Friday, April 6, 2012
                  မြစ်ကြီးနား သင်္ကြန် စည်ကားအောင်ကြိုးပမ်း
                        မြစ်ကြီးနားမြို့အတွင်း၊ မဏ္ဍပ်၁၂ခု
ဝန်ကြီးဌာန = ၉ခု
ကုမ္မဏီ     = ၃ခု(ထူး၊asiaworld၊NDAK) ၅ရပ်ကွက်ကိုယိမ်းအဖွဲ့တဖွဲ့၊ မထွက်နိုင်တဲ့ရပ်ကွက်မှငွေထဲ့ဝင်
မြစ်ကြီးနား မြို့ရွှေပြည်သာမြို့သစ် တွင်း စက်မူအထက်တန်းကျောင်းဖွင့်လှစ်မည် ဆို၍နကိုနေပြည်သူအိမထောင်စု၅၀ကျော် အနိုင်ကျင့်ခံရ 
ကချင်ပြည်နယ်ဝန်ကြီးချူပ်လမ်းညွှန်ချက် မီးသတ်ကား၊ရေကန်
                      မြစ်ကြီးနားမြို့တွင်း
တာလောကြီး၊ နှောင်းရင်းဟိုင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်မှစုဆောင်းရေးခေါ်
                                                                                                                                       မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာတောင်ဘက် နှောင်းရင်းဟိုင်တွင်လွန်ခဲ့တဲ့ငါးရက်ခန့်က တောင်သူအလုပ်သမား၁၀ဦးအား
အဓမစုဆောင်းရေးခေါ်ဆောင်သွားကြောင်း၊သိရ။ခေါ်ဆောင်သောအဖွဲ့မှာကုလားဘရန်ရှောင်အဖွဲ့ဟုပြော
မြစ်ဆုံ စီမံကိန်း ပြန်စမည်ကို စိုးရိမ်နေ
by လင်းသန့်
ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံဒေသတွင် သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း လုပ် ငန်းများ ပြန်လည်စတင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများနှင့် မြစ်ဆုံအရေး စောင့်ကြည့်သူများက ပြောဆိုကြသည်။
“တရုတ် CPI ကုမ္ပဏီက လူတွေက ရွာတွေထဲမှာ တအိမ်ဝင် တအိမ်ထွက်လိုက်စည်းရုံးတယ်။ ခင်ဗျားတို့က ဒီ ရေကာတာကို ဘာဖြစ်လို့ကန့်ကွက်တာလဲပေါ့။ မြစ်ဆုံရေကာတာ ဆောက်ရင် မင်းတို့ မီးတွေလည်း ရမယ်။ အလုပ်တွေ လည်းရမယ်၊ အဲဒီလို လိုက်ဆွယ်နေတယ်”ဟု ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီဝင် ဒေါ်ဘောက်ဂျာက ဧရာဝတီကိုပြောသည်။
တရုတ်နိုင်ငံ သတင်းများတွင်လည်း CPI ကုမ္ပဏီက စီမံကိန်းများ ပြန်လည် စတင်ရန်အတွက် မျှော်လင့်နေကြောင်း ဖော်ပြ သည်ကို သိရကြောင်း၊ ညဘက်တွင် စက်ယန္တရားများ၏ မြေတူးသံများကို ကြားရသည်ကို ဒေသခံများက ပြောကြောင်း၊ စီမံ ကိန်း ဆိုင်းငံ့လိုက်ပြီးနောက် ဒေသခံများက ပြန်လည် အခြေချ နေထိုင်မှုကိုလည်း အာဏာပိုင်များက နှင်ထုတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် စစ်တပ်က မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် အပြစ်မဲ့ ပြည်သူတချို့အား အကြောင်းမဲ့ ၀င်ရောက်ပစ်ခတ်၊ ဖမ်းဆီး ခေါ် ဆောင်သွားခြင်းများရှိကြောင်း၊ မကြာခင်က တန်ဖဲရွာအနီးပတ်ဝန်းကျင်က ခရစ်ယာန် ဘုရားကျောင်း တချို့ကို ဖျက်ဆီးခြင်း၊ တရားဟော ဆရာကို ရိုက်နှက်ခြင်းနှင့် သာသနာပြု ခရစ်ယာန် မယ်သီလရှင် တချို့ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားခြင်းတို့ကြောင့် မြစ်ဆုံဒေသခံ ရွာသူ၊ ရွာသာများက ကြောက်ရွံ့မှုများဖြစ်နေကြောင်း သူက ဆိုသည်။
စီမံကိန်းအပြင်ဘက် အေးရှားဝေါလ် ကုမ္ပဏီ၏ လုံခြုံရေး တာဝန်ကျသူများ ကမူ တရုတ်ကုမ္ပဏီက ပြန်စတင်မည်ဆိုသည်မှာ မမှန်ကန်ကြောင်း၊ စီမံကိန်း ပစ္စည်းများ ပြန်လည်သိမ်းဆည်းနေဟု ပြောကြောင်း၊ CPI ကုမ္ပဏီမှ တရုတ်လုံခြံရေး အစောင့်များ ချထားသည့် နေရာသို့သွားခွင့်မရှိ၍ အတိအကျ မသိရကြောင်း အမည်မဖော်လိုသူ တန်ဖဲရွာဒေသခံတဦးက ဧရာဝတီကို ပြော သည်။
မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် တရုတ် ကုမ္ပဏီ က တောင်းဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ဘလော့ အပါအ၀င် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများတွင်လည်း ပျံ့နှံ့နေသည်။ ဒီမိုဝေယံ ဘလော့တွင် စီမံကိန်း ပြန်လည် စတင်ရန် ၀န်ထမ်း ၅၀၀ နှင့် ပစ္စည်းများ ကန်ပိုက်တီးနယ်စပ် က ဖြတ်သန်းရေး အစီအစဉ်ကို ဖော်ပြထားသည်။ သို့သော် ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
CPI ဥက္ကဌကလည်း မြန်မာအစိုးရ တာဝန်ရှိသူများကို စီမံကိန်းများ ပြန်လည်စတင်ရန် ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန် ပိုင်းမှ စတင်၍ တိုက်တွန်းမှုများ ပြုလုပ်နေကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
ပြည်တွင်း စာစောင်များတွင်လည်း တရုတ်နိုင်ငံ China Daily သတင်းစာပါ CPI ကုမ္ပဏီက မြစ်ဆုံဆည်စီမံကိန်း ပြန်လည် လုပ်ခွင့်ရရန် မျှော်လင့်နေသည်ဆိုသည့် သတင်းများ အကျယ်တ၀ံ့ ဖော်ပြလာနေကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသည့် ရန်ကုန်မြို့က စာရေးဆရာမ ဒေါ်ဒေ၀ီသန့်စင်က ဧရာဝတီကို ပြောသည်။
“ဧရာဝတီဟာ တရုတ်နဲ့ ဆောက်မှ မဟုတ်ဘူး။ မြစ်ဆုံကိစ္စဟာ။ ဘယ်နိုင်ငံနဲ့ပဲ ဖြစ်ဖြစ်၊ ဥပမာ ရုရှားနဲ့ဖြစ်ဖြစ်၊ ဂျပန် ပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ်ပေါ့။ လာဆောက်မယ်။ မြန်မာပြည်ကြီးကို၂၄ နာရီ မီးလင်းအောင် လုပ်ပေးမယ်။ ဒီအပြင် သူတို့က ပြန် မယူဘူးဆိုတာတောင်မှ လက်ခံဖို့ မသင့်ဘူးလို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
သဘာဝ ပတ်ဝန်းကျင်အရေး ဦးဆောင်သူ တဦးဖြစ်သည့် ဦးအုန်းကလည်း မြစ်ဆုံ စီမံကိန်းအပါအ၀င် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည့် ကိစ္စမှန်သမျှကို ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရကို အတိုက်အခံ လုပ်နေခြင်း မဟုတ်ကြောင်း၊ လုပ်သင့်တာ လုပ်ရန် ပြောဆိုထောက်ပြခြင်းသာဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ကတော့ မြစ်ဆုံ စီမံကိန်းကို မလုပ်ဖို့၊ ရပ်ဖို့ အစွမ်းကုန် ကျနော်တို့ ကြိုးစားတယ်။ ကြိုးစားပြီးတော့ နိုင်ငံ တော် အစိုးရကိုလည်း ကျနော်တို့က လိုအပ်သလို တောင်းဆိုမှာပေါ့”ဟု သူက ဆိုသည်။
မကြာမီက ကျင်းပခဲ့သည့် မြစ်ဆုံ ၆ လပြည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်ပြီး အစိုးရ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးသိန်းလွင်က သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ ထိမ်းသိမ်းရေး အချက်အလက်များကို သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမည်ဟု ပြောခဲ့သည်ဟုလည်းဦးအုန်း က ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ိုင်းမော် မြို့နယ်အစရှိသည့် မြစ်ဆုံဒေသတွင် တရုတ်အစိုးရပိုင် China Power Industry (CPI) က အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီးမြုပ်နှံပြီး အေးရှားဝါးလ် ကုမ္ပဏီက ဆောက်လုပ်ရေး တာဝန်ယူ တည် ဆောက်သည့် ရေအားလျှပ်စစ်အတွက် ဆည် ၈ ဆည် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်း ထား မည် ဖြစ်ကြောင်း သမ္မတ အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စဖို့ပြင်နေပြီလား …
တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့အတွက် လူနှင့်စက်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့နိုင်ရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့အကြောင်းကြားထားတဲ့ စာအမှတ် – ၂၀၁၂/ ထခ/ ၀၀၈၊ ရက်စွဲ – ၂၀၁၂၊ မတ်လ (၂၈) ရက်နေ့ရက်စွဲပါ စာတစောင်ဟာ အွန်လိုင်း ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ (၃၀) ရက်နေ့က အများပြည်သူရဲ့ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း မတ်လဆန်းမှစတင်ပြီး တရုတ်အင်ဂျင်နီယာများ ပြန်လည်ရောက် ရှိနေတဲ့သတင်းကိုလည်း သဲ့သဲ့ကြားနေရပြန်ပါတယ်။
မြန်မာပြည်သူလူထုအတွက်လည်း အကျိုးအမြတ်ရလဒ်မရှိ၊ ဒေသတွင်းနေထိုင်သူ ပြည်သူများခမျာလည်း အိုးမဲ့အိမ်မဲ့ဘ၀ဖြစ်၊ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်ဆီးဆုံးရှုံးစေနိုင်တဲ့ ဒီမြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရသက်တမ်းမှာ ပြည်သူ့ဆန္ဒနဲ့အညီရပ်ဆိုင်းထားပြီဟုဆို သော်လည်း ထာဝစဉ်ရပ်ဆိုင်းထားခြင်းမဟုတ်သည့်အတွက် ဧရာဝတီအရေးအတွက် တဖန်သွေးနီးဖို့ လိုအပ်လာပီဟုပင် ဆိုရမည်။
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဆည် ပြန်စဖို့ CPI စီစဉ်နေ
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း အမှန်တကယ်ရပ်ဆိုင်းသွားခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေသည့်အထောက်အထားများ မြင်တွေ့နေရသည်ဟု သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ လှုံ့ဆော်သူများ ပြောသည်။
news image
CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော လုပ်ငန်းတာဝန်ခံ၊ လမ်းအင်ဂျင်နီယာနှင့် လုပ်သားစုစုပေါင်း (၅၀၀) ဦးအား ယာယီနေထိုင်ခွင့်ကဒ်ပြား (Yellow Card) ထုတ်ပေးရန် ဟူ၍ မြန်မာဘာသာဖြင့် မတ်လ ၂၈ ရက်စွဲနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လိပ်မူထားပြီး ထိန်ချုံး-မြစ်ကြီးနားလမ်း ဆက်ဆံရေးရုံးတာဝန်ခံက တရုတ်ဘာသာဖြင့် ၎င်း၏ လက်မှတ်ရေးထိုးထားသည့်စာကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က ထုတ်ဖော် လိုက်သည်။
တဆက်တည်းတွင် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော ဒီဇယ်ဆီ တန်(၁၀၀၀)၊ ဓါတ်ဆီ တန် (၂၀၀)၊ ဘိလပ်မြေ တန် (၁၀၀၀၀)၊ မြေတူးစက် (၅) စီး၊ မြေကော်စက် (၆) စီး၊ မြေစာတင်ယာဉ် (၈) စီး၊ လူစီးမော်တော်ကား (၂၀) စီး၊ အခြားလုပ်ငန်းခွင်သုံးစက်ယန္တရားများနှင့်အတူ စားနပ်ရိက္ခာအသုံးအဆောင်ပစ္စည်းများကို ကန်ပိုက်တီနယ်စပ်ဂိတ်မှ အခွန်ကင်းလွတ်ခွင့်ဖြင့် ၀င်ရောက်လိုကြောင်း ဆိုထားသည်။
ယခုစာကြောင့် ယခင်နှစ် စက်တင်ဘာလ ၃၀ ရက်က သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းတွင် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရွှေ့ဆိုင်းမှုမှာ မှန်ကန်မှုမရှိကြောင်း ခိုင်မာသည့်သက်သေ အထောက်အထား ဖြစ်သည်ဟု ဆိုသည်။
CPI က ဒီစီမံကိန်းကို ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ အခု သူတို့ နောက်ထပ် စက်ယန္တရားတွေနဲ့ အလုပ်သမားတွေ ထပ်ခေါ်နေတယ်။ ဟု KNDG မှ မအားနန်က ဧပြီ ၃ ရက် အင်္ဂါနေ့က ၎င်းတို့၏ကြေညာချက်တွင်ဆိုသည်။
ဆက်လက်၍ "မြစ်ဆုံရေကာတာ တကယ်ရပ်တယ်ဆိုရင် အစိုးရက နောက်ထပ်အလုပ်သမားသစ်တွေ ၀င်ခွင့်မပြုရဘူး။ ကျန်နေသေးတဲ့ အလုပ်သမားတွေကိုပါ တရုတ်ပြည်ပြန်ပို့ရမယ်။" ဟုဆိုသည်။
သမ္မတဦးသိန်းစိန်က ၎င်းစီမံကိန်းကိုရွှေ့ဆိုင်းပြီးနောက် လအတန်ကြာသည်အထိ ထိုစီမံကိန်းဒေသအတွင်း တရုတ်အလုပ်သမား ၂၀၀ ရှိနေဆဲဖြစ်သည်ဟု လတ်တလော ထုတ်ဝေသည့် Bloomberg BussinessWeek ၏ တရုတ်ဘာသာအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်က စီမံကိန်းရွှေ့ဆိုင်းထားသော်လည်း ယင်းအတွက် မောင်းထုတ်ခံရသည့် ကျေးရွာ ၅ ခုက ဒေသခံ ၂၀၀၀ ကျော်ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ နေရပ်သို့ ပြန်လည်နေထိုင်ခွင့်မရှိပါ။
ယခင်လက မြန်မာစစ်သားများ တန်ဖဲကျေးရွာသို့ရောက်ရှိလာသည်။ ၎င်းတို့မှာ စီမံကိန်းရွှေ့ဆိုင်းလိုက်ပြီး နောက် တန်ဖဲကျေးရွာသို့ ပြန်လည်နေထိုင်လာကြသော ဒေသခံများကို အတင်းအဓမ္မမောင်းထုတ်ရန် အတွက်ဖြစ်သည်ဟု သိရသည်။
ပေ ၅၀၀ အမြင့်ရှိလာမည့် ဧရာဝတီမြစ်ဆုံရေကာတာသည် CPI ကုမ္ပဏီက မေခနှင့် မလိခမြစ်များပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအနက် အကြီးဆုံးဖြစ်သည်။
ထိုစီမံကိန်းများကြောင့် ရေ၀ပ်ဧရိယာသည် စင်္ကာပူနိုင်ငံအကျယ်အ၀န်းထက် ကြီးမား၍ လူသန်းပေါင်းများစွာကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ဆန်အိုးကြီးတည်ရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုပါ ရိုက်ခတ်နိုင်သည်ဟု ရေကာတာတည်ဆောက်မှု ဆန့်ကျင်သူများက ဝေဖန်ထားသည်။
ထိုစီမံကိန်း ၇ ခုမှ ထွက်လာမည့် လျှပ်စစ်ဓါတ်အားသည် Three Gorges Dam ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် တူညီမှုရှိမည်ဖြစ်ပြီး ၎င်းတို့အား CPI ကုမ္ပဏီက မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အေးရှားလ်ဝေါလ်ကုမ္ပဏီတို့နှင့် ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။
အေးရှားလ်ဝေါလ်ကုမ္ပဏီအား ဘိန်းဘုရင် လောစစ်ဟန်နှင့် သူ့၏သား ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော တို့ ပူးပေါင်းပိုင်ဆိုင်ပါသည်။ ၎င်းတို့သားအဖအား မူးယစ်ရာဇာ၊ ငွေကြေးခ၀ါချသူများအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ထားသည်။
မြစ်ဆုံနဲ့​ ပတ်သက်တဲ့​စာ မဟုတ်မမှန် လုပ်ကြံမှုဟုဆို
မြစ်ဆုံနဲ့​ ပတ်သက်တဲ့​စာ မဟုတ်မမှန် လုပ်ကြံမှုဟုဆို
by ​အေး​နိုင်
မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ ပြန်စတင်ဖို့​ လူ ၅၀၀ ကို ဝင်ခွင့်​ပေး​ဖို့​နဲ့​ လိုအပ်တဲ့​ယန္တရား​ ပစ္စည်း​တွေ ခွင့်​ပြုဖို့​ တရုတ်ကုမ္ပဏီတာဝန်ရှိသူက ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ထံ လိပ်မူ​ရေး​ သား​တယ်ဆိုတဲ့​ အင်တာနက်​တွေ​ပေါ်မှာ ပံျ့​နှံ့​တဲ့​စာဟာ မဟုတ်မမှန် လုပ်ကြံချက်ဖြစ်တယ်လို့​ ကချင်ပြည်နယ်အစိုး​ရအဖွဲ့​ရုံး​က တုံ့​ပြန်လိုက်ပါတယ်။
အဲဒီစာမှာ CPI ကုမ္ပဏီလက်​အောက်ခံ ထိန်ချုံး​-မြစ်ကြီး​နား​လမ်း​ ဆက်ဆံ​ရေး​ရုံး​ တာဝန်ခံက မြစ်ဆုံစီမံကိန်း​ပြန်စဖို့​အတွက် လုပ်ငန်း​တာဝန်ခံ၊​ လမ်း​အင်ဂျင်နီယာနဲ့​ အလုပ်သမား​ စုစု​ပေါင်း​အ​ယောက် ၅၀၀ ကို ယာယီ​နေထိုင်ခွင့်​ ကဒ်ပြား​များ​ ထုတ်​ပေး​ဖို့​၊​ ဒီဇယ်ဆီ တန် ၁၀၀၀၊​ ဓာတ်ဆီ တန် ၂၀၀၊​ ဘိလပ်​မြေ တန် ၁၀၀၀၀၊​ ​မြေတူး​စက် ၅ စီး​၊​ ​မြေ​ကော်စက် ၆ စီး​၊​ လူစီး​မော် ​တော်ကား​ အစီး​ ၂၀ နဲ့​ တြခား​ လူသုံး​ကုန်ပစ္စည်း​တွေ သယ်ယူခွင့်​ပြုပါရန် ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ထံ ​တောင်း​ဆို​ကြောင်း​ ​ရေး​သား​ထား​ပါတယ်။
ဒီစာနဲ့​ပတ်သက်လို့​ ကချင်ပြည်နယ်အစိုး​ရရုံး​ တာဝန်ရှိသူတဦး​ကို ဒီဗွီဘီက ဆက်သွယ် ​မေး​မြန်း​ ရာမှာ မဟုတ်မမှန် လုပ်ကြံတာသာ ဖြစ်တယ်လို့​ ​ဖြေပါတယ်။
စာအတုဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး ငြင်းဆို
စာအတုဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံး ငြင်းဆို
မြစ်ဆုံစီမံကိန်း ပြန်စဖို့ဆိုတဲ့ စာဟာအတုဖြစ်တယ်လို့ ကချင်ပြည်နယ် ၀န်ကြီးချုပ် အစိုးရအဖွဲ့ရုံးက ပြောဆိုပါတယ်။
news image
ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မတ်လ ၂၈ ရက် နေ့စွဲနဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ CPI ကုမ္ပဏီ ထိန်ချုံး မြစ်ကြီးနားရုံးက ပြည်နယ်ဝန်ကြီးချုပ်ရုံးကို ပေးပို့တဲ့ စာတစ်စောင် အင်တာနက်မှာ ပျံ့နှံ့နေတာကြောင့် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က မြစ်ကြီးနားမြို့ ၀န်ကြီးချုပ်ရုံးကို မေးမြန်းရာမှာ ၀န်ကြီးချုပ် လဂျွန်နိုင်ဆိုင်း ရဲ့ကိုယ်ရေးအရာရှိက ဒီစာဟာ CPI ရုံးက ပေးပို့တဲ့ စာတစ်စောင် အပေါ်မှာ ဖြည့်စွက်ပြီး အတုဖန်တီးထားတဲ့စာ ဖြစ်တယ်လို့ ပြောပါတယ်။
CPI ရဲ့ ပေးပို့တဲ့ စာဟာ မြစ်ကြီးနားနဲ့ ကန်ပိုက်တီ လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ပေးပို့တဲ့ စာဖြစ်တယ်လို့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ မြစ်ဆုံစီမံကိန်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
end faq
မိတ်ဆွေတို့ရေ......................................သတင်းထူးခြားရင်းးးးးးးးးးး  kachinstate.new@gmail.comမေးပို့ပါပြောပါတိုက်ရိုက်ပြောပါ။
No comments: