap Ba (4)Ginra Hta Gasat Poi Byin

*******************************************
ဇွန်လ(၅)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ မုန်းပါးဒေသ၊ ကောင်းလိန်ကျေးရွာ တ၀ိုက်တွင် ခလရ(၆၉)တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့ (၄)ဦး ကျဆုံး၊ (၁၂)ဦး ဒါဏ်ရာရသွားကြောင်း သိရှိရသည်။ ခလရ(၆၉) ဒုတိယတပ်ရင်းမှူး လည်း ဒါဏ်ရာပြင်းထန်စွာရရှိကာ ဒေသခံများပြောဆိုမှုအရ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းနေ့မှာပင် ပန်ကနိုင်းကျေးရွာတွင် အခြေချသော အစိုးရတပ်ဖွဲ့(တပ်ရင်းအမှတ် စုံစမ်းဆဲ)နှင့် KIA တပ်ရင်း(၈)တို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့(၅)ဦး ကျဆုံးပြီး၊ အများအပြားဒါဏ်ရာရရှိသွား ကြောင်း သိရှိရသည်။

ဇွန်လ(၅)ရက်တွင် မူဆယ်မြို့နယ်၊ ဒုန်ခန်းကျေးရွာအနီးတွင် ခလရ(၁၂၃)တပ်ဖွဲ့ကို KIA တပ်ဖွဲ့မှ မိုင်းဖြင့်တိုက်ခိုက်ရာ ခလရ(၁၂၃)တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး၊ (၈)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရှိသည်။

ဇွန်လ(၆)ရက်နေ့တွင်လည်း ခလရ(၁၂၃)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃၆)တို့သည် နမ်တောနှင့် မုန်းဘော် ကြား၊ ပန်ခန်းအနီး ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရစစ်တပ်စစ်ကြောင်းများ စစ်ရေးလှုပ်ရှားမှု များလာသောကြောင့် ရင်ဆိုင်တိုက်ပွဲများလာခြင်း ဖြစ်သည်။

2012ning,June(5)ya shani,Lahta Sam Mung, KIA,Dap Ba(4)ginra, Sin Li gin wang, Mung Pa hte Kawng Ling mare grupyin Myen hpyen dap (Hk.L.Y-69)dap hte KIA Myutsaw hpyen hpung ni gasat poi byin ai hta Myen hpyen dap maga de na (4)si nna,marai (12) hkala hkrum ai lam chye lu ai. Myen hpyen dap maga de na (Hk.L.Y-69) Tau Dap Up mung Hkala hkrum ai lam matut nna shiga na chye lu ai.

-(5.6.2012)ya shani KIA,Dap Dung (8)ginra, Pan Da Nai mare hta Myen hpyen hpung i hte,Dung (8)na KIA myutsaw hpyen hpung ni gasat poi byin lai wa ai hta Myen hpyen dap maga de na marai (5)si hkrum ai lam chye lu ai.

-(5.6.2012)ya shani KIA,Dap Dung (9)ginra, Muse-Lashio lam ntsa (105)mile makau, Dung Hkan mare makau kaw Myen hpyen dap (Hk.L.Y-123)dap hpe KIA,Dung (9)na Myutsaw hpyen hpung ni BAWM hte hkap gasat ai hta Myen hpyen dap magade na marai (2)si, (8)hkala hkrum ai lam shiga na chye lu ai.

-(6.6.2012)ya shani,Lahta Sam Mung KIA, Dap Ba(4)npu, Dap Dung (36)ginra, Nam Tau hte Mung Baw Lapran Bang Hkam mare kaw Myen hpyen dap (Hk.L.Y-123)dap
hte KIA, Dung (36)ni gasat poi byin ai lam shiga nachye lu ai. Ya ten Lahta Sam Mung KIA,Dap Ba (4)ginra ni de Myen Asuya Hpyen dap ni shamu shamawt ai lam ni law wa ai majaw majan ni grau sawng wa ai lam hpe mung matut chye lu ai.
(source-Myitkyina)

No comments: